နေပြည်တော်တွင် ပထမဦးဆုံး စက်မှုဇုန်တည်ထောင်မည်

Saturday, May 19, 20120 မှတ်ချက်များ

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ နေပြည်တော်နှင့် တပ်ကုန်းမြို့ အကြားရှိ မြေဧရိယာ ၅၀၀ ခန့်နှင့် ရှမ်း ပြည်နယ်၊ မူဆယ်မြို့နှင့် ကွက်ခိုင်မြို့ကြား ရှိ နမ့်အွန်ဒေသများတွင် စက်မှုဇုန်များ တည်ထောင်သွား မည်ဟု စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြေကွက်ချထားပေးရုံ ရှိပါသေးတယ်" ဟု စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း က ပြောသည်။
အသစ်တည်ထောင်မည့် စက်မှုဇုန် နှစ်ဇုန်တွင် လက်ရှိစက်မှုဇုန်များတွင် ခွင့်ပြုထားသောလုပ်ငန်းများ လျှောက် ထားနိုင်ပြီး ပတ်ဝန်းကျင်ကိုထိခိုက်စေ သော ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေး စက်ရုံ လုပ်ငန်းများကိုမူ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ "ကားထုတ်ထုတ်၊ အထည်ချုပ်စက်ရုံ လုပ်လုပ် ကိုယ်ကြိုက်တာလုပ်လို့ ရပါ တယ်" ဟု ၎င်းက ပြောသည်။
စက်မှုဇုန်များတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း အလုပ်အကိုင် ဖန်တီးရေးကိုသာမက ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု များမရှိသောလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ရန်လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာများနှင့် တွေ့ဆုံပွဲများတွင် မကြာ ခဏ ထုတ်ဖော်ပြောကြားသည်။
ပြည်သူများ အလုပ်အကိုင်ရရှိရေး အတွက် ရည်ရွယ်တည်ဆောက်သည့် အပြင် ပြည်တွင်းမှလုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ် ထားသည့် ယင်းစက်မှုဇုန် နှစ်ဇုန်အတွက် မြေကွက်လျှောက်ထား ရာတွင် အမှန်တကယ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ စိစစ်ချထားပေး သွားမည်ဖြစ်သည်ဟု ၎င်းက ပြော သည်။
"အမှန်တကယ် အလုပ်မလုပ်သူတွေ ကို အရေးယူမှာပါ"ဟု ၎င်းကပြောသည်။
စက်မှုဇုန်မြေကွက် လျှောက်ထားမှုကို လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့်လုပ်ငန်းအမျိုးအစားနှင့် မြေ အကျယ်အ၀န်းကို တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ လျှောက်ထား ရာတွင် ပူးတွဲတင်ပြရမည်ဟု ၎င်းက ပြောသည်။
နေပြည်တော်တွင် တည်ထောင်မည့် စက်မှုဇုန်မှာ တစ်ဧကလျှင် ကျပ်သိန်း ၅၀၀ ခန့် ပေးသွင်းရမည်ဖြစ်ပြီး ရှမ်းပြည် နယ်တွင် တည်ထောင်မည့် စက်မှုဇုန် အတွက်မူ လျှော့နည်းနိုင်သည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
"ပျမ်းမျှ သိန်း ၅၀၀ ထက်တော့ မကျော်ပါဘူး။ ဒီထက်နည်းရင် နည်းဖို့ပဲ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ယခုစက်မှုများ တည်ထောင်ခြင်းကို မြန်မာအစိုးရမှ မူဝါဒတစ်ရပ်အနေဖြင့် ချထားပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ ၀န်ကြီးဌာနများနှင့် ပူးတွဲအကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စက်မှုဇုန်တစ်ဇုန် တည် ထောင်မည့် အစီအစဉ်သည် ဒေသခံများ အတွက် အလုပ်အကိုင် များစွာတိုးတက်လာမည်ဟု ဒေသခံများကပြောသည်။
"တကယ်လောက်လောက်လားလား စက်မှုဇုန်တစ်ခုဖြစ်ပြီး ဒေသခံတွေ အလုပ်ရမယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာရမှာပါ" ဟု ပျဉ်းမနားအခြေစိုက် ကုမ္ပဏီတစ်ခုရှိ အသက် ၂၆ နှစ်အရွယ် မန်နေဂျာတစ်ဦးက ပြောသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger