ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

Wednesday, May 9, 20120 မှတ်ချက်များ

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မင်္ဂလာတောင်ညွန့်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက အဆိုပါနေ့ ည ၁ဝ နာရီ၌ မင်္ဂလာဈေးဝင်း အတွင်း ငွေစက္ကူအတုများအား လူငယ်တစ်ဦးက သုံးစွဲနေ ကြောင်း ပြည်သူ များ၏သတင်း ပေးချက်အရ မင်္ဂလာဈေးဝင် ပေါက်၌ ဇော်မြင့်(ခ) ပွကြီး ဆိုသူအား တက္ကစီပေါ်မှ ဆင်း လာစဉ် ရှာဖွေခဲ့ရာ ၄င်း၏ပိုက် ဆံအိတ်အတွင်းမှBS 2045 732နံပါတ်တူငွေစက္ကူငါးထောင် တန် အတု ၂ ရွက်၊ BK 4304771 နံပါတ်တူ ငါးထောင် တန်အတု ၅ ရွက်နှင့်CA 9472979 နံပါတ်ပါ ၁ ရွက်၊ BX 8566495 နံပါတ်ပါ ၁ ရွက်ကို တွေ့ရှိခဲ့ပြီး ၄င်းငှားရမ်း စီးနင်းလာ သော အငှားယာဉ်မောင်းထံ ယာဉ် ငှားရမ်းခ အဖြစ် ပေး ထားသော ၅ဝဝဝ တန်အတု ၅ ရွက်အား ထပ်မံသိမ်း ဆည်းရမိခဲ့ ကြောင်း၊ ၄င်းအား စစ် ဆေးချက်အရ ထိုငွေစက္ကူအတုများ အား ဒဂုံတောင် မြို့နယ်၊ ၅၆ ရပ် ကွက်တွင်နေထိုင်သည့် ရဲမြင့်ဆိုသူ ထံမှ ငါးထောင်တန် အတုတစ်ရွက် လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဝယ် ယူခဲ့သည် ဟု သိရှိခဲ့ရ သဖြင့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရဲမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာထဲမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတုလေးရွက်အား ထပ်မံ တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

”ဒီငွေအတုတွေက ကျွန်တော် တို့ကိုင်နေတဲ့ ငွေစက္ကူအရွယ်အစား ပုံစံနဲ့တော့ တော်တော်လေးတူ တယ်။ စက္ကူအသားကတော့ နိုင်ငံ ခြားစက္ကူကို သုံးထားတာ။ သူတို့က ဒီငွေတုတွေကို ပရင်တာနဲ့ ထုတ် ထားပေမယ့် လုံခြုံရေးကြိုးအရောင် နဲ့ ငွေစက္ကူအရောင်ကတော့ ငွေ အစစ်နဲ့မတူဘူး။ အတုက အရောင် နည်းနည်းပိုရင့်တယ်”ဟု ငွေတု ပြုလုပ်သုံးစွဲသူများအား သွား ရောက် ဖမ်းဆီးအရေးယူခဲ့သည့် အရှေ့ပိုင်း ခရိုင်အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်တစ်ဦး က ပြောသည်။အဆိုပါ ငွေတုပြုလုပ်သုံး စွဲမှုနှင့် ပတ်သက်၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ ငွေတုကိုင် ဆောင်အသုံးပြုသူ ဇော်မြင့်နှင့် ငွေတုပြုလုပ်သူ ရဲမြင့်တို့အား (ပ)၄၃၈/၁၂၊ ပုဒ်မ ၄၈၉(ခ) (၈)အရ ဖမ်းဆီးအရေးယူ၍ အမှု ဖွင့်ထားကြောင်း သိရသည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger