ဒီလို လျှောက်ထားမှု အတွက် ကျသင့် တန်ဖိုးမှာ ကျပ် ၁၁၀၀၀ ပေးသွင်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လျှောက်ထားရာ မှာတော့ လျှောက်ထား လိုသူဟာ မူလ ၀ယ်ယူ ထားတဲ့ဖုန်း ၀ယ်စာချုပ် နဲ့အတူ လျှောက်ထား ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဖုန်း ၀ယ်ယူထားတဲ့ စာချုပ်မှာ တံဆိပ်တုံး နှိပ်ပေးမှာ ဖြစ်ပြီး ဒီကနေ့ ငွေသွင်း ပြီးတာနဲ့ နောက်နေ့မှာ လိုင်းပွင့်တယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ဖုန်းအရောင်း ကုမ္ပဏီ တစ်ခုမှ သိရပါတယ်။
ဒီလို လျှောက်ထားမှုကို ရွှေဂုံတိုင်၊ ပန်းဆိုးတန်း၊ စာတိုက်ကြီး၊ အလုံ မြို့နယ်ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေမှာ လျှောက်ထား နိုင်ရုံသာ မကဘဲ မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ကုမ္ပဏီ ဖြစ်တဲ့ E Lite နဲ့ ရတနာပုံ တယ်လီပို့ တို့မှာလည်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားမှု တွေကို ယနေ့အထိ ပြုလုပ်ပေးနေပြီး လျှောက်ထားမှု အလုံး အရေအတွက် ကိုတော့ ယခုချိန် အထိ ကန့်သတ် ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။