အာရှစီးပွားရေးအခြေအနေ တိုးတက်မှုများရှိလာမည်

Sunday, April 29, 20120 မှတ်ချက်များ

အာရှဒေသရဲ့ စီးပွားရေးအခြေအနေဟာ အခု ၂၀၁၂ခုနှစ်အတွင်းမှာ ၆ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း အာရှပစိဖိတ် ဒေသဆိုင်ရာ

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာ Annop Singh ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဆက်လက်ပြီး အဆိုပါ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ ဒါရိုက် တာက ဒေသတွင်း ၀ယ်လိုအားကောင်းမှုနဲ့ တရုတ်နဲ့ အိန္ဒိယတို့လို စီးပွားရေးဈေးကွက်တွေ ပေါ်ထွက်လာမှုတို့ကြောင့် အာရှဒေသကို ကမ္ဘာ့ဘဏ္ဍာရေး ပြဿနာကနေ ဦးဆောင် ရုန်းထွက်စေနိုင်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အာရှဒေသ အတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးတက်လာခဲ့ပြီး အထူးသဖြင့် အခုနှစ်ရဲ့ပထမသုံးလပတ် အတွင်းမှာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ အဆိုပါ နိုင်ငံတကာေ ငွကြေး ရန်ပုံငွေအဖွဲ့ ဒါရိုက်တာ Annop Singh ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေး အလားအလာ ကို ထုတ်ပြန် ကြေညာခဲ့ပြီးနောက်မှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ တိုးတက်လာတဲ့ အာရှရဲ့ စီးပွားရေး အခြေအနေဟာ ကမ္ဘာဘဏ္ဍာရေး ပြဿနာတွေ နောက်ထပ်ပိုမို တိုးမြင့်လာစေနိုင်တဲ့ ဖိအားတွေ ဖြစ်လာမှာကိုတော့ သတိပြုရမှာဖြစ်ကြောင်း၊ အခြားဒေသတွေက ကုန်တင်ပို့မှု အားကောင်းလာတာနဲ့အမျှ အာရှဒေသဟာ ကမ္ဘာစီးပွားရေး ပြဿနာကနေ ဦးဆောင်ြ ပီး ရုန်းထွက်မှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း သုံးသပ်ခဲ့တယ်လို့ သိရပါတယ်။
Reference : Asiavision.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger