ပြည်တွင်း ကနေ ကြက်သွန်နီ ပြည်ပ တင်ပို့မှု တွေကို ပြန်လည် ခွင့်ပြုထားပြီး လုပ်ငန်းရှင် တွေအနေနဲ့ တင်ပို့မှုတွေ ရှိနေပေမယ့် အခု လက်ရှိမှာ
အရောင်းအ၀ယ် ဈေးမကိုက်မှု တွေကြောင့် အိတ်စပို့ အ၀ယ်အေးလျက် ရှိတယ်လို့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံများ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်းက သိရပါတယ်။ အခု လက်ရှိမှာ ပြည်တွင်း ကြက်သွန်နီ ဈေးမြင့်တက် နေမှု တွေကြောင့် အိတ်စပို့ လုပ်ငန်းရှင် တွေအနေနဲ့ ဈေးမကိုက်မှာ စိုးရိမ်ပြီး မတင်ပို့ရဲ ကြတာလည်း ဖြစ်ပါတယ်။
အရင်က ပြည်ပကို ကြက်သွန်နီ အိတ်စပို့ တင်ပို့မှုက အမြင့်ဆုံးဈေး FOB တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၅၂ ဒေါ်လာ ၀န်းကျင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းရှင်တွေ အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ဈေးတက် မှုကြောင့် FOB တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၄၀ မှ ၃၅၀ အထိ ဈေးခေါ် ရောင်းချ ခဲ့ပါတယ်။
ဒီလို ဈေးတင် ထားတဲ့ အတွက် အိတ်စပို့ ၀ယ်လက် မရှိတော့ဘဲ လက်ရှိ အချိန်မှာ လုပ်ငန်းရှင် တွေဘက်က FOB တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၂၅ သို့ ပြန်လည် လျှော့ချထား ပေမယ့်လည်း ပြည်ပ အ၀ယ် မရှိမှု ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြက်သွန်နီ အိတ်စပို့ ဈေးကွက် အလားအလာကို ကြည့်ရင်လည်း ဆက်လက်ပြီး ဈေးကွက် အေးနိုင်တယ်လို့ လုပ်ငန်းရှင် တွေက သုံးသပ် ထားပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။