ပါကင်ပိတ်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

Sunday, May 20, 20120 မှတ်ချက်များ

မေလ ၁၈ ရက်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်မှာ အမွှေးတိုင် ပါကင်ပိတ် စက်အပူ လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းမှု တစ်ခု

ဖြစ်ပွားခဲ့ ပါတယ်။ ဒီလို ဖြစ်ပွား ရာမှာတော့ အဆိုပါ ရပ်ကွက် အတွင်းရှိ သံသုမာလမ်း၊ တက်လမ်း အိမ်ရာတိုက် အမှတ် ၅ မှ စတင် လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းဟာ အဆိုပါ တိုက်ခန်းရှိ ဖယောင်းတိုင်၊ အမွှေးတိုင် အစရှိတဲ့ ပစ္စည်းများကို ပါကင်ပိတ်ခြင်း လုပ်ငန်း ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ပါကင်ပိတ်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်မှုဟာ ညနေ ၃ နာရီ ၅ မိနစ် အချိန်ခန့်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၄ နာရီခန့်မှာ မီးထိန်း နိုင်ခဲ့ပါတယ်။ အပြီးသတ် ငြှိမ်းသတ် နိုင်မှုကိုတော့ ၄ နာရီ ၂၅ မိနစ် အချိန်မှာ သက်ဆိုင်ရာ မီးသတ် တပ်ဖွဲ့ဝင်များက ဆောင်ရွက် နိုင်ခဲ့ကြ ပါတယ်။ ဒီလို မီးလောင်ကျွမ်း ခဲ့မှုကြောင့် အဆောက်အဦးနဲ့ အတွင်းပစ္စည်းများ ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းကျပ် ၂၇ သိန်းခန့် ဆုံးရှုံးခဲ့ တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger