ကဏန်းကို ၀ယ်ပြီးတော့ အပေါ်က
အခွံမာရယ်၊ အခွံမာအောက်က ရေယက်တွေ လိုဟာတွေ ကို ဖယ်ပစ်လိုက်ပါ။
ပက်လက်လှန်လိုက်ပြီးတော့ ဗိုက်ပေါ်က အ၀ိုက်ကလေးကို
ဖယ်ထုတ်ပစ်ပါ။ ကဏန်းလက်ချောင်းသားလေးတွေ ဖယ်ရှားပစ်ပါ၊ လက်မကြီးကို
သီးသန့် ယူထားပါ။ အားလုံးပြီးရင် ရေစင်အောင်ဆေးပေးပါ။
ပြီးရင်
ကဏန်း ကိုယ်ထည်တွေကို ဆားနှင့် နယ်ထားပါ။ ကြက်သွန်ဖြူနီချင်း စတာတွေကို
အခွံနွှာ၊ ရေဆေးပြီး ထောင်းပါ။ ပြီးရင် ငရုတ်ကောင်းစေ့ လေးပါ ထည့်
ထောင်းလိုက်ပါ။
အားလုံး အသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်
ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ထည့်၊ မဆလာထည့် ပြီးရင်
ထောင်းထားတဲ့ ချင်း ကြက်သွန် ဖြူနီ တို့ကို ထည့်ပြီး ဆီသတ်၊ မွှေးလာရင်
ကဏန်း တွေထည့် သမအောင် မွှေ၊ ပြီးရင် ရေပါ နည်းနည်းထည့်၊ ပဲငံပြာရည်
အကြည်ထည့်၊ အရသာအတွက် အပေါ့အငန် ထည့်ပြီး အုပ်ထားပြီး တည်ပေးပါ။
ရေခမ်းသွားရင်
နောက်ထပ် နည်းနည်းချင်း ရေထပ်ဖျန်းပြီး ချက်ပါ။ အနှစ် များများလေးနဲ့
နယ်စားလို့ကောင်းအောင် ကြက်သွန် ဖြူနီ များများ ထည့်ထောင်းပြီး ချက်ပါ။
ပြီးရင် ငရုပ်ကောင်းနဲ့ မဆလာ ဆိုတော့ မွှေးမွှေးလေးပါ။ အရသာကတော့ ချိုအီ
ပူစပ်ပါ။ ငရုတ်ကောင်း ပါလို့ နည်းနည်းလေး ပူချင်တယ် ဆိုပေမယ့် ကလေးတွေ
စားနိုင်တဲ့ အရသာ လောက်ရှိတော့ အဆင်ပြေ လောက်ပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။