”သမီး အမေ့ဘက်ကို တစ်ချက်လောက် လှည့်ပြီး ပြုံးပြပါလား။ သမီးပြုံးရင် သိပ်ချစ်ဖို့ ကောင်းတယ်”၊ ”အစ်မကြော်ငြာတွေ လာမလား လို့ နေ့ တိုင်းကြော်ငြာတွေ စောင့် ကြည့် ဖြစ်တယ်”။
“အစ်မကိုအမြဲအားပေးမယ်” စတဲ့အသံတွေက မန္တလေးရောက် ထက်ထက်မိုးဦးကို သူ့ပရိသတ်တွေက တိုးဝှေ့နေရင်း ပြောနေကြတဲ့အသံတွေပါ။ ကဲ.. တစ်ပြည် လုံး က ထက်ထက် ပရိသတ်တွေ အတွက် ထက်ထက်ဘာတွေ ပြောထားလဲဆိုတာဖတ်ကြည့်ပေးပါဦး။
မေး-မန္တလေးမှာ မထက်ကြော်ငြာလာ မရိုက်ဖြစ်တာကြာပြီလို့ သိရတယ်။ ဘယ် လောက်တောင်ကြာသွားပြီလဲ။ အခုကြော်ငြာရိုက်တဲ့အချိန်မှာ ခံစားမှု ကကော။
ဖြေ- ၄၊၅၊၆ နှစ်တောင်မကတော့ဘူး။ ကြော်ငြာတွေ အခုပြန်ရိုက်တဲ့အခါမှာ စိတ်ကတစ်မျိုးဖြစ်ပြီး ရှက်နေတယ်။ ဒါရိုက်တာကတော့ အရင်အတိုင်း ပဲပြုံးပေး ပါပြောနေတယ်။ ကိုယ်က အသက်ကြီး လာပြီ၊မလုပ်ချင်တော့ဘူး ဆိုပြီး စိုးရိမ်နေတာ။ အခုဟာက ကလေးတွေ ခေတ်လေ။ သူတို့လုပ်ရမယ့် အချိန်လုပ်ရမယ့် အရွယ်လေ။ ပရိသတ်အတွက် လုပ်ပါဆိုပြီး ဒါရိုက်တာက ခိုင်းတာပါပဲ။
မေး-အခုအချိန်ထိ မထက်ကြော်ငြာတွေကို စောင့်ကြည့်တဲ့ ပရိသတ်တွေ မနည်းဘူး။ မထက်ကော အခုလွှင့်နေတဲ့ ကြော်ငြာတွေ ကိုကြည့်ဖြစ် လား။
ဖြေ-ကြည့်ဖြစ်ပါတယ်။ ကိုယ်က အငယ်တွေကို ကဲ့ရဲ့လို့လည်းမရဘူး။ ဆုံးမလို့လည်း မရဘူး။ ထိန်းသိမ်း လို့လည်းမရဘူး။ သင်ပေးလို့လည်းမရဘူး။ ဒါကသူတို့ ဘဝနဲ့ သူတို့ကဏ္ဍနဲ့ သူတို့လေ။ သူတို့လုပ်တတ် သလောက်တော့ လုပ်မှာပဲ။ ကိုယ်လည်း ဆရာတွေအများကြီးရဲ့ သင်ကြားမှုအောက်မှာ လုပ်ခဲ့တော့ ဝင်ရတာခြင်း၊ ရပ်တည် ရတာခြင်း၊ ဘဝချင်းက တူချင်မှ တူမှာလေ။ ကိုယ်စဝင်တုန်းက အဲဒီဆရာတွေက ထုထောင်းပြီး သင်ပေးခဲ့ကြတာ။ သူ့ နေရာနဲ့ သူဖြစ်အောင် သင်ပေးတယ်။ သီချင်း သံကြားတိုင်းလည်း ကပြနေစရာ မလိုဘူး။
မေး -အစ်မကိုသင်ပေးတဲ့ဆရာတွေက ဘယ်လို သင်ပေးလဲဆိုတာကို ဥပမာတစ်ခု၊ နှစ်ခုလောက်ပြောပါဦး။
ဖြေ- ဦးသန်းဖေလေးဆို ကိုကျော်ရဲအောင်နဲ့ ထက်ထက် ရိုက်တာကို ပြည်သူ့ရင်ပြင်မှာမနက် ၄နာရီ၊ ၅ နာရီအထိ မရမချင်း ရိုက်တာ ကတ် ၄ဝကျော်တယ်။ ရွှံ့တောထဲမှာ ရိုက်ရတာ။ အဲဒီတုန်းကဆို မင်းသမီးတောင် မလုပ်ချင်တော့ဘူး။ ဒါပေမဲ့လည်း ကိုယ်အသုံးမကျလို့ သင်ရတာလို့ မှတ်တယ်။ ကြိုးစားတယ်။ ကားထွက်လာတော့ ပင်ပန်း ရကျိုးနပ်ပြီး ကောင်းတော့ပျော်တယ်။ အဲဒီကားက ဆရာ စိုးမိုးဆီကနေ ဗီဒီယို တစ်ကား၊ ရုပ်ရှင် တစ်ကားရိုက်ပြီး ဦးသန်းဖေလေး ဆီရောက်တဲ့ အချိန်ပါ။ ဆရာစိုးမိုး ဆိုလည်း သေချာကို သင်ပေးခဲ့တာ။ ဆရာဖြစ်စေချင် တာက အများကြီး။ ကိုယ်သိတာက နည်းနည်းလေး။ ကားဆက်ခန်းထဲ မှာ ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အိုက်တင်က ကတ်ဆိုရပ် သွား ပြီ။ နောက်တစ်ခန်းရိုက်ရင် အက်ရှင်လို့ အော်တဲ့အခန်းနဲ့ ကွန်နျူနတီက ဆက်နေ ရတယ်ပြောပြီး ခေါင်းကိုခေါက်တာ။ အဲဒီ ခေါက်ချက်ကို ဒီနေ့အထိ မေ့မှမမေ့တာ။ ဦးထွန်းအောင်ဇော် ဆိုလည်း သင်ပေးခဲ့တာပဲ။ အိုက်တင်တွေ သင်ပေးကြတော့ အိုက်တင်နဲ့ ပတ်သက်ရင် ကြိုးစားချင်တယ်။
မေး-အောင်မြင်မှု သက်တမ်း ရှည်တဲ့ မထက် ရဲ့လျှို့ဝှက်ချက်များရှိလား။
ဖြေ- အဓိကကတော့ ဆရာတွေသင်ကြား ပေးတဲ့အပေါ်မှာ ကိုယ့်ရဲ့လုံ့လနဲ့ခံပြင်းပြီး ကြိုးစားမှုကြောင့်ပါ။ ခံပြင်းတာက ကောင်းသော ခံပြင်းခြင်းပါ။ ကိုယ့်ပရိသတ်အတွက် ကိုယ့်အနုပညာ အတွက်၊ ကိုယ့်မိသားစု အတွက်ဆိုပြီး ကြိုးစားရပါမယ်။ ပြီးတော့ မေတ္တာထားနိုင်ဖို့ ဘုရားမှာဆုတောင်း ပါတယ်။
မေး-ကြော်ငြာတွေရိုက်ခဲ့ တာနည်းတာမှ မဟုတ်ဘဲ။ အိုက်တင်မထပ်အောင် ဘယ်လို ပြင်ဆင်လဲပြော ပါဦး။
ဖြေ-အဲဒါတော့ အမှန်ပဲ။ ထက်ထက် က အလုပ်တစ်ခုလာအပ်ရင် အဲ ဒါကို တစ်ချိန်လုံး အဆက်မပြတ် စဉ်း စားနေတော့ တာပဲ။ ကားရိုက်ဆို လည်း အဲဒီလိုပဲ စိတ်ကို နှစ် ထား တယ်။ အိပ်မပျော် အောင်ကို စဉ်းစားတာ။ မေး-မထက်က အလုပ် အပေါ်မှာ စိတ် နှစ် ပြီး လုပ်တယ်လို့ မထက် ပြောလို့သိရပြီး၊ မထက် စိတ် နှစ်ပြီး အလုပ်ပေါ် မှာ အာရုံစိုက်နေတဲ့ အချိန်မှာ မိသားစု အရေးကိစ္စတွေကို အလုပ်နဲ့လဲပြီး ပေးဆပ်ခဲ့ ရတဲ့ မှတ်မှတ်ရရရှိခဲ့မလား။
မေး-ထက်ထက် အဘွားဆုံးတုန်းကတော့ အမှတ်တရပေါ့။ ထက်ထက်က မွေးမွေးချင်းတုန်းက အဘွား အပျိုကြီးနဲ့နေခဲ့တာ။ အဲဒီ အဘွားဆုံးတုန်းက အချိန်မီသွားချင်တာ။ အဲဒီမှာ ကားရိုက်ကလည်းရှိနေတယ်။ မနက် ဖြန်မှ ကားရိုက်ကပြီးမှာ။ ရန်ကုန်နဲ့ မိုးကုတ် ဆိုတာအဝေးကြီး ။ အရင်တုန်းက ၂ ရက် လောက်သွားရတာ။ အဘွားဆုံး ပြီဆိုတော့ စိတ်မငြိမ်ဘဲ အာရုံများနေတာ။ ကိုယ်သွားရင် ရိုက်နေတဲ့လူတွေ အကုန်လုံးက ကိုယ့်ကို စောင့်နေရမှာ။ ဘယ်လိုမှလည်း ညှိမရတာနဲ့ မသွားခဲ့ရဘူး။ အဲဒါ အမှတ်တရပါပဲ။ အဲဒီ ကားက ဗီဒီယိုပါ။
မေး- အခုဆို ပရိသတ်က မထက် အကြောင်းတင် မဟုတ်ဘူး၊ မထက်ရဲ့ သမီးအကြောင်းပါ မေးကြတော့သမီးအကြောင်းလေးပြောပါဦး။
ဖြေ- သမီးက စကားမပြော တတ်သေးပေမယ့် သိပ်ဥာဏ်ကောင်းတယ်။ သူမှိုင်နေတာ၊ ကပ်နေတာမရှိဘူး။ အမြဲမြူးနေတာ။ သူ ဗီဇတအား ကောင်းတယ်။ သူ့ကို ဘန်ကောက်မှာ မွေးပြီး တစ်ပတ်လောက်ပဲ ရှိသေးတယ် ဓာတ်ပုံရိုက်ရင် လျှာလေးထုတ်လိုက်၊ ရယ်ပြ လိုက်နဲ့ သူ့အဖေကိုလုပ်ပြနေတာ။ သူက ကတယ်၊ သီချင်းဆိုတယ်။ မျိုးစုံကိုလုပ်တာ ဗီဇပြတာပေါ့နော်။
မေး-ဟဲလေးနဲ့ မထက်သမီးရဲ့ အကြောင်း ကိုလည်းပြောပြဦးလေ။ ဖြေ-အဲဒါက မထက်က ကလေးမွေးပြီးပြီး ချင်းမှာ ဟဲလေးသီချင်းကို တစ်ချိန် လုံးနား ထောင် တယ်။ ဝိုင်းစုနဲ့ဟဲလေး သီချင်းကို ကြိုက်တော့ နားထောင်ပြီးမြူနေတာ။ ဟဲလေး သီချင်းနဲ့ သူ့ကိုသိပ်တာ ဆိုတော့ ဟဲလေးနဲ့ မစိမ်းဘူး။ ပွဲတစ်ခုမှာ ဟဲလေးက သီချင်း ဆိုနေတုန်း ဟဲလေးကို လက်ခုပ်တွေတီးပြီး အားပေးတာ။ ဟဲလေးလည်း အံ့သြပြီး သီချင်း တစ်ပုဒ်လုံးသာပြီးသွားတယ် စင်ပေါ်မှာ ဘယ်မှမရွေ့တော့ဘဲ သူရှေ့မှာ ဆိုပြနေခဲ့ တာလေ။သူကလည်းသရုပ်ဆောင်တာ၊ ဆိုတာ ဝါသနာပါပုံရတယ်။ သူလုပ်ချင်တာ အကုန် လုပ်ပေးမယ်။ ဒါပေမဲ့ ကိုယ့်လိုတော့ မပင်ပန်းစေချင်ဘူး။ ဒီအလုပ်က စိတ်ရှုပ်ရမယ်။ ပင်ပန်းတယ်။ သည်းခံရတယ်။ သူ့ကို ပညာတတ်လေး ပဲဖြစ်စေချင်ပါတယ်။
မေး-အခုမထက်ဆိုလည်း ပရိသတ်က တော် တော်ချစ်ကြတာ။ အခုမထက်နဲ့ သမီးနဲ့သွားရင် ပရိသတ်က ဘယ်သူ့ကို ပိုပြီးသည်းသည်း လှုပ်လဲ။
ဖြေ- သမီးလေးပေါ့။ သမီးမပါဘူးလား။ သမီးကိုချစ်လို့ဝိုင်းခေါ်ကြ။ စစ်လွန်းလေးဟာ ချောတယ်ပေါ့။ သူ့ကိုပိုချစ်ကြတာ။
မေး- အဲဒါဆိုမထက်လည်း သမီးနဲ့တွေ့မှ အရှုံးပေးလိုက်ရပြီပေါ့။
မေး- အဲဒါ အမှန်ပဲ။ သမီးကိုချစ်ကြတာ ဝမ်းသာပါတယ်။ ကိုယ်ကလည်း မင်းသမီးမလုပ် တော့ဘူး။ မင်းသမီးအမေပဲ လုပ်တော့မယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။