အီတာလျှံ ထိုင်း ကုမ္ပဏီနှင့် မီးရထား ဒုတိယ၀န်ကြီး ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲပေး

Tuesday, May 15, 20120 မှတ်ချက်များ

ပေး
အီတာလျှံ ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ၀န်ကြီး ဦးသောင်းလွင်အပါအ၀င်ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း တွင်ပါဝင်ကြသည့် စီးပွားရေး လုပ်ငန်းရှင်အချို့သည် မေလ ၁၀ ရက်နေ့တွင် ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ကြက်မင်းဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ယင်းသို့ ကန်တော့ပွဲပေးသည်ကို နံနက်ခြောက်နာရီခန့်မှ စတင်ခဲ့ကာ ကြာမြင့်ချိန် သုံးနာရီကျော်ခန့်ရှိပြီး ၊ ဘုရားကိုးဆူ ဆရာ ၊ ကန်တော့ပွဲကိုင်သူအပါအ၀င် အားလုံးဆယ်ဦးခန့်တက်ရောက်ခဲ့ကြောင်း အထက်ပါ ကြက်မင်းဂေါပက အဖွဲ့ဝင်က ဆိုသည်။

စေတီတော် အထက်ပစ္စယံတွင် တင်လှုခဲ့သော ကန်တော့ပွဲများတွင် ထိုင်းနိုင်ငံ မင်းဆက် များ အားလည်းကောင်း၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှ မင်းအပေါင်းနှင့် ခုနှစ်ရက်သားသမီးများအားလည်းကောင်း၊ လက်ရှိအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်စောင့်နတ်မင်းကြီးကိုပါ ရည်ညွှန်းစာဖြင့် ကန်တော့ပွဲများပါဝင်သည်။
The Voice Weekly (Facebook)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger