ဧရာဝတီတိုင်းလပွတ္တာမြို့တွင် အိုင်တီနည်းပညာဆွေးနွေးပွဲကျင်းပပြုလုပ်

Monday, May 21, 20120 မှတ်ချက်များ

ဧရာဝတီတိုင်းလပွတ္တာမြို့တွင် လွန်ခဲ့သော 16-5-2012 နေ့က အိုင်တီနည်းပညာဆွေးနွေးပွဲတစ်ခုအား လပွတ္တာမြို့ ITEC ကွန်ပျူတာသင်တန်းကျောင်းမှ ကြီးမှူးပြီးကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအိုင်တီနည်းပညာဆွေးနွေးပွဲသည် လပွတ္တာမြို့အနေနှင့် ပထမဆုံးအကြိမ်အိုင်တီနည်းပညာနှင့်ပါတ်သတ်သော ဆွေးနွေးပွဲဖြစ်ပြီး ကွန်ပျူတာနည်းပညာရပ်ပေါ်တွင်စိတ်ပါဝင်စားကြသော လပွတ္တာမြို့မှ ကျောင်းသားကျောင်းသူ 50 ကျော် နှင့် အိုင်တီနည်းပညာအားစိတ်ပါဝင်စားမှု့ရှိသော မြို့မိမြို့ဖအများအပြားတက်ရောက်ခဲ့ကြကြောင်းသိရှိပါသည်။ ထိုနည်းပညာဟောပြောပွဲတွင် အိုင်တီနည်းပညာအသုံးချမှုနှင့် အိုင်တီနည်းပညာတွင်အရေးအပါဆုံးဖြစ်သော ကွန်ပျူတာအသုံးချမှုဘာသာရပ်များ၊ အွန်လိုင်းအသုံးပြုမှုကြောင့် နည်းပညာပိုင်းဆိုင်ရာလေ့လာမှုများဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာအသုံးချနိုင်မှုအပေါ်တွင် အများဆုံးမှီခိုနေကြောင်းတို့အား ဆွေးနွေးခဲ့ကြပါသည်။ ယခုကဲ့သို့ အိုင်တီနည်းပညာဆွေးနွေးပွဲများကျင်းပပြုလုပ်လာနိုင်ခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပြပုဒ်တစ်ခုပင်ဖြစ်ပါတော့သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger