ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည် ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့တော်စည်ပင်က ပထမဆုံးအကြိမ် စတင်အကော

Wednesday, May 23, 20120 မှတ်ချက်များ

ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည် ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့တော်စည်ပင်က ပထမဆုံးအကြိမ် စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။

အဆိုပါတန်ဖိုးနည်း အိမ်ရာများ ကိုအမှတ်၄၄ရပ်ကွက်၌ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာမြေဧကပေါင်း၉ ဒဿမ၂၅ဧကအကျယ်အဝန်းရှိ ပြီးယင်းစီမံကိန်းကို မကြာမီ အကောင် အထည် ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

''လတ်တလောအဲဒီ မြို့နယ်မှာ မြေကွက်ရဖို့ဆောင်ရွက်နေပါ တယ်။မြေကွက်ရတာနဲ့တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်သွားမှာပါ။ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဦးကျော်စိုး ကပြောသည်။ယင်း တန်ဖိုး နည်း အိမ်ရာ တည်ဆောက်မည့် စီမံကိန်းတွင် အခန်းပေါင်း ၆၄၈ခန်း ပါဝင် သည့်အဆောက်အဦး ၂၇ လုံး၊ စတုရန်းပေ တစ်ထောင်ရှိသည့် အိပ်ခန်း၃ခန်းပါဝင်မည့်အခန်း ရခန်း နှင့်စတုရန်း ပေ၅၃ဝရှိသည့်အခန်း ပါအဆောက် အဦး အလုံး ၂ဝခန့် ပါဝင် တည်ဆောက်သွား မည်ဖြစ် ကြောင်း သိရသည်။

''နောက်ပိုင်းမြေကွက်တွေ ပေါ်လာရင်လည်းတန်ဖိုး နည်းအိမ် ရာတွေတိုးချဲ့ပြီးတော့ ဖော်ဆောင် ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။'' ဟု ယင်းကထပ်မံပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှအဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ ဖွဲ့စည်းကာလစဉ် အစည်းအဝေးများ ပြုလုပ်၍ရန်ကုန် မြို့တွင်းအဆင့်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်လျှက် ရှိကြောင်း သိ ရသည်။

ရေးသားသူ - ဖူးပွင့်သော်-ရန်ကုန်တိုင်းမ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger