လိုင်းနှစ်လိုင်း အင်တာနက်လိုင်းပြည့်၊ အခြားလေးလိုင်း အင်တာနက်ဆက်လက်ခံ

Saturday, May 19, 20120 မှတ်ချက်များ

ဖြိုးဝေကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)

ဆက်သွယ်ရေးလုပ်ငန်း၌ အင်တာနက်လိုင်း လာရောက် လျှောက်ထားကြသူများကို ယခုလ ၁၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်
၀၉-၉၁xxx နှင့် ၀၉-၇၃xxx နံပါတ်ဖြင့် စသော CDMA800MHz ဖုန်းလိုင်း များမှာ အင်တာနက်လိုင်းဖွင့်ခွင့် ပြည့်သွားသဖြင့် လိုင်းဖွင့်၍မရနိုင်တော့ ကြောင်းနှင့် အခြားဖုန်းလိုင်း လေးလိုင်းကို အင်တာနက်လိုင်း ဆက် လက်ဖွင့်ပေးနေကြောင်း မန္တလေးတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာချက်အရ သိရသည်။
၀၉-၉၁xxx နှင့် ၀၉- ၇၃xxx ဖုန်း လိုင်းများမှာ ယခုလ ၇ ရက်နေ့မှစ၍ အင်တာနက်လိုင်း ဖွင့်ခွင့်ပေးခဲ့သော်လည်း လေးရက်သာ လျှောက် ခွင့်ရခဲ့ပြီး လိုင်းပြန်ပိတ်သွားကြောင်းနှင့် အဆိုပါ ရက်များအတွင်း လာရောက် လျှောက်ထားသူ အလွန်များပြားခဲ့ကြောင်း ကိုယ်တိုင် သွားရောက် လျှောက်ထားသူများက ပြောကြားသည်။
အဆိုပါ ဖုန်းလိုင်းများ အင်တာနက် လိုင်းပိတ်သွားသော်လည်း ၄၄၄xxx အစ WCDMA ဖုန်းများ၊ ၂xxxအစ (မန္တလေးတိုင်း) GSMဖုန်းများ၊ ၄၀၂၅xxx (မန္တလေးတိုင်း) GSM ဖုန်းများ၊ ၄၃၀xxx (မန္တလေးတိုင်း) GSM ဖုန်းများ အင်တာနက်ဖွင့်၍ ရနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။
"လာလျှောက်တဲ့သူ များပေမယ့် လျှောက်ရတာ လွယ်ပါတယ်။ အရင် ရက်တွေက ဘဏ်မှာငွေသွားသွင်းကြရတယ်လို့ သိရတယ်။ "အခုတော့ ဒီမှာပဲ အလှည့်ကျစီတန်း၊ ကိုယ့်ဖုန်းနံပါတ်ပေးပြီး ကျပ် ၁၀,၀၀၀ သွင်းလိုက်ရုံပါပဲ။ ငွေသွင်း ချလန် ပြန်သိမ်းထားပြီး လိုင်းဖွင့်တဲ့အခါ ကိုယ့်ဆီကို မက်ဆေ့ခ်ျ ၀င်လာမယ် လို့ပြောတယ်"ဟု အင်တာနက်လိုင်း လာလျှောက်သူတစ်ဦးက ယခုလ ၁၅ ရက် နေ့က ပြောသည်။
အင်တာနက် ဆက်သွယ်သုံးစွဲခမှာ GSM ဖုန်းများအတွက် 2.75G(EDGE) စနစ်အား တစ်မိနစ်လျှင် နှစ်ကျပ်နှုန်း၊ CDMA800MHz နှင့် WCDMA ဖုန်းများအတွက် 3G စနစ်အတွက် တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
ကွန်ပျူတာနှင့် တွဲဖက်သုံးစွဲရန်မှာ ကွန်ပျူတာတွင် ဆော့ဖ်ဝဲထည့်သွင်းရန် လိုကြောင်း ဖုန်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger