နေပြည်တော်ကောင်စီ နယ်မြေအတွင်း နေပြည်တော်နဲ့ တပ်ကုန်းအကြားရှိ မြေဧရိယာ ဧက ၅၀၀ ခန့်မှာ စက်မှုဇုန် တည်ထောင်ဖို့အတွက်ပြည်တွင်းမှ
စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက် ရှိတယ်လို့ နေပြည်တော်ရှိ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦရဲ့ ပြေားကြားချက်အရ သိရပါတယ်။ အဆိုပါ စက်မှုဇုန် တည်ထောင်မှုမှာတော့ Electronic စက်မှုဇုန် တည်ထောင်ဖို့အတွက် မျှော်မှန်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီစက်မှုဇုန်မှာ မြေနေရာလျှောက်ထား လိုသူများ အနေနဲ့ မိမိလုပ်ကိုင်လိုတဲ့ စက်မှုလုပ်ငန်းကို ဦးတည်ပြီး လိုအပ်မယ့် အချက်အလက် အပြည့်အစုံနဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီလို လုပ်ငန်းလုပ်ကိုင်မယ့် စက်ရုံအတွက် စက်ရုံတစ်ရုံကို အနည်းဆုံး မြေဧက ၂ ဧကခန့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြေဧကများစွာ လိုအပ်တဲ့ လုပ်ငန်းဖြစ်ပါက ဆောက်လုပ်မယ့် စက်ရုံရဲ့ အနေအထားပေါ် မူတည်ကာ မြေဧကကို တိုးရောင်းချ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှောက်ထားလိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ လုပ်ငန်းမှာ လိုအပ်တဲ့ လျှပ်စစ်မီး ၊ ရေ စတဲ့ ပမာဏကို တင်ပြရမှာဖြစ်ပြီး စက်ရုံမှထွက်လာမယ့် အညစ်အကြေးနဲ့ ဓာတုပစ္စည်းများကို ထရိမန့် ပြုလုပ်ပြီး စွန့်ပစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။