မြန်မာ့ အတာသင်္ကြန် နီးကပ် လာသည့်နဲ့အမျှ ရန်ကုန်မြို့တွင်းမှာ မဏ္ဍပ်တွေဆောက်လုပ် ပြီးစီးလု ဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလို မဏ္ဍပ်များမှာ
ရေပတ်လိုသူများ အနေနဲ့ သင်္ကြန်ရက် အပြည့် ရေပက်လိုပါက ရေပိုက် တစ်ပိုက်လျှင် ငွေကျပ် နှစ်သောင်းခွဲ မှ ငွေကျပ် ခြောက်သောင်း အထိ ဈေးနှုန်းမြင့် တက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို သင်္ကြန်အတွင်း ရေပိုက် ငှားရမ်းမှုမှာ မနှစ်ကထက် ၅၀ ရာခိုင်နှုန်းပိုမို ငှားရမ်းမှုတွေ ပြုလုပ်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေပိုက် ငှားရမ်းရုံနဲ့ အင်ဂျင်စက် ငှားရမ်းမှုပါ ပါဝင် တယ်လို့ သိရပါတယ်။ ဒီလို ငှားရမ်းရာမှာတော့ မိသားစုအိမ် ရေကစားမယ် ဆိုရင် အယောက် ၂၀ စာ ကစားနိုင်ပြီး သင်္ကြန် ၅ ရက်စလုံးကို တစ်သိန်း ခွဲနဲ့ငှားရမ်းမှုတွေ ပြုလုပ်နေပြီး မဏ္ဍပ်အကြီးများရဲ့ ငှားရမ်းမှုမှာတော့ ပိုက်ရဲ့ ပေတို ၊ပေရှည်ကို လိုက်ကာ အနည်းဆုံး ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၁၀၀ အထိ ရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။