နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရောက်ပြီဆို ပရိသတ်တွေ အားလုံး ပျော်ကြသလို အနုပညာရှင်တွေကလည်း သူတို့တွေ အထိုင်ကျတဲ့ မဏ္ဍပ်မှာ ပရိသတ် တွေကို အားပါးတရ ဖျော်ဖြေရင်း သင်္ကြန် ကို ပျော်ရွှင်စွာဖြတ်သန်းလေ့ ရှိပါတယ်။ ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ အနုပညာရှင်တွေ ထိုင်မယ့် မဏ္ဍပ်ကို လိုက်လံ ကြည့်ရှု အားပေး ကြပါတယ်။ အဲဒါကြောင့် ဒီနှစ်သင်္ကြန်မှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ ဘယ်မှာ ရှိနေမ လဲဆိုတာ ကို မေးမြန်း ပြီး ဖော်ပြပေးလိုက်ပါတယ်။
ဒါရိုက်တာဝိုင်း
“ဒီနှစ်သင်္ကြန်ကို အစ်ကို အိမ်မှာပဲ စာရေးမယ်။ ဇာတ် ညွှန်းခွဲမယ်။ သင်္ကြန် ပြီးမှ ပြင်ဦးလွင်တက်ပြီး ဇာတ်ကား ပြန်စ ရိုက်မယ်”
ဘန်နီဖြိုး
“ကျွန်တော် ဆီဒိုး နားဟိုတယ်ရှေ့ နိုင်ဂရုပ် မဏ္ဍပ်မှာရှိမယ်။ ပြီးရင် သူငယ်ချင်းတွေ မဏ္ဍပ်ကို အလည်သွားမယ်”
ဖော်ကာ
“ကျွန်တော်လည်း S.I.R မှာရှိမယ်။ သင်္ကြန် မှာတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ထဲမပါအောင် ရေလည် ကဲ ပစ်လိုက်မယ်။ အခုလို S.I.R အဖွဲ့အနေနဲ့ တစ်စု တစ်စည်းတည်း ပျော်ကြ ရမယ်ဆိုတော့ ပိုပျော်ပါ တယ်” % ရေမွန် % “ကျွန်တော်လည်း S.I.R မှာရှိမယ်။ idiots တီးဝိုင်း အနေနဲ့သင်္ကြန်နဲ့ လိုက် ဖက်မယ့်ဟာ မျိုးလေးတွေ လုပ်ဖို့စီစဉ်ထားတယ်”
ထွန်းအိန္ဒြာဗို
“သင်္ကြန်ကို မန္တလေး Alpine မှာရှိပါမယ်”
စန္ဒီမြင့်လွင်
“သင်္ကြန်ကို မန္တလေးမှာရှိမယ်။ မန္တလေးကွှမညျေ-်သမာနမ (ထရန် စဖော်မာ) မဏ္ဍပ်မှာ သီချင်းဆိုမယ်။ သင်္ကြန် တွင်းတစ်ခုလုံး အဲဒီ မဏ္ဍပ်မှာပဲရှိမယ်”
ရဲတိုက်
“ကျွန်တော် အိမ်မှာပဲ ရှိမှာပါ။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေး ဆေးနေဖြစ်မှာပါ”
ကျားပေါက်
“ဒီနှစ်သင်္ကြန်ကတော့ ကမ္ဘာအေး S.I.R မဏ္ဍပ် မှာရှိမယ်။ ဟိုးတစ်နှစ်ကလည်း လုပ်ဖို့ စီစဉ်ကြတယ်။ ဒီနှစ်မှာ လုပ်ဖြစ်တယ် ပေါ့။ ခုကတည်းကစင်ပေါ်မှာ ကာဗာဆိုမယ့် သီချင်းတွေ စတိုက်နေပြီ”
ဝိုင်းစုခိုင်သိန်း
” ဒီနှစ် သင်္ကြန်ကို မန္တလေးက Alpineမဏ္ဍပ် မှာရှိမှာပါ”
မေသန်းနု
“သင်္ကြန်ကို နေပြည်တော် ရွှေ ဧည့်သည်SKY NETမဏ္ဍပ်မှာ သား နဲ့အတူရှိမယ်။သီ ချင်း ဆိုမယ်။ ကမယ်”
မင်းမော်ကွန်း
“ချောင်းသာ၊ ငွေဆောင်၊ ငပလီက ဟိုတယ်တွေလိုက် ချိတ်နေတယ်။ ရတဲ့ နေရာမှာ ရှိမယ်။ မိသားစု နဲ့အပန်း ဖြေမယ်”
ခင်လေးနွယ်
“သင်္ကြန် မန္တလေး Alpine မဏ္ဍပ် မှာရှိ မယ်။ သီချင်း ဆိုဖြစ်မယ်”
စိုးပြည့်သဇင်
“သင်္ကြန် ကို နေပြည်တော် ရွှေဧည့် သည် မဏ္ဍပ်မှာရှိမယ်။ သင်္ကြန်မှာက နှစ်တိုင်း သီ ချင်းဆိုတာပါပဲ”
မေခလာ
“နှစ်သင်္ကြန်ကို ပဲခူးမှာ သီချင်းဆိုရ မယ်။ တိုင်းဒေသကြီး ဗဟိုမဏ္ဍပ်မှာပါ”
အောင်ရဲလင်း
“သင်္ကြန်ကို အိမ်မှာပဲ အေးအေး ဆေးဆေးနားဖြစ် မယ်”
မိုးဟေကို
“သင်္ကြန်ကို အိမ်မှာပဲနားဖြစ်မယ်။ ဘာကြောင့်လဲ ဆို တော့ သင်္ကြန်က ကိုယ်ပိုင် နားရက် ဖြစ်နေလို့ပါ၊၊ အိမ်မှာပဲဘုရား၊ တရား လုပ်ဖြစ်မယ်”
နေတိုး
“ဒီနှစ်သင်္ကြန်ကို အိမ်မှာပဲ အေးအေး ချမ်းချမ်းအနားယူ ဖြစ်မယ်”
စိုင်းစိုင်းခမ်းလှိုင်
“ဒီနှစ်ပြည်လမ်း Alpineမဏ္ဍပ်မှာ ရှိမယ်”
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။