၂ သိန်းခွဲတန်ဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ပေး၍၀ယ်ယူ

Tuesday, May 15, 20120 မှတ်ချက်များ

မှုရင်းဈေးနှုန်း ၂ သိန်းခွဲသာရှိ သည့် WCDMA မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ဖြင့်အရောင်းအ၀ယ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းအကျိုးဆောင်လုပ်ငန်းတစ်ခုမှသိရသည်။နံပါတ်အပူးများပါရှိသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးကြီးပေး၍ လိုက်လံဝယ်သူများကြောင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဂဏန်း ၅ လုံးပူး၍ ရှေ့ဆုံးဂဏန်း၌ ၂ လုံးစီပူးတွဲနေသည့် မိုဘိုင်းတယ်လီဖုန်းလိုင်းတစ်ခုကို ငွေကျပ် ၁၃ သိန်းဖြင့်ရောင်းဈေးသက်မှတ်ထားခဲ့သော်လည်း ငွေကျပ် ၁၁ ကျော်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ကျုံးမြို့ရိုးအနီးရှိ မိုဘိုင်းဟန်းဆက် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ ၀ယ်ယူသူများအနေဖြင့် နံပါတ်အလှဟုခေါ်ဆိုသည့် အပူးနံပါတ်များနှင့်စိတ်ကြိုက်နံပါတ်များကို ဈေးကြီးပေး၍ လိုက်လံဝယ်ယူနေသကဲ့သို့ အဆိုပါကဲ့သို့နံပါတ်များကို သိမ်းဆည်းသိုလှောင်၍ ဈေးကောင်းကောင်းဖြင့်ပြန်လည်ရောင်းချသူများလည်း ဈေးကွက်အတွင်းဖြစ်ပေါ်နေခဲ့ကြသည်။ ““ဖုန်းဆိုင်မှာ သုညတွေချည်းပဲ အများဆုံးပါတဲ့ WCDMA ကတ် တွေ့လို့မေးကြည့်တာ ဈေးက ၁၀ သိန်းကျော်နေတာတွေ့ရလို့ အံ့သြ ရတယ်””ဟု မုံရွာမြို့မှ မန္တလေးမြို့သို့ ဟန်းဆက်လာရောက်ဝယ်ယူသူတစ်ဦးကပြောသည်။ မိုဘိုင်းဖုန်း လိုင်းများသည် နံပါတ်များအပေါ်မှုတည်၍ ပြင်ပပေါက်ဈေးအမျိုးမျိုး ဖြစ်ပေါ်တက်ကြပြီး အမြင့်ဆုံးသော ပေါက်ဈေးမှာ ၁၃ သိန်းအထိ တည်ရှိနေကြောင်း မန္တလေးမြို့ရှိ ဒေသခံ မိုဘိုင်းဖုန်းအကျိုးဆောင်များကဆိုသည်။ မိုဘိုင်းဖုန်းဆိုင်များနှင့် အကျိုးဆောင်များ လက်ဝယ်၌သာ ဖုန်းလိုင်းတန်ဖိုးများမြင့်တက်နေခြင်း မဟုတ်ဘဲ မိမိကိုင်ဆောင်လိုသည့် နံပါတ်များသို့ ခေါ်ဆိုဆက်သွယ်ကာ ဈေးကောင်းပေး၍ ၀ယ်ယူနေသူများ လက်ရှိကာလ၌ များပြားလာခဲ့ကြကြောင်းသိရသည်။ ““ကျွန်တော် လက်ရှိကိုင်ထားတဲ့ဖုန်းရဲ့ နောက်က နံပါတ် ၄ လုံးတူတဲ့ဖုန်းကို လက်ရှိ ချပေးတဲ့ရှေ့ပိုင်းကုဒ်နံပါတ်တွေနဲ့ ပေါင်းပြီးခေါ်ကြည့်လိုက်တော့ လိုင်းပွင့်နေတယ်။ ရောင်းမလားလို့မေး ကြည့်တော့ ၄ သိန်းလောက်အထိ ဈေးခေါ်နေတာနဲ့ သွားမ၀ယ်ဖြစ် တော့တာ””ဟု ခရီးသွားဧဂျင့်တစ်ခုမှ လူငယ်တစ်ဦးကဆိုသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger