လောကကြီးကိုခွဲခွာတဲ့အချိန်မှာ...(By-Ogdre)

Monday, April 9, 20120 မှတ်ချက်များ


"မွေးနေ့တစ်နေ့၊သေနေ့တစ်နေ့"ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော့်မှာရှောင်ရခက်ပါလား။ မွေးတုန်းကတော့ ကျွန်တော့်မိဘတွေက Celebration (ဥပမာ- ရက်၁၀၀ပြည့်မွေးနေ့အမှတ်တရ၊ ၁နှစ်ပြည့်မွေးနေ့အမှတ်တရ) တွေလုပ်ပေးနေခဲ့တာ သူငယ်ချင်းတို့မိဘတွေလည်းလုပ်ပေးမှာပေါ့နော်။ အဲ့လိုပျော်ရွှင်စရာအမှတ်တရလေးတွေနဲ့စပြီး ဘ၀ရဲ့ဒိုင်ယာရီလေးစတင်လာခဲ့တာပေါ့ဗျာ။ တချို့က မိခင်ဗိုက်ထဲမှာတင် အပြင်လောကရဲ့မှတ်တမ်းကိုအဆုံးထိတောင် နည်းနည်းစတင်ရေးဖို့ အခွင့်ရေးလေးတောင်မရှိဘဲ ပျောက်ကွယ်သွားခဲ့ပါတယ် (မိဘတွေကတော့ ဒီသားလေးသမီးလေး လောကကြီးကိုစောစောထွက်သွားရက်တယ်လို့...နောက်ဆုံးကြေးမုံသတင်းစာအထိတော့မပါသွားလောက်ပါဘူးဗျာ)။ အချို့တော်တော်များများကလည်း သတ္တ၀ါအဖြစ်နဲ့ လောကကြီးရဲ့ ဂိတ်ဝကိုစတင်ဝင်နေတဲ့အချိန်မှာသာအသက်ပျင်းပျင်းလေးရှူနိုင်ပြီးတော့ ဘ၀ခရီးမဆုံးမီ ခွဲခွာရပါတယ်ဗျာ။ အဲ့ဒီထက် ရှာပါးတာက ကလေးအသေမွေးဖွားခြင်းပါ။ လူ့လောကကနေ ချောချောမွေ့မွေ့လာပေမယ့် သူတို့မခွဲမီအထိမိဘတွေကိုကူညီခဲ့တာပါ။ ကျွန်တော်ကတော့ ကံသီပေလို့ပေါ့ဗျာ။

ဘ၀ရဲ့လောကကြီးအကြောင်းစတင်နေတဲ့အချိန်မှာ ကိုယ့်ရဲ့နောက်ကြောင်းပြန်တွေကို ပိတ်ထားခံရတာရှိပါတယ်ဗျာ။ ဒါပေမယ့်လေ စတင်နေလေတုန်း အားလုံးကကိုယ်ပိုင်ဆိုင်ထားတာချည်းပါပဲ။ အဲ့အချိန်တုန်းကအပိတ်မခံရပါဘူးဗျာ။ အချစ်ကိုလည်းပိုင်ဆိုင်တယ်။ အားလုံးဟာ သူခိုးလက်ထဲပါသွားရင် ကိုယ့်မှာ မပိုင်ဆိုင်တော့ဘူးပေါ့ (တရားနာတုန်းက ကြားထားခဲ့လို့ ဝေမျှတာဗျ။ တစ်မျိုးမထင်သွားနဲ့နော်)။ အကြင်နာတရားဆိုတာက လူတိုင်းပိုင်ဆိုင်ဖို့လွယ်လွယ်နဲ့ရနိုင်ပေမယ့် မကြိုးစားကြတော့ လောကာကြီးကိုထွက်ခွာတဲ့အချိန်မှာဒါတွေယူလာခဲ့ရမှာဖြစ်ပါတယ်ဗျာ။ သူများတွေကတော့ ငွေမှငွေ လာဘ်ရတယ်တွေဆိုတာက လူ့လောကမှာ မှတ်တမ်းလေးရေးရင်းလျှောက်ရင်း သေရင်တောင်ပါလာမှာပဲ။ အဲ့အတွေးမျိုးက သူဌေးအချို့မှာရှိတတ်ပါတယ်ဗျာ။ ဘ၀တစ်ခုမကူးမပြောင်းချင်း လုပ်ဖို့အများကြီးကျန်သေးတယ်။ ကျွန်တော်ပြောချင်တာက ဘ၀မှာရှေ့ဆက်ဖို့အလား အလာရှိသေးတယ်လေ။ နောက်ဘ၀မှာ ကိုယ်ပိုင်မည့်အရာအတိုင်းမပါလာဘူး (ဥပမာ-အချစ်၊အမုန်း၊ ငွေ၊ ကား၊ ရည်းစား၊ စည်းစိမ်၊ ခန္ဓာကိုယ်) ။ လောကကြီးကနေထွက်ပြီး နောက်လောကကိုကူးပြောင်းချိန်မှာ ပါလာမယ့်အမျိုးအစားတွေကတော့ (စိတ်ဓာတ်၊ အပြုအမူအရာ၊ ဘ၀များစွာကိုကျင်လည်နေသောဝိညာဉ်) တွေပေါ့ဗျာ။ ဒုက္ခဆိုတာ ကိုယ် လောကကြီးကိုအပြီးအပိုင်မခွာတုန်းရှိနေစမြဲပါ။ 


ဘာလို့အချစ်ကသေမှမပျောက်ဘူးလို့ လူတွေဆိုလိုသလဲဆိုတာကတော့ နည်းနည်းလွဲနေပါတယ်။ သေမှဒီခန္ဓာမှာသာပျောက်ကွယ်သွားမှာပါ။ အမုန်းကောတူတူပါပဲ။ မဟုတ်ရင် လောကကြီးရဲ့ဂိတ်အဆုံးကနေရာသက်ပန်ကျွတ်လွတ်ဖို့မဖြစ်နိုင်ပါ (ဥပမာ - ဝိညာဉ်၊ သရဲ)။ သူဌေးတွေရဲ့အထာက "ငါ့မှာရှိတဲ့ငွေတွေမကုန်မချင်း၊ ငါ့နောက်မလိုက်လာမချင်း ငါကတော့ မသေနိုင်သေးဘူး"  ဆိုတဲ့အတွေးတွေက သေတဲ့အထိဆွဲပြီး နောက်လောကကြီးကို ကူးဖို့က လူသားတွေ ကူညီရစမြဲ။ ဒါပေမယ့် နောက်ဘ၀သို့ ကောင်းကောင်းမွန်မွန် လောကအသစ်ကြီးသို့ဘာလို့ကူးစေချင်တာလဲ?

ကျွန်တော်လည်း သေရင် ကျွန်တော်ရေးထားတဲ့စာလေးတွေ၊ ၀ဘ်ဆိုဒ်တွေကကျန်ခဲ့မှာပဲလေ။ အသက်ပါသွားရင်လည်း နောက်ဘ၀တစ်ခုနဲ့ပဲအတိတ်တွေကအနောက်မှာကျန်ခဲ့မှာပါ၊ နောင်လောကကြီးအတွက်ပါလာဖို့ခဲယဉ်းပါတယ်ဗျာ။ နောက်လူကတော့ ယူလို့ရရင်တော့ မျိုးစဉ်လိုက်ဆက်ပေါ့ဗျာ။ ခု လောကကြီးခရီးမဆုံးသေးတုန်း အပြီးရေးမှ (မဟုတ်သော်ငြားလည်း နောက်တစ်နည်း) အဲ့ထက်ဆိုးသေးတယ်ဗျာ၊ ခုပဲအဆုံးသတ်တော့မယ် မဟုတ်ရင် ရေးနေတုန်း ဘ၀ကြီးရုတ်တရက်ပြီးသွားနိုင်တယ်၊ သူငယ်ချင်းတို့ရေ။ ဒါပဲနော်။

ပရလောကသား၊ သတ္တ၀ါတိုင်း အားလုံးကျန်းမာချမ်းသာကြပါစေ။ လောကကြီးကိုခွဲခွာတဲ့အချိန်မှာအခက်အခဲရှိမှာပါ။ ကျော်လွှားနိုင်ပါစေ။ (လောကကြီးကိုခွဲခွာတဲ့အချိန်မှာ...ဆိုသည့်ခေါင်းစဉ်ကိုဘာကြောင့်ပေးသောအခါ ကိုယ်မပိုင်ဆိုင်တာတွေနဲ့အခက်အခဲတွေနဲ့အရှေ့ဘ၀မှာကတည်းကရင်ဆိုင်ရဖူးမှာပါ။)

စာလုံးပေါင်းပဲဖြစ်ဖြစ် ဘယ်လိုအမှားမဆိုရှိခဲ့ပါလျှင် ခွင့်လွှတ်ပါခင်ဗျား။ ။ 
ချစ်ညီလေးကိုမင်းခန့်နားက ကြိုက်လို့တင်ထားပေးပါသည်........




                                                                                                                                       Ogdre (ကိုမင်းခန့်)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger