ရန်ကုန်မြို့ အတွင်းရှိ ဒဂုံဧရာ အဝေးပြေးဝင်းနဲ့ အောင်မင်္ဂလာ အဝေးပြေး ၀င်းရှိ အဝေးပြေး ယာဉ်လိုင်း အချို့မှာ သင်္ကြန်ကာလ အတွင်း ပိတ်ရက်မရှိ ပြေးဆွဲ
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒဂုံဧရာ အဝေးပြေးနှင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ ယာဉ်လိုင်းပေါင်း ၁၂၅ လိုင်း ရှိတာ ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့ သင်္ကြန် အကြိုနေ့အထိကို ယာဉ်လိုင်း ၁၁၁ လိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧပြီလ ၁၃ ရက်နေ့ အထိ ကိုတော့ ရန်ကုန်မှ မန္တလေးကို သွားတဲ့ စည်းစိမ်ရှင် ယာဉ်လိုင်း၊ ရန်ကုန်မှ ဖိုးညိုသို့ သွားတဲ့ ဓူဝံယာဉ်လိုင်း၊ ရန်ကုန်မှ မြောင်းမြ သွားတဲ့ ချမ်းသာ ယာဉ်လိုင်း၊ ရန်ကုန်မှ ဘိုကလေး သွားတဲ့ နိုင်အောင်ကျော် ယာဉ်လိုင်းတို့က ပြေးဆွဲမှာ ဖြစ်ပါတယ်။
ဧပြီလ ၁၄ ရက်နေ့အထိ ကိုတော့ စံတော်ဝင် ယာဉ်လိုင်း၊ ရန်ကုန်-မုတ္တမသို့ ပြေးဆွဲတဲ့ ၀ိဟာရ ယာဉ်လိုင်းတို့ ပြေးဆွဲမှာ ဖြစ်ပြီး ဒီလိုပြေးဆွဲ ပေးတဲ့ စုစုပေါင်း ယာဉ်လိုင်း ကတော့ ၁၂၃ လိုင်း ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ မထသ ဗဟိုမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
အဆိုပါ ယာဉ်လိုင်း တွေဟာ သင်္ကြန် အတွင်းမှာ အချိန်ပြောင်းလဲမှု မရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲသွား မှာဖြစ်ပြီး ယာဉ်စီးခ နှုန်းထားများမှာ မူလ သတ်မှတ် ထားတဲ့ ယာဉ်စီးခ နှုန်းထား များအတိုင်းသာ ပြေးဆွဲဖို့ ယာဉ်လိုင်းတွေကို ညွှန်ကြားထားပြီး စည်းကမ်း လိုက်နာမှု မရှိတဲ့ ယာဉ်လိုင်းတွေ ကိုတော့ မထသ ဗဟိုကို တိုင်ကြား နိုင်တာ ဖြစ်ပါတယ်။ ဒီလို တိုင်ကြား ပေမယ့် အရေးယူမှု အတွက် ကိုတော့ အခု လက်ရှိမှာ စီစဉ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။ ဒီလိုသင်္ကြန် ကာလမှာ ပိတ်ခဲ့တဲ့ ယာဉ်လိုင်းတွေ ကတော့ သင်္ကြန် အပြီး ဧပြီလ ၁၇ရက်နေ့ နှစ်ဆန်း တစ်ရက် နေ့က စတင်ကာ ပုံမှန် အတိုင်း ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။