တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ

Wednesday, May 23, 20120 မှတ်ချက်များ

တိုယိုတာ ဘိုရှိုကူ (Toyota Boshoku) ၏ ကားအစိတ်အပိုင်း မြင်ကွင်းပြပုံ
ကမ္ဘာ့ထိပ်တန်းကား ကုမ္ပဏီ ကြီးဖြစ်သော တိုယိုတာကား ကုမ္ပဏီ၏ကားအစိတ်အပိုင်းများထုတ်လုပ်သည့် တိုယိုတာ ဘိုရှိုကူ မြန်မာနိုင်ငံတွင် တိုယိုတာ ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန် မျက်စေ့ကျနေကြောင်း just-auto မော်တော်ကား ဆိုင်ရာ အွန်လိုင်း သတင်း ဝက်(ဘ်)ဆိုဒ်တွင် မေ ၂၂ ရက်ကဖော်ပြထားသည်။

တိုယိုတာ ဘိုရှိုကူ (Toyota Boshoku) ၏ ကုမ္ပဏီဥက္ကဌ ရှုဟေး တိုယိုဒါ (Shuhei Toyoda) က သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်း စက်ရုံထုတ်လုပ်ရန်စဉ်းစာနေကြောင်း တုကျိုတွင် သတင်းထောက်များအား ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ် သည်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဒီမိုကရေစီထူထောင်ရေးတွင် လျှင်မြန်စွာတိုးတက်ပြောင်းလဲ မှု ရှိနေသဖြင့် ကားဈေးကွက် အတွက် အနာဂတ် အလားလာကောင်းအနေဖြင့် စွဲဆောင် နေကြောင်း အဆိုပါ သတင်း တွင် ရေးသားထားသည်။

တိုယိုတာ ဘိုရှိုကူသည် ကားထိုင်ခုံများ၊ အမိုးလိုင်နာများ စသည့် ကားအတွင်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ ဥက္ကဌ မစ္စတာ တိုယိုဒါက ၂၀၂၀ နောက်ဆုံးထား၍ တိုယိုတာသည် ယင်းထုတ်လုပ်သည့်ကား၏ ၆၀ ရာခိုင်နှုန်း အား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တပ်ဆင်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်းပြောဆိုခဲ့သည်။ ယင်းက ဆက်လက်၍ တိုယိုတာ ကားတွေဟာ မြန်မာကားမောင်းသူတွေရဲ့စိတ်ကြိုက်ဖြစ်ပါတယ်၊ ပြီးတော့ တိုယိုတာ ဘိုရှိုကူ ရဲ့ ဖောက် သည် အကြီးကြီး တစ်ခုလည်း ဖြစ်ပါတယ် ဒါကြောင့် အဲဒီကိုသွား ကိုသွားရမယ် ၊ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ စဉ်းစားနေတုန်းမှာ နိုင်ငံရေး နှင့် လုံခြုံရေးလိုနယ်ပယ်ဖြစ်ပေါ် တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည်နေမှာ ဖြစ်ပါ တယ် ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရှိသော ကားအစီးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် တိုယိုတာကားများဖြစ်ပြီး ပြောင်းလဲဖော်ဆောင်လျက်ရှိသော မော်တော်ကား မူဝါဒများနှင့် စီးပွားရေုးပြုပြင်ပြောင်းလဲမှုများ အရ ဂျပန်နိုင်ငံမှ နာမည်ကြီး ကား ကုမ္ပဏီများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စေ့ကျလျက်ရှိကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ-ရန်ကုန်တိုင်းမ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger