၂၀၁၃ ခုနှစ် အတွင်း ချောင်းသာနဲ့ ငွေဆောင် ပင်လယ်ကမ်းခြေ ဒေသများနဲ့ အနီး တစ်ဝိုက်ရှိ ရွာတွေမှာ လျှပ်စစ်မီး ရရှိအောင် ဧရာဝတီတိုင်း ဒေသကြီးမှ
ဒေသဆိုင်ရာ အာဏာပိုင် တွေက အကောင် အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မှုမှာ ချောင်းသာနဲ့ ငွေဆောင် ပင်လယ် ကမ်းခြေ များကို (66)KV ဗို့အားရှိတဲ့ လျှပ်စစ် ဓာတ်အား လိုင်းကို ပေးဝေ သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၃ ဆီးဂိမ်းမှာ ငွေဆောင် ကမ်းခြေမှာ ရွက်လှေ ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ထား တာကြောင့်လည်း အဆိုပါ ပြိုင်ပွဲ မတိုင်ခင် လျှပ်စစ်မီးကိုရရှိအောင် ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မှု အတွက် လက်ရှိမှာ စတင် စီစဉ် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ ယခုအခါ မှာတော့ ချောင်းသာနဲ့ ငွေဆောင် ပင်လယ် ကမ်းခြေများမှာ နိုင်ငံတော် အစိုးရမှ လျှပ်စစ်မီးကို မရရှိသေးဘဲ လေအားမှ ရရှိတဲ့ လေအား လျှပ်စစ်နဲ့ ကိုယ်ပိုင် Generator များနဲ့သာ လျှပ်စစ်မီးကို သုံးစွဲနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။