ယာဉ်လိုင်းများ အဖြစ် ဖွဲ့စည်း ထူထောင်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်ကို နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှု အဆင်ပြေ လွယ်ကူရေး ကော်မတီက ဦးစီး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ယခုလို ဖွဲ့စည်းမယ့် ပို့ဆောင်ရေး ယာဉ်လိုင်းများ ကိုတော့ ဌာ ဆိုင်ရာနဲ့ ပုဂ္ဂလိကတို့ ပါဝင်တဲ့ အဖွဲ့အစည်း ပုံစံနဲ့ ဖွဲ့စည်း ထူထောင် သွားမှာလည်း ဖြစ်ပါတယ်။
ယခုလို အကောင်အထည် ဖော်မှုကို ပုဂံဒေသမှာ ပထမဆုံး လုပ်ဆောင် မှာဖြစ်ပြီး ရန်ကုန်၊ တောင်ကြီး နဲ့ အင်းလေး ဒေသတွေ မှာလည်း ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ခရီးသွားများ အတွက် လိုအပ်တဲ့ သတင်း အချက်အလက် တွေကို ပံ့ပိုး ပေးဖို့နဲ့ အခက်အခဲများ ကူညီဖြေရှင်း ပေးဖို့ အတွက် Tourist Information Counter များကို ဖွင့်လှစ်ပေး ထားတယ်လို့ သိရပါတယ်။
ဒီလို ဖွင့်လှစ်ရာ မှာလည်း ဇုန်နယ် အလိုက် ခွဲခြားကာ နိုင်ငံတကာ လေဆိပ်နဲ့ နယ်စပ်ဝင်၊ ထွက်ပေါက်တွေပါ မကျန် Counter ၁၂ ခုကို ဖွင့်လှစ်ပေးပြီး၊ ကျန်ရှိတဲ့ ၁၁ ခုကိုလည်း ထပ်မံ တိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း လာရောက် လည်ပတ်တဲ့ ခရီးသွားများ လုံခြုံရေး အတွက် ကိုတော့ Tourist Police များ ဖွဲ့စည်း ဆောင်ရွက် နိုင်ရေးအတွက် ပြည်ထဲရေး ၀န်ကြီး ဌာနနဲ့ ညှိနှိုင်းလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။