အမေရိကန် ပြည်ထောင်စုတွင် တိုယိုတာ ကားကုမ္ပဏီမှ လျှပ်စစ်ကား ထုတ်မည်

Wednesday, May 9, 20120 မှတ်ချက်များ

တိုယိုတာ ကားကုမ္ပဏီဟာ အခု ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ လျှပ်စစ်ကား

အမျိုးအစားသစ်တစ်ခု ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုယိုတာ ကုမ္ပဏီထုတ် RAV4 အားကစားသုံး လျှပ်စစ်ကားဟာ ၆နာရီကြာ ဘက်ထရီ အားသွင်းထားရုံနဲ့ ခရီး အကွာအဝေး ၁၆၀ကီလိုမီတာအထိ မောင်းနှင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ လျှပ်စစ်ကားကို အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ ပူးပေါင်းထုတ်လုပ်မှာ ဖြစ်ပြီး Tesla ကုမ္ပဏီရဲ့ မော်တာနဲ့ လစ်သီယံ အိုင်းယွန်း ဘက်ထရီတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ တိုယိုတာ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဆိုပါ ကားတွေကို ဈေးနှုန်းအားဖြင့် ဒေါ်လာ ၅၀၀၀၀ အောက်နဲ့ရောင်းချသွားမှာ ဖြစ်ပြီး သုံးနှစ်အတွင်းကား အစီးရေ ၂၆၀၀ရောင်းချနိုင်ဖို့ တိုယိုတာကုမ္ပဏီက မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger