၂၀၁၂ သင်္ကြန် ကာလ အတွင်းမှာ ရေပက်ခံ ထွက်တဲ့ ကားများ ပေါ်မှာ အန္တရာယ ဖြစ်စေနိုင်မယ့် လက်နက်များ ဖြစ်တဲ့ တုတ်၊ ဓားများကို သက်ဆိုင်ရာ တာဝန်ရှိ
သူတွေက ရှာဖွေ တွေ့ရှိပါက ချက်ချင်း အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ ပြောကြား ခဲ့ပါတယ်။ အဲ့ဒီ ရေပက်ခံ ထွက်တဲ့ ကားများပေါ်မှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက်များကို တွေ့ရှိပါက သင်္ကြန် အတွင်းမှာ တရားရုံးကို ဖွင့်ထားမှာ ဖြစ်တဲ့အတွက် ချက်ချင်း အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်သလို ပြစ်ဒဏ်များ ကိုလည်း ချက်ချင်းချ မှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သာမန်အားဖြင့် နာကျင်စေမှုအပြင် သင်္ကြန်အတွင်းမှာ ရန်ဖြစ်ခဲ့ပါကလည်း ချက်ချင်း အရေးယူ ဆောင်ရွက်မှာဖြစ်သလို မဏ္ဍပ်ပေါ်မှာ ခိုက်ရန် ဖြစ်ပွါးပါက ချက်ချင်း မဏ္ဍပ် ပိတ်ကာ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ကြန်တွင်း လုံခြုံရေး အတွက် မဏ္ဍပ်များမှာ CCTV ကင်မရာများကို တပ်ကာ အမြဲတန်း စောင့်ကြည့်ဖို့ အတွက် မော်နီတာ ကိုပါ ထားရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။