တရုတ်နိုင်ငံဟာ ၎င်းရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးကို ယခုနှစ်ကုန်ပိုင်းမှာ တပ်ဖြန့် ချထားနိုင်ချေရှိကြောင်း အမေရိကန် ကာကွယ်ရေး
ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ တရုတ်တို့ရဲ့ စစ်မက်ရေးရာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ လွှတ်တော်သို့ တင်ပြခဲ့တာဖြစ်ပြီး အဆိုပါ အစီရင်ခံစာထဲမှာ ၁၉၉၈ခုနှစ်က ယူကရိန်းနိုင်ငံထံမှ တရုတ်တို့ ၀ယ်ယူခဲ့တဲ့ လေယာဉ်တင် သင်္ဘောကြီး အကြောင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သင်္ဘောကြီးဟာ အခုအခါ စမ်းသပ်မောင်းနှင် နေပြီဖြစ်ပြီး ၂၀၁၅ခုနှစ်အစောပိုင်းမှာ လုပ်ငန်း လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ သင်္ဘောကြီး ကို လေယာဉ်များ အတက်အဆင်း ပြုလုပ်တဲ့ လေ့ကျင့်မှုတွေအတွက်လည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လာမယ့် ၁၀နှစ်တာကာလ အတွင်း ဘက်စုံသုံး လေယာဉ်တင် သင်္ဘောတွေ တည်ဆောက်သွားနိုင်ခြေ ရှိကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့ တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုအများစုကို တရုတ်နိုင်ငံက ဖန်တီးခဲ့တာ ဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှု အများစုဟာ အမေရိကန် အစိုးရနဲ့ အမေရိကန် ကာကွယ်ရေးကဏ္ဍကို ပစ်မှတ်ထားကြောင်း အမေရိကန်တို့က ဆိုပါတယ်။ တရုတ်တို့ရဲ့ စစ်အင်အား တောင့်တင်းခိုင်မာအောင် တည်ဆောက်မှု အပေါ် အမေရိကန်တို့ရဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။
Reference : NHK.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။