စစ်ဘေးဒုက္ခသည်များ လူကုန်ကူးသူတို့၏ ပစ်မှတ်ဖြစ်လာ

Wednesday, May 16, 20120 မှတ်ချက်များ

ရန်ကုန်၊ မေ ၁၅
ပြည်တွင်းစစ်မီးကြောင့် စစ်ရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေသူများအား ခေါင်း ပုံဖြတ် အမြတ်ထုတ်၍ လူကုန်ကူးမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများရှိ လာကြောင်း သိရသည်။
လူကုန်ကူးသူများသည် ကချင် ပြည်နယ်အတွင်း မငြိမ်မသက်မှု ကြောင့် နေရပ်ဒေသအား စွန့်ခွာ ကာ စစ်ရှောင်စခန်းများတွင် သွား ရောက်နေထိုင်သူများအား ပြည်ပ အိမ်နီးချင်းနိုင်ငံတွင် အလုပ်အကိုင် ရရှိမည်။ အိမ်နီးချင်းပြည်ပနိုင်ငံသား နှင့် လက်ထပ်ပါက ကောင်းမွန်စွာ နေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ လူကုန်ကူးမှုများအား ကျူးလွန်ရန် ဆောင်ရွက်လျက်ရှိနေသည်ဟု ကု လသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင် ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ မှ တာဝန်ခံဒေါ်ဥမ္မာအိအိချောက ပြောသည်။
၎င်းက ဆက်၍ စစ်ရှောင်စခန်း များတွင် နေထိုင်သူများအား လက်နက်ကိုင်ခြိမ်းခြောက်၍ အတင်း အဓမ္မခေါ်ဆောင်သွားပြီး အိမ်နီးချင်း ပြည်ပနိုင်ငံတစ် ခုတွင် ရောင်းစားခဲ့ သည့်ဖြစ်စဉ်များလည်း ယခုလ အတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ပြော သည်။”နယ်မြေဒေသ မအေးချမ်း သေးတဲ့အခါကျတော့ဘယ်နှယောက် လောက်လူကုန် ကူးခံရတယ်ဆိုတဲ့ စာရင်းက အတိအကျမရသေးဘူး ဖြစ်နေတယ်”ဟု ၄င်းကပြောသည်။လူကုန်ကူးသူများသည် သ ဘာဝဘေးအန္တရာယ်များကြောင့် သော်လည်းေ ကာင်း၊ စစ်ဘေးဒဏ် ကြောင့်သော်လည်းကောင်း၊ စီးပွား ရေးအဆင်မပြေမှုကြောင့် ဆင်းရဲ နွမ်းပါးသူများနှင့် အယုံလွယ်သူ များကို အဓိကပစ်မှတ်ထား၍လူ ကုန်ကူးမှု များပြု လုပ်နေခြင်းဖြစ် သည်ဟု ၄င်းထံမှသိရသည်။ ထို့ ကြောင့် ကချင်ပြည်နယ်အတွင်းဖြစ် ပွားနေသော လူကုန်ကူးမှုဖြစ်စဉ် များနှင့် ပတ်သက်၍ပြည်နယ်အစိုးရ အဖွဲ့နှင့်KIA တို့ဘက်မှ စစ်ပွဲများ ကြောင့် လူကုန်ကူးမှု သားကောင် များအဖြစ်ကျရောက်နိုင်သော စစ် ရှောင်ပြည်သူများအား လူကုန်ကူး ခံရမှုမှ ကာကွယ်ပေးနိုင်မည့် အစီ အမံများနှင့် တားဆီးကာကွယ်မှု များအား စောင့်ကြပ်ပြုလုပ်ပေးရန် အထူး လိုအပ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger