တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။
ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ
၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)
၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)
၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကော်မှန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၇။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၈။ သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ချက်ပြုတ်နည်း
၁။ ၀က်သားပြားတွင် ပါဝင်သော ပစ္စည်း (၀က်သား၊ ကြက်သွန်ဖြူ၊ ဘဲဥ၊ ကော်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား) အားလုံးကို သမအောင် ရောနုယ်ပေးပါ။
၂။ ပြီးလျှင် ၀က်သားကို ၁လက်မအရွယ် အလုံးလေးများ ရခု လုပ်လိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်၍ ၀က်သားပြားများကို နီညှိရောင်သန်းလာသည်အထိ ထည့်ကြော်ပေးပါ။
၎။ ပြီးနောက် ၀က်သားပြားကြော်များကို ဇကာဖြင့် ဆယ်ပြီး ဆီပြန်စစ်ထားပေးပါ။
ဆော့အရည်တွင် ပါဝင်သောပစ္စည်းများ
၁။ မုန်လာဥနီ – ၂ခု(အ၀ိုင်းလှီးပါ)
၂။ ဘိုစားပဲ – ၇ခု (အရှည် အစောင်းလှီးပါ)
၃။ ရွှေပဲ – ၁၅ခု (တ၀က်ဝက်ပါ)
၎။ ပန်းပွင့် – တစိတ် (အတုံးလေးများ တုံးပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၉။ ကြက်သွန်ဖြူ – ၁ခု (နှုတ်နှုတ်ဆင်းပါ)
၁၀။ ကြက်ဥ (အကာ) – ၁လုံး (ခလောက်ထားပါ)
ဆော့ရည် ချက်ပြုတ်နည်း
၁။ မုန်လာဥနီ၊ ရွှေပဲ၊ ဘိုစားပဲ၊ ပန်းပွင့် ကို ရေနွေးဖြင့် ၂မိနစ်ခန့် ဖျော်ပေးပါ။ ပြီးလျှင် ရေခဲရေပြန်စိမ်ပေးပါ။
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူထည့် အညှိရောင်သန်းလာသည် အထိ ဆီသပ်ပေးပါ။
၂။ ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲ၊ ရွှေပဲ၊ ပန်းပွင့် များကို ထည့်ကြော်ပေးပါ။
၃။ ထို့နောက် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည် ကိုထည့်ပြီး ၃မိနစ်ခန့် မွှေပေးပါ။
၎။ ပြီးနောက် ဟင်းရွက်ပြုတ်ရည် လက်ဖက်ရည်ပန်းကန်လုံး ၅လုံးထည့်ပေးပါ။
၅။အရွက်များ နူသွားလျှင် ကြော်ထားသော ၀က်သားများကို ထည့်ပြီ မွှေလိုက်ပါ။
၅။ ဆော့ရည် ပွက်ပွက်ဆူလာလျှင် ကော်မှုန့်ကို ရေဖြင့်ဖျော်ပြီး ထည့်ပေးပါ။
၆။ ပြီလျှင် ခလောက်ထားသော ဘဲဥအကာကို ထည့်၍ နာနာမွှေပေးပါ။
၇။ တရုတ်စတိုင် ၀က်သားတောက်တောက်ကြော်ကို ထမင်းပူပူလေးနဲ့ တွဲစားကြရအောင်…

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။