လိုအပ်သည့် ပစ္စည်းများ
- ပုဇွန် ---> ၅၀ သား
- ငါးဖယ် ---> ၁၅ ကျပ်သား
- ပြောင်းဖူး ---> ၂ ဖူး
- ကြက်သွန်နီ ---> ၂ ဥ
- ကြက်သွန်ဖြူ ---> အနည်းငယ်
- နံနံပင် ---> အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
- ပုဇွန်ကိုတောက်တောက်စင်းထားပါ။ ငါးဖယ်ကို ဂျင်း ကြက်သွန်ဖြူနဲ့ စေးအောင် ထောင်းပါ။ ကြက်သွန်နီ ..ကြက်သွန်ဖြူ ..နံနံပင် တို့ ကို တောက်တောက်စင်း ထားပါ။ ပြောင်းဖူးအစိမ်းကို ဒေါင်လိုက် ထောင်ပြီး ဒါးနဲ့ ပါးပါးချင်းလှီးပါ။ ခလုတ်နဲ့  ခြစ်ရင် အရည်တွေ ထွက်လာ ပါလိမ့်မယ်။
- ကိုယ့်ရဲ့ ငါးဖယ် ပုဇွန်အနဲ အများကို ချိန်ဆပြီး ပြောင်းဖူးကို ထည့်ပါ။ ပြောင်းဖူး မများလွန်း စေရပါဘူး..။ အသားပိုများ ရပါမယ်။ အားလုံးရောပြီး ဆား ..ဟင်းချိုမှုန့်  ..သကြားအနည်းငယ် .. ငရုတ် ကောင်းမှုန့်  အနည်းငယ် .. ကော်မှုန့် တို့ နဲ့  ရောနယ်ပါ။ လက်ကို ဆီဆွတ်ပြီး အနေတော် အရွယ်လုံးပါ။ ခပ်လုံးလုံးထက် အနည်းငယ်ပြားတာက အတွင်းသား ကျက်လွယ်ပါတယ်။ ဆီပူပူမှာ ငဆုပ်လုံး များကိုထည့်ပြီး ခနပဲကြော် ရပါတယ်။ ကြာရင် မာသွားပါမယ်။ ကြော်ပြီးတာနဲ့  ပူပူလေး သုံးဆောင် သင့်ပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။