ပြည်မြို့က ဦးဆောင်ဆန္ဒပြသူ(၆)ဦးအား ပြန်လွှတ်ပေး

Thursday, May 24, 20120 မှတ်ချက်များ

ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးခံခဲ့သော လျှပ်စစ်မီးရရှိရန်ဦးဆောင် တောင်းဆိုသူ(၆)ဦးအား ယနေ့ညနေ(၃း၀၀)နာရီ ၀န်းကျင်ကအာမခံဖြင့်ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်။

ယနေ့နံနက် (၁၁)နာရီ(၃၀)မိနစ်ခန့်က ပြည်မြို့တွင် လျှပ်စစ်မီးရရှိ၇န် ဆန္ဒပြတောင်းဆို၍ ထိမ်းသိမ်းခံခဲ့ရသောသူ (၆)ဦးအား နေ့လည်(၃)နာရီကျော်တွင်ပြည်အာဏာပိုင်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အာမခံချက်ဖြင့် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နေလည်(၃)နာရီလောက်ကဘဲ လွတ်မြောက်လာပါတယ်။ ပြည်ထောင်ထဲက ထောင်မှုးရုံးမှာ ထိုင်နေရတာပါ။ အထဲမှာရိုက်နှက်ခံရတာတွေတော့ မရှိပါဘူး”ဖမ်းဆီးခံခဲ့ရသော HRDPမှ ကိုဇော်ထွန်းက ပြောသည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသော (၆)ဦးအား ထပ်မံ၍ပြုလုပ်မည်ဖြစ်သောလျှပ်စစ်မီးတောင်းဆိုမှုများ ၌ မပါဝင်ရန် ၊
ဆက်လက် ဆောင်ရွက်မှုများတွင် ပါဝင်ပါက ဖမ်းဆီမှုပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူများက ဆိုသည်။

“ကျွန်တော်တို့ကို နောက်ထက်ဆန္ဒဆက်မပြဖို့လက်မှက်ထိုးခိုင်းတယ်။ကျွန်တော်တို့က လက်မှက် မထိုးခဲ့ဘူး။ ပြည်သူတွေက ဆက်ပြရင်တော့ ကျွန်တော်တို့က ပါဝင်မှာဘဲ”ပာု ဦးဝင်းနိုင်က ပြောသည်။

အဆိုပါပုဂ္ဂိုလ်များ လွှတ်မြောက်ရန် ပြည်ခိုင်ဖြိုးပါတီက ပြည်မြို့မလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦခင်မောင်အေး၊ ဦကျော်ကျော်လင်း၊ဦးမျိုးဝင်းတို့မှလာရောက်ထုတ်ယူပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို အခုအဖမ်းခံရတာပာာ ဒီမိုကရေစီနိုင်ငံအနေနဲ့ ဘယ်လိုမှမသင်တော်တဲ့ လုပ်ရပ် တွေဘဲ ဖြစ်ပါတယ်။”ပာု ဦးဝင်းနိုင်ကဆက်လက်ပြောကြာခဲ့သည်။

အဆိုပါ လွတ်မြောက်လာသူ(၆)ဦး မလွှတ်မြောက်လာစဉ်ကာလကတည်းက မြို့ခံပြည်သူများ အနေဖြင့် ပြည်ထောင်အရှေ့တွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြောင်းကိုလည်းသိရှိရသည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger