မအူပင်မြို့နယ် တမလိုကျေးရွာလယ်သမားများက တိုင်းဝန်ကြီးချုပ်ထံ စာတင်

Thursday, May 24, 20120 မှတ်ချက်များ

ဧရာဝတီတိုင်းဒေသကြီးတွင်း မအူပင်မြို့နယ်ရှိ တမလိုကျေးရွာတွင် ကုမ္မဏီတစ်ခုမှ မြေယာကျူးကျော်ခြင်း များရှိ နေသောကြောင့် ဒေသခံလယ်သမားများက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ စာတင်ထားကြောင်း သိရှိ ရသည်။

မအူပင်မြို့နယ် မလက်တိုအုပ်စု၊ တမလိုကျေးရွာတွင် အော့ချက်ကုမ္မဏီမှ လယ်သမားထံမှ လယ်ယာမြေများ ကျူးကျော်မှုအပေါ် သေချာစီစစ်ပေးပါရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ထံသို့ မေလ(၂၃) ရက်နေ့ က စာတင်ခဲ့ခြင်းဖြစ်သည်။

“သူပိုင်တဲ့မြေနဲ့ မလွတ်လို့ဆိုပြီး သူဘောင်ပတ်ထားတာ၊ ကျွှန်တော်တို့ မြေတွေစုစုပေါင်း ဧက (၁၀၀) နီးနီး လောက်ရှိမယ်။ မိုးရေတွေကို ပိတ်ပစ်တော့ နွေစပါးစိုက်ရင် သွင်းရေထုတ် ရေအဆင်မပြေတော့ဘူး သူက အခုချိန်ထိ အစိုးရဆီက လယ်မြေတွေ အမြောက်အမြားယူထားပြီး စပါးတစ်ပင်မှ မစိုက်ပဲနဲ့ ငါးးရိုင်းမွေး ပြီး ရောင်းစားတယ် ” ဟု မလက်တိုအုပ်စု တမလိုကျေးရွာမှ ဦးအောင်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းကျွန်းရေနက်ကွင်းစီမံကိန်းအား စိုက်ပျိုးရေးအကောင်အထည်ဖေါ်ရန် ကုမ္မဏီများနှင့် လယ်သမားများအား ၁၉၉၈ ခုနှစ်တွင် လယ်ယာလုပ်ပိုင်ခွင့်များ ချထားပေးခဲ့ကြောင်း မအူ ပင်မြို့နယ် မြေတိုင်းဦးစီးဌာနမှ သိရှိရသည်။

“အော့ချက်ကုမ္မဏီက တောင်သူမြေတွေကို ကန်တူးတယ်၊ သတင်းကြားလို့ ကျွန်တော်တို့အနေနဲ့ တာဝန်အရ မြေတိုင်းစာရေးကို လွှတ်ပြီး တားစာတားထားပါတယ်။ အထက်ကညွှန်ကြားတဲ့ စာတစ်စောင်မှတော့ မရောက် သေးပါဘူး တိုင်စာရောက်လာတယ် ဆိုရင်တော့ တာဝန်အရ ဆက်လုပ်ရမှာပါ ” ဟု မအူပင်မြို့နယ် မြေတိုင်း ဦးစီးဌာနမှူး ဦးတင်ဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်း မအူပင်မြို့နယ်ရှိ ကျေးရွာပေါင်း (၁၇)ရွာရှိပြီး လူဦးရေပေါင်း နှစ်သိန်းခြောက်သောင်း ၀န်းကျင်ခန့်ရှိပြီး တောင်သူများနှင့် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူအများစု နေထိုင် ကြသည်။

ယမင်း(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger