ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု
ခနောင်ကြီးကျေးရွာရှိ လယ်သမား ၄၀၅ ဦးက သိမ်းဆည်းခံထားရသော လယ်ယာမြေများ
ပြန်လည်ရရှိရေးအတွက် သမ္မတံထံသို့ စာတင်ထားကြောင်းသိရသည်။ အဆိုပါ
လက်မှတ်ရေးထိုး စာတင်ခြင်းကို ၂၀၁၂ ခုနှစ် မေလ(၁၂) ရက်က ကျင်းပခဲ့သော
တောင်သူလယ်သမားအရေး ဆောင်ရွက်သူများနှင့် တောင်သူလယ်သမား ရေလုပ်သား
အပြန်အလှန် နှီးနှောဖလှယ်ပွဲ တွင် ဆုံးဖြတ် လတ်မှတ်ရေးထိုး
တောင်းဆိုခဲ့ကြောင်း သိရသည်။
တောင်းဆို ချက်များတွင် အဓိကအားဖြင့်
အချက်(၇)ချက်ပါဝင်ပြီး ၄င်းအချက်(၇)ချက်တွင် ဌာနဆိုင်ရာ နှင့် ဦးပိုင်
ကုမ္ပဏီမှများမှ အဓမ္မသိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးဟူသော
အချက်ပါဝင်သည်။ ခနောင်ကြီး ကျေးရွာရှိ လယ်ယာမြေများကို ၂၀၀၄ ခုနှစ်ကတည်းက
သိမ်းယူထားခြင်း ဖြစ်ကြောင်း ခနောင်ကြီးကျေးရွာမှ လယ်သမား
ကိုဝင်းမော်ကပြောသည်။
‘‘၂၀၀၄ ခုနှစ်ကပေါ့ဗျာ .. စပါးတွေတောင်
မရိတ်ရသေးဘူး အလံတွေလာစိုက်ပြီး သိမ်းသွားတာပဲ အခုတော့ အဲဒီနေရာမှာ
ငါးကန်တွေတူးပြီး မွေးမြူရေးတွေလုပ်နေကြတယ်၊ အဲဒီလယ်နေရာတွေက ၈၈
နောက်ပိုင်းမှာ ကျွန်တော်တို့ ကိုယ်တိုင် ရှင်း လင်းပြီး စိုက်ပျိုးခဲ့တဲ့
မြေတွေပါ ’’ ဟု ယင်းက ဆိုသည်။
အဆိုပါ ခနောင်ကြီး ကျေးရွာတစ်ဝိုက်သည်
ရေနက်ကွင်းဒေသဖြစ်သည့် အတွက် နွေရာသီတွင် နွေစပါးတစ်သီးသာ
စပါးစိုက်ပျိုးနိုင်ကြောင်း သိရသည်။ ထို့သို့လယ်ယာမြေ သိမ်းခံရခြင်းကြောင့်
လယ်သမားအများစုမှာ အလုပ်လက်မဲ့ဖြစ်သွားပြီး လှိုင်သာယာ
၊ရွှေပြည်သာ၊မြို့များသို့ ပြောင်းရွှေ့ကာ စက်မှုဇုန်များတွင် ဝင်ရောက်
လုပ်ကိုင်ခြင်းနှင့် ဈေးရောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း
ပြုနေကြရကြောင်း ကို လှိုင်သာယာတွင်ရောက်ရှိနေသည့် ခနောင်ကြီး ကျေးရွာသား
တစ်ဦးကပြော သည်။
ခနောင်ကြီးကျေးရွာ တစ်ဝိုက်ရှိ လယ်မြေများမှာ
အားလုံးလိုလို အသိမ်းခံရခြင်းဖြစ်ပြီး အသိမ်းခံလယ်မြေဧက
ထောင်ကျော်ရှိကြောင်း လယ်သိမ်းခံထားရသူ တောင်သူကြီး ဦးအောင်သောင်းကပြောသည်။
Yangon Media Group

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။