![]() |
ကိုးဆောင်ဘုန်းကြီးကျောင်းဘေး |
![]() |
ရေမလာပုံ |
မန္တလေးတိုင်း မြင်းခြံမြို့ ဘုရားလမ်းနဲ့တကြောတဲ အောက်ဆန်တန်းရပ်ကို
ရေပေးရေးမှ ရေမလာတာ (၁၅) ရက်ရှိပါပြီ (၆-၅-၂၀၁၂)နေ့နောက်ဆုံးလာပါတယ်။
လာခဲ့တဲ့အချိန်တွေကလည်း ည(၁၁)နာရီမှလွှတ်ပေးပါတယ်၊ လွှတ်ချိန်
မိနစ်၃၀ပဲကြာပါတယ်၊ ပေးချိန်အတိအကျ သိခြင်လို့မေးတော့ မီးကိုအကြောင်းပြပါ
တယ်။ မြင်းခြံမြို့ မီးရှိရင် ရေပေးရေးမီးအမြဲလာပါတယ် မြင်းခြံပူပြင်းပုံကလည်း
တော်တော် ပြင်းထန်ပါတယ်၊ ရေကလည်းအမြဲရှိနေမှ မီးရေးကာကွယ်ဖို့အတွက်လို
အပ်ချက်တခုပါ ရေလွတ်ချိန်အတိအကျနဲ့(ဥပမာ၃၊၅ရက်ခြားတစ်ခါ နံနက်၈နာရီ၊
၁၀နာရီနေ့၁နာရီ၂နာရီ)အချိန်ပြောပြီးလွတ်သင့်ပါတယ်။ လကုန် လခတောင်းချိန်
တော့လွှတ်တယ်ဗျာ လခတောင်းခြင်တာကို။
အမှိုက်ကားလည်းမလာတာ ၂၉-၄-၂၀၁၂ နေ့နောက်ဆုံးပါ၊ မလာလို့ ကိုးဆောင်
ဘုန်းကြီးကျောင်းဘေး အမြဲလာသိမ်းတဲ့ ယခုပုံပါနေရာကို သယ်ပြီးပို့ရပါတယ်။
အောက်ဆန်တန်းနဲ့ မိုင်ဝက် လောက်ဝေးပါတယ်၊ မြင်းခြံတစ်မြို့လုံးအမှိုက်သိမ်း
ထွေလာလာတာ ကိုးဆောင်ဘုန်းကြီးကျောင်းဘေး၊ အထက(၁)မြောက်ဘက်နဲ့
မိထ္ထီလာလမ်း(မိန်းလမ်း)တို့ပဲလာပါတယ် သက်ဆိုင်တဲ့သူကို မေးကြည့်တော့
အကြီးပိုင်းကနေ အောက်ပိုင်းအဆင့်ဆင့် ဖြတ်လိုက်တာ(ဥပမာ-ဒီဇယ် (၁)ဂါလံ
ထုတ်ပေးလိုက်ရင်တစ်စိတ်တစိတ်နဲ့ဖြတ်လိုက်တာ တခါတလေ ထော်လာ(အမှိုက်
သိမ်းကား)မောင်းတဲ့လူထံသို့ လုံးဝခွဲတမ်းရောက်မလာပါ။
အမှိုက်အတွက် စည်ပင်ခွန်ကသပ်သပ်ဆောင်ရသလို လုပ်ငန်းရှင် အသေးလေး
တွေကို တရက် ၅၀ိ/နှုန်းကောက်ပါတယ် ကောက်တဲ့နေ့တော့လာတယ် လုပ်ငန်းရှင်
တွေရှေ့မှာပဲရပ်တယ်ခင်ဗျ ကျန်တဲ့လူတွေ(ပြည်သူ)မှာတော့ အပြေးအလွှားလိုက်ပြီး
အမှိုက်ပြစ်ရတာ ဆိုင်ကယ်တိုက်မှု၊ စက်ဘီးနဲ့တိုက်မှုတွေဖြစ်လောက်အောင်ကိုပဲ
ထော်လာဂျီကမြန်ပါတယ် မမှီလိုက်ရင် သူတို့လုပ်ငန်းရှင်တွေထံ ငွေကောက်မဲ့နေ့
ပြန်ဆောင့် အယ်လိုနဲ့ သံသရာလည်နေတာ အမှိုက်အိတ်တွေလည်းပုံနေပြီ ဖြစ်
ကြောင်း မြင်းခြံမြို့ အောက်ဆန်တန်းရပ်က ပြည်သူတွေက Myanmar News Now
ကိုပြောပြပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။