ဟိုတယ်စတိုင် နှင်းဆီ ပုဇွန်ကို စားသုံးသူတိုင်း နှစ်သက်ကြ ပါလိမ့်မည်။ တရုတ်စတိုင် ဟင်းလျာတစ်ခု ဖြစ်ပါတယ်… စားသုံးသွားကြပါအုန်းရှင်
ပါဝင်သော ပစ္စည်းများ
၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အခွံမခွာပါနှင့်)
၂။ ပန်းကော်ဖီပွင့် (သို့) broccoli – တစိပ် (အတုံးလေးများ လှီးပါ)
၃။ mustard – စားပွဲတင်ဇွန်း တ၀က် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
၎။ ကြက်ဥအနှစ် – ၃လုံး
၅။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၇။ ရှာလကာရည် – စားပွဲတင်ဇွန်း တ၀က်
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတ၀က်
၉။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ကို အခွံမခွာပဲ ၁၀မိနစ်ခန့် ပေါင်းအိုးဖြင့် ပေါင်းပေးပါ။
၂။ ပေါင်းပြီးပြီးချက်ချင်း ရေခဲရေထဲ ပုဇွန်များကို စိမ်လိုက်လျှင် ပုဇွန် အရောင်တက်လာ လိမ့်မည်။
၃။ ပြီးမှ ပုဇွန်ကို တ၀က်ခြမ်းလိုက်ပြီး ပန်းကန်ပြားထဲ နှင်းဆီပုံဖော် ထည့်လိုက်ပါ။
၎။ ဇောက်ခွက်တစ်ခုထဲ ( mustard၊ ကြက်ဥအနှစ်၊ ဟင်းရွက်ဆီ၊ ပျားရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ဆား ) အားလုံးကို ရောခလောက်ပေးပါ။
၅။ ပြီးလျှင် ပုဇွန်ပေါ်သို့ ခလောက်ထားသော အရည်များကို လောင်းချလိုက်ပါ။
၆။ ပုံအလှဖော်ရန် ပန်းကော်ဖီပွင့် (သို့) broccoli ကို ရေနွေးဖြင့် ၂မိနစ်ခန့် ဖျော်ပေးပါ။ ပြီးလျှင် ဆား၊ သကြား အနည်းငယ် ထည့်နုယ်ပေးပါ။
ရ။ ပန်းကော်ဖီပွင့် (သို့) broccoli ကို ပုဇွန် ပန်းကန်ပြားပေါ်တွင် ပုံဖော်တင်လိုက်ပါ။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။