မြောက်ဥက္ကလာပ လမ်းမကြီး ပြုပြင်မှုကြောင့် ယာဉ်ကြောရှုပ်ထွေးခဲ့

Tuesday, May 15, 20120 မှတ်ချက်များ

ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်တတ်တဲ့ မြောက်ဥက္ကလာ ပလမ်းမကြီးတလျှောက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ

ပြုပြင်လျက်ရှိနေပြီး ဒီလိုလမ်းပြုပြင်မှုတွေ ပြုလုပ်နေတဲ့ အတွက်လည်း အဆိုပါလမ်းမကြီး တလျှောက်မှာ ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ဒီလို လမ်းပြုပြင် တိုးချဲ့မှုတွေ လုပ်ဆောင်လျက်ရှိရာမှာ မေလ ၁၄ ရက်နေ့အထိ ပြုပြင်မှုတွေ အများအပြားပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပြုပြင်မှုဟာ ယခင် ကတ္တရာလမ်းဟောင်းကို ကွန်ကရစ်လမ်းသစ်အဖြစ် ပြောင်းလဲခင်းကျင်းနေတာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်မှုတွေ ပြုလုပ်ရာမှာ သုဓမ္မာလမ်းမကြီး ၊ ခေမာသီလမ်း ၊ မြောက်ဥက္ကလာအ၀ိုင်း အစရှိတဲ့ လမ်းများကို လမ်းသားချဲ့ပြီး လမ်းအသစ်ခင်းမှုတွေ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုလိုလမ်း ပြုပြင်မှုတွေ မပြီးစီးသေးတဲ့ အတွက်လည်း ပြုပြင်မှုတွေ လုပ်ဆောင်နေတဲ့ လမ်းတဖက်ကို ပိတ်ထားကာ လမ်းတခြမ်းကိုသာ အသုံးပြု သွားလာရတဲ့အတွက် လက်ရှိမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေ ပါတယ်။ အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေဟာ ရုံးဆင်းရုံးတက် ချိန်တွေဖြစ်တဲ့နံနက် ၉ နာရီမှ ၁၀ နာရီ ၀န်းကျင်မှာတစ်ကြိမ် ၊ ညနေ ၃ နာရီမှ ညဘက်အထိတ စ်ကြိမ်မှာ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းတလျှောက်မှာ ယခင်ကတည်းက ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီလို ဖြစ်ပေါ်ရတာဟာ စည်းကမ်းမရှိတဲ့ ယာဉ်မောင်းနှင်သူများနဲ့ ကုန်ကား ၊ အဝေးပြေး ခရီးသွား ကားများကြောင့် ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လမ်းပိတ်ဆို့မှုဟာ မြောက်ဥက္ကလာ အ၀ိုင်နားမှာ အများဆုံး ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လမ်းပြုပြင်တိုးချဲ့မှုတွေ ဆောင်ရွက်လျက်ရှိကာ ဒီလို ပြုပြင်မှုတွေ ပြီးစီးသွားရင်တော့ ယခင်ကလို ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်တာ့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger