ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ နိုင်ငံခြားသတင်းထောက်တစ်ဦးနှင့် ပထမဆုံး အင်တာဗျူး

Monday, April 9, 20120 မှတ်ချက်များ

Sunday, January 22, 2012

သမ္မတဦးသိန်းစိန် -

မြန်မာနိုင်ငံရဲ့မြို့တော်က ကြိုဆိုပါတယ်(ဒီမှာမီးမပျက်ဘူး တွေ့လား)။ ၀ါရှင်တန်ပို့စ်ဟာ အမေရိကန်နိုင်ငံမှာ နာမည်ကျော်ကြားတဲ့ သတင်းစာတစ်စောင်ဖြစ်တယ်ဆိုတာကျွန်တော်သိပါတယ်(ဖောရှော)။ ဒါဟာ နိုင်ငံခြားမီဒီယာနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံမှုပါ(အရင်ကမတွေ့ရဲလို့)။ ဒါက ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးနဲ့အလုပ်သမားရေးရာဝန်ကြီးတို့ပါ(အုပ်တောင့်တယ်နော်)။
မြန်မာနိုင်ငံမှာ သမ္မတကြီး လုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေကို အနောက်နိုင်ငံတွေက စောင့်ကြည့်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် ပါတီကို ရှေ့လာမယ့် ဧပြီလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင်လုပ်ပေးတာ၊ တချို့တိုင်းရင်းသားအုပ်စုတွေနဲ့အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တာတွေပေါ့။ အချိန်တိုလေးအတွင်းမှာထူးထူးခြားခြားအပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲဖို့နဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ် တွေကိုစတင်ဖို့ ဘာတွေကများလှုံ့ဆော်ခဲ့ပါသလဲ။
ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ကျွန်တော်တို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နဲ့ပတ်သက်ပြီး တိုက်တွန်းအားပေးမှုတွေအများကြီးရှိပါတယ်(အလွတ်ကျက်ထားတာ)။
ပြုပြင်ပြောင်းလဲရေးတွေကိုပြည်သူတို့ရဲ့ လိုအင်ဆန္ဒတွေမှာ အခြေခံပြီးလုပ်တာပါ(ဖုန်းဆင်းကဒ် ၅၀၀၀ နဲ့တော့ မပေးနိုင်ဘူးနော်)။
ပြည်သူတွေကလည်း ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိတာကိုမြင်ချင်ကြပါတယ်(သူတို့ကမမြင်ဘူးလို့
မြင်ချင်တာ)။ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ရာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ အရေးကြီးပါတယ်(သူတို့ကိုကားပါမစ်ပေးလိုက်မယ်လေ)။ ဒါကြောင့် ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ
(ဓါတ်ပုံတွဲရိုက်ချင်လို့)။
ဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်တွေ့ဆုံတဲ့နေရာမှာလည်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ နားလည်မှုတစ်ရပ်ရရှိခဲ့ပါတယ်(ကျနော့်ကို မဲသခိုးလို့
နားလည်ပေးကြပါ)။ပြည်သူတွေက ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုမြင်ချင်တယ်(ကျနော်တို့ကတိုက်ပွဲအကြောင်းပြပြီး ပိုက်ဆံထုတ်ချင်တယ်) ။
ဒါကြောင့်လည်းကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်(သေတာများပြီးစစ်သားတွေလျော့သွားလို့) ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့လိုလားတောင့်တမှုတွေ အပေါ်မှာ အခြေခံပါတယ်(ဟုတ်ကဲ့ ၁၉၈၈ က
ပြည်သူ့ဆန္ဒကို ၂၀၁၂ မှာ အကောင်အထည် ဖော်ပါမယ်)။

သမ္မတကြီးကသာ ဦးမဆောင်ခဲ့ရင်ဒီလို ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ပြည်သူတွေရရှိနိုင်ခဲ့မှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတကြီးဆုံးဖြတ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်။ နောက်တစ်ဆင့် ဘာလာဦးမလဲ။ ဒီပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဦးမလား။

ကျွန်တော်တို့ရဲ့ အနာဂတ်ရေးရာတွေနဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုကိုမြင်ချင်ပါတယ်(ကျနော့်ကို ချောင်းမရိုက်ကြပါနဲ့)။
ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်(မြောက်ကိုရီယား အီရန်
နဲ့လေ)။
ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်(လှိုင်ခေါင်းတွေဆက်တူးဖို့ရာ
နဲနဲကျန်နေသေးလို့)။
ပြုပြင်ပြောင်းလဲရေးအစီအစဉ်မှာ နောက်တစ်ဆင့် ဘာလာမလဲလို့ သမ္မတကြီး ကျွန်မတို့နဲ့ မျှဝေနိုင်မလား။ သမ္မတကြီးရဲ့အနာဂတ်မျှော်မှန်းချက်ကဘာပါလဲ။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ခင်ဗျားသိဖို့လိုအပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်(ကျနော့် အဘ သန်းရွှေကြီး ဦးနေ၀င်းလိုမဖြစ်ဖို့ပါ)။ အဲဒါ တွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိဖို့ပါ(ဖောရှော)။
အနာဂတ်အတွက်ကတော့ အဲဒီ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လိုအပ်တာတွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားရမှာပဲဖြစ်တယ်(ကျနော်လုပ်မှဖြစ်မှာကျနော် ကျနော် ကျနော်)။

သမ္မတကြီးက အမေရိကန်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်ခဲ့ ပြီ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီ။ နောက်ပြီး တချို့တိုင်းရင်းသားအုပ်စု တွေနဲ့အပစ်အခတ်ရပ်စဲရေး အောင်မြင်ခဲ့ပြီ။ သမ္မတကြီးမှာ တိကျသေချာတဲ့ နောက်တစ် ဆင့်ရှိပါသလား။

ပါလီမန်ကလည်း ရှေ့လာမယ့် (ဧပြီ ၁)ကြားဖြတ်ရွေး ကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ရွေးကောက်ပွဲဥပဒေကို ပြုပြင် ပြောင်းလဲခဲ့ပါတယ်(တွေ့လား ဥပဒေက ငါ့လက်ထဲမှာရှိတယ်ကွ)
။အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်ပါပြီ(အဲလိုလုပ်မှ နိုင်ကျဉ်းတွေကို ပြန်လွှတ်မယ်လို့
ပြောလိုက်တာလေ)။ ဒေါ်အောင်ဆန်းစုကြည်လည်း ရှေ့လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပါလိမ့်မယ်(အရင်ရွေးကောက်ပွဲမှာတော့သူ့ကိုအကြောင်းရှာပြီး ထောင်ထဲထည့်ထားတယ်)။ ပြည်သူလူထုက သူ့ကို မဲပေးကြရင် သူရွေးချယ်ခံရပြီး ပါလီမန်အမတ်တစ်ဦးဖြစ်လာပါမယ်(ဖောရှော)။
သေချာပါတယ်(ကျနော် ဒီငါးနှစ် သမတ နေရာက ဖယ်ပေးဖို့ အစီအစဉ်မရှိပါဘူး)။
ပါလီမန်ကသူ့ကိုနွေးနွေးထွေးထွေးကြိုဆိုပါလိမ့်မယ်(ဒီဘက်မှာ အခု
အရမ်းအေးတယ်လေ)။ ဒါကျွန်တော်တို့ရဲ့ အစီအစဉ်ပါ(လုပ်ဇာတ်တွေကြိုခင်းထားတယ်
အားလုံးမျက်စိလည်သွားစေရမယ်)။ နောက်တစ်ခု ကျွန်တော် အသိပေးပြောကြားလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြောင်းပါ(ဒီကောင်တွေမရှိရင် စစ်တပ် ဘာ့ဂျက် နည်းသွားမှာပေါ့)။
ပထမဦးဆုံးအနေနဲ့နှစ်ဦးနှစ်ဖက်ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်ပါတယ်(သူတို့ကို ယုန်တွေလို့မြင်ပါတယ်)။
တချို့ကိစ္စတွေမှာတော့ ကျွန်တော်တို့ သဘောတူညီမှုတွေရရှိပြီးပါ ပြီ(လက်နက်တွေတိတ်တိတ်ရောင်းထားတာကို ကြိုနှုတ်ပိတ်ထားတယ်)။
ဒီသဘောတူညီချက်ကနေပြီးနှစ်ဖက်စလုံး သဘောတူညီချက် တစ်ရပ်လက်မှတ်ထိုးပြီး လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ ဥပဒေဘောင်အတွင်း ၀င်ရောက်ဖို့ လိုအပ်ပါတယ်(လက်နှက်အဟောင်းတွေမယူလာနဲ့ ထပ်ရောင်းဘို့အသစ်တွေရှိတယ်)။

သမ္မတကြီးတို့ ကရင်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီမဟုတ်လား။

ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ ရှိပါတယ်(ဖောရှော)။ အဲဒီ့အဖွဲ့တွေအကုန် လုံးနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်(ဓါတ်ပုံသွားရိုက်တာလေ အီယူနဲ့အမေရိကန်ကို
ဖားဖို့)။ အဲဒီ့ထဲမှာ တချို့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ကျွန်တော်တို့ သဘောတူ ညီချက်တွေရရှိခဲ့ပါတယ်(ဝေစားမျှစားလုပ်ကြမယ်ပေါ့)။
ဒါပေမဲ့ ဒါဟာမပြီးဆုံးသေးပါဘူး(ပြီးရင် အကြောင်းပြစရာ
အလုပ်မရှိဖြစ်သွားမှာပေါ့)။ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေဆက်လုပ်နေပါတယ်(ဟို ၁၀၉ ၁၁၀ တွေကိုခိုင်းထားတယ်)။

သူတို့တွေ (တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ) ဥပဒေ ဘောင်အတွင်း ပြန်လာသင့်တယ်လို့ ပြောတာလား၊ သမ္မတကြီး ဘာကိုဆိုလိုချင်တာပါလဲ။

ဒါဟာ နှစ်ဖက် သဘောတူညီမှုအပေါ်မှာ အခြေခံထားတာပါ(ပြည်သူ့သဘောထား မပါ ပါဘူး)။ မကြာခင် ကျွန်တော်တို့နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်(အခု မငြိမ်းချမ်းသေးပါဘူး)။ ဒါပေမဲ့ အချိန်တော့နည်းနည်းလိုပါတယ် (ဦးသန်းရွှေကြီးသေသွားတဲ့အထိပါ
ခဏစောင့်ပေးကြပါ)။
အကယ်၍ ရှေ့လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန် စုကြည် အခြေအနေကောင်း တယ်ဆိုရင် သူ့ကို ၀န်ကြီးနေရာ တစ်နေရာပေးဖို့ စဉ်းစားထားလား။

ဒါဟာ ရွေးကောက်ပွဲနဲ့ ပြည်သူတွေက သူ့ကို မဲပေး၊ မပေးပေါ်မှာမူတည်ပါတယ်(ဖောရှော)။ သူ ရွေးချယ်ခံရပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါလီမန်အမတ်ဖြစ်လာပါလိမ့်မယ်(ဖောရှော)။
အခုကျွန်တော်တို့ အစိုးရအဖွဲ့ထဲမှာရှိတဲ့ ၀န်ကြီးတွေအားလုံးဟာ ပါလီမန်ရဲ့ သဘောတူညီချက်အပေါ်မှာ အခြေခံပြီး ခန့်အပ်ထားတာပါ(ပြည်သူတွေ သဘောတူတဲ့လူတစ်ယောက်မှ မပါပါဘူး)။

သမ္မတကြီး သူ့ကို (ဒေါ်အောင် ဆန်းစုကြည်)၀န်ကြီးတစ်ဦးဖြစ်လာတာ မြင်ချင်ပါသလား။

ခန့်အပ်ခံရတယ် ဒါမှမဟုတ် ပါလီမန်က သဘောတူညီလိုက် တယ်ဆိုရင် သူ(ဒေါ်အောင်ဆန်းစုကြည်) ၀န်ကြီးအဖွဲ့ဝင်ဖြစ်လာတာကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်(ဖောရှော)။

အနာဂတ် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် သမ္မတကြီး ရဲ့မျှော်မှန်းချက်က ဘာပါလဲ။ အဲဒီ့ဆက်ဆံရေးအတွက် သမ္မတကြီးရဲ့ မျှော်လင့်ချက်တွေကဘာပါလဲ။ နောက်ဘယ်လိုများ ဖွံ့ဖြိုးပြောင်းလဲစေလိုပါသလဲ။

အမေရိကန်-မြန်မာဆက်ဆံ ရေးနဲ့ပတ်သက်ပြီး ကျွန်တော်အချက်သုံးချက်ပြောလိုပါတယ်(၀မ်ကြားပေါင်က
ဒီအတိုင်းမှာထားလို့ပါ)။ ပထမဦးဆုံး ကျွန်တော်တို့ အမေရိကန်နိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးပြီးပါပြီ(ငါတို့ နှစ်၂၀ကျော်လုပ်ခဲ့တာတွေ ဘွာတေးနော်)။
နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် ကျွန်တော်တို့ နိုင်ငံကိုလည်ပတ်ခဲ့တယ်(ကျနော်ဘယ်လိုကြိုခဲ့လဲ တွေ့တယ်မလား)။
နောက်ဒီနေ့ပဲ ကျွန်တော်တို့ဆီကို အထက်လွှတ်တော် မစ်ခ်ျမက်ကော်နယ်လာလည်တယ်(သူက စိတ်မချလို့ထပ်လာတာတဲ့)။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ကို (သံတမန်ဆက်ဆံရေးမှာ) သံအမတ်ကြီးအဆင့်နဲ့ ကိုယ်စားမပြုရသေးဘူး(ကျနော့်ကို လူရာမသွင်းသေးဘူး)။ ဒီ(သံတမန်)
ကိုယ်စားပြုခြင်းကိုမြှင့်တင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်(ကျနော်ကို လူရာသွင်းပါတော့ဗျ)။
တတိယတစ်ချက်ကျွန်တော်ပြောချင်တာကတော့ အမေရိကန်နဲ့ အီးယူ (ဥရောပသမဂ္ဂ)က ကျွန်တော်တို့ နိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုတွေလုပ်ထားပါတယ်(ကျနော်တို့
ဘဏ်ထဲကပိုက်ဆံတွေ ထုတ်လို့မရဖြစ်နေတယ်)။ အခုဆိုရင်နှစ်ပေါင်း ၂၀ နီးပါးရှိပြီ။ ဒါတွေကို ဖြေလျှော့ပေးတာ ကျွန်တော်မြင်ချင်ပါတယ်(ဘဏ်ထဲကို ထပ်ထည့်ဖို့ ပိုက်ဆံတွေဂိုဒေါင်နဲ့ မဆန့်တော့လို့ပါ)။
နောက်တဖြည်းဖြည်းနဲ့ပိတ်ဆို့မှုတွေကိုဖယ်ရှား ပေးဖို့ပါ(ချက်ချင်းအကုန်မဖယ်လိုက်နဲ့အုံးနော် ဖုန်းဈေးကားဈေးတွေကွဲကုန်မယ်)။
နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ဆက်ဆံရေးကို ပုံမှန်ဖြစ် အောင်လုပ်မယ်၊ အမေရိကန်နဲ့ မြန်မာနိုင်ငံသံအမတ်ကြီးတွေဖလှယ်ကြမယ်လို့ ကြေညာခဲ့ပါ တယ်။
ဟုတ်ပါတယ်(ကျနော် CNN ကြည့်တယ်လေ)။ ကျွန်တော်လည်း သတင်းတွေကြားပါတယ်(VOA
လည်းပုံမှန် နားထောင်ပါတယ်)။ ဒီနေ့ထိတော့ သံအမတ်တစ်ဦးခန့်အပ်လိုက်တယ်ဆိုပြီး မကြေညာသေးပါဘူး(သူ ကျနော့်ကိုမယုံသေးဘူး)။
အနောက်နိုင်ငံတွေကကျွန်တော်တို့ကို လုပ်စေချင်တဲ့ လိုအပ်ချက်သုံးချက်ရှိပါတယ်(အမှန်က အချက် ၃၀၀ လောက်ရှိတယ်)။ ပထမတစ်ချက်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့(ကိုညွန့်ကို ရောပြီး လွှတ်ပေးဖို့နိုင်ကျဉ်းတွေကို အချိန်ဆွဲထားတာ)၊
ဒုတိယတစ်ချက်က ရွေးကောက်ပွဲကျင်းပဖို့ (အစိုးရဖွဲ့ပြီး တစ်နှစ်ကျော်ကြာမှ
လစ်လပ်နေတာတွေကို ပြန်ရွေးမယ်လေ တကယ်တော့ လွှတ်တော်ထဲမှာ
တစ်ယောက်မှမရှိလည်းဖြစ်ပါတယ် ကျနော်တစ်ယောက်လုံးရှိနေတာပဲ
မစိုးရိမ်ကြပါနဲ့) ၊တတိယ တစ်ချက်ကဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအစီအစဉ်မှာ ပါဝင်လာဖို့ ဆိုပြီးဖြစ်ပါတယ်(ပါချင်ယောင်ပဲပါရမှာနော် ဟိုကောင် စိုင်းမောက်ခမ်းလို
ဖွင့်ပွဲရှောက်သွား ဖဲကြိုးဖြတ် ပေါ့)။ ကျွန်တော်တို့ ဒီသုံးချက်စလုံးကိုအောင်မြင် အောင်လုပ်ဆောင်ပြီးပြီလို့ယုံ ကြည်တယ်
(ကိုယ့်ဖာသာကိုယ်တော့ ပြီးပြီပဲ)။ အနောက်နိုင်ငံတွေကလည်း သူတို့ဘက်က လုပ်စရာ ရှိတာ လုပ်ပေးဖို့လိုအပ်ပါတယ် (ငွေမည်းတွေ ငွေဖြူဖြစ်ချင်လှပြီညညအိပ်မပျော်လို့)။ ခုနကျွန်တော်ပြောခဲ့တဲ့အချက် သုံးချက်ကိုအရေးယူဆောင်ရွက် ရာမှာလည်း တခြားသူတွေက ကျွန်တော်တို့နိုင်ငံအပေါ် ဖိအား ပေးနေလို့ လုပ်ခဲ့တာမဟုတ်ပါဘူး(၀မ်ကြားပေါင်က ရပြီ လို့ပြောလို့)။ ကျွန်တော်တို့ လုပ်ခဲ့တာ ကျွန်တော်တို့ နိုင်ငံအတွက် လို အပ်တယ်ထင်လို့ လုပ်ခဲ့တာပါ
(၁၉၈၈ ကနေ ၂၀၁၁အထိ မထင်ခဲ့လို့ပါ)။

ဒါဟာ ပိတ်ဆို့တားဆီးမှုတွေရဲ့ ဖိအားကြောင့်(ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဖို့ တွန်းအားဖြစ်လာတာ)မဟုတ်ဘူးလား။ ပိတ်ဆို့တားဆီးမှုတွေကအလုပ်မဖြစ်ဘူးလား။

ပိတ်ဆို့တားဆီးမှုတွေက ကျွန်တော်တို့ အစိုးရကို ထိခိုက်စေဖို့ရည်ရွယ်ခဲ့တာပါ (တွေ့လား ဒါလောက်နဲ့ ကျနော်တို့ပြုတ်မကျသွားပါဘူး ဒီကနေ့ ဒီမှာထိုင်ပြီး ဒီလိုစကားပြောနိုင်သေးတယ်လေ
အကွက်စေ့တယ် မလား)။ ဒါပေမဲ့ တကယ်တမ်းကျတော့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားပဲထိခိုက်ခဲ့ပါ တယ်(လုပ်ချင်တာလုပ်ခဲ့တာတွေကို ဒီလိုမျိုးလွှဲချရမယ် ငါကွ)။
ယခင်အစိုးရကိုလည်း မထိခိုက်ပါဘူး(ဦးသန်းရွှေကို ကျနော် အဖေလို
ကိုးကွယ်ပါတယ်)။ ကျွန်တော်တို့ နိုင် ငံမှာ ဒီမိုကရေစီစနစ်ဆီကို လွှဲပြောင်းပေးနိုင်ဖို့ရာ (ယခင်အစိုးရက)လုပ်ငန်းစဉ်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ် (ဦးသန်းရွှေက၀မ်ကြားပေါင်စကားနားထောင်တယ် ကျနော်ကဦးသန်းရွှေစကားနားထောင်တယ်)။

၂၀၀၄ ခုနှစ်က ချမှတ်ခဲ့တဲ့ အဆင့်ခုနစ်ဆင့်အစီအစဉ်အကြောင်း သမ္မတကြီးပြောနေတာလား။

ကျွန်တော်တို့နိုင်ငံမှာ ဒီမို ကရေစီစနစ် အကောင်အထည် ဖော်နိုင်အောင် ယခင်အစိုးရက အချက်ခုနစ်ချက်ပါ အစီအစဉ်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်
(ဒီပဲရင်းမှာ ကျနော်တို့ ထင်သလိုအဖြစ်ခဲ့လို့ ဒီအရူးကွက်ခင်းလိုက်ရတာပါ)။
သူတို့ကလိုအပ်တာတွေကိုတစ်ဆင့်ချင်းလုပ်ကိုင်ခဲ့တာပါ (ဒီတစ်ဆင်းချင်းက ၂၂နှစ်တောင်ခံခဲ့တာ)။

ဒီမိုကရေစီကို အကောင်အထည် ဖော်နိုင်ဖို့ သူတို့က အဲဒီ့အစီအစဉ်ကို ချမှတ်ခဲ့တယ်ပေါ့။

ဒါဟာ အမှန်ပါပဲ(ဒီမိုကရေစီဆိုတာ ကျနော်တို့ ပါးစပ်ကပြောဖို့ ၂၂နှစ်တောင်
ကျနော့်ဆွေမျိုးတွေအတွက် အလုပ်ကြိုးစားခဲ့ရတယ်ဗျ)။
သမ္မတကြီး ဘာဖြစ်လို့ အခုချိန် မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ် နေသလဲလို့ လူတွေက တွေးတောနေကြတယ်။ သမ္မတကြီးရဲ့ အဖြေကတော့ ဒါဟာ ဟိုးအချိန်အကြာကြီးကတည်းက စီစဉ်ထားခဲ့ပြီး အဆင့်ဆင့်သွား နေတယ်လို့ ပြောချင်တာပေါ့။

စနစ်တစ်ခုကို ပြောင်းလဲတဲ့ အခါမှာ နေ့ချင်းညချင်း ပြောင်းလဲလို့မရပါဘူး(အရင်က ဒီလိုအစီအစဉ်မရှိပါဘူး ဟိုကောင် မူဘာရတ်နဲ့ကဒါဖီးကြောင့်ပေါ့)။ နေ့ချင်းညချင်း ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံတချို့ယိုယွင်းပျက်စီးသွားခဲ့ကြပါတယ် (ဒီကောင်တွေကကျနော်တို့လောက်
မနပ်ဖူးလေ)။ဒါကြောင့်လည်း ကျွန်တော်တို့က အဆင့်ခုနစ်ဆင့်ပါ လမ်းပြမြေပုံကို ရေးဆွဲပြီးတော့ တစ်ဆင့်ချင်း လုပ်ကိုင်သွားတာပါ(ဆရာဝမ်ကြားပေါင်ကို ကျေးဇူးတင်လျက်ပါ)။
ကျွန်တော်တို့ဟာ ဒီမိုကရေစီ စနစ်နဲ့အညီရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတာ ခင်ဗျားမြင်တွေ့နိုင်ပါတယ်(ဒီနိုင်ငံက ဒီမိုကရေစီဆိုတာ
သေနတ်ပြောင်ဝမှာရှိတယ်)။

ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ ၂၅ ရာ ခိုင်နှုန်းကို စစ်တပ်အတွက်ဖယ် ထားပါတယ်။ နောက်ပြီး သမ္မတကြီးကိုယ်တိုင်အပါအ၀င် အစိုးရ အဖွဲ့ဝင်အများစုဟာ စစ်ဘက်အရာရှိဟောင်းတွေပါ။ ကျွန်မ တို့အတွက် ဒီမိုကရေစီဆိုတာ အရပ်ဘက် အစိုးရက စစ်တပ်အပေါ်သြဇာရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။

စစ်ဘက်ဟာ အမှုဆောင် အဖွဲ့အစည်း(၀န်ကြီးအဖွဲ့)မှာ ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး (၀န်းကြီးအဖွဲ့ရဲ့ အထက်ကို ပို့ထားပါတယ်)။
ခင်ဗျား ကျွန်တော်တို့ ပါလီမန်ကို ကြည့်မယ်ဆိုရင်တောင်မှ လေးပုံတစ်ပုံကိုစစ်တပ်အတွက် ဖယ်ထားပါတယ်(သူတို့ကကျနော်ပြောသလိုလုပ်မယ့် ကျနော့် ငယ်ကျွန်ကြီးတွေလေ)။ ကျွန်တော်တို့ စစ် ဘက်ကို နောက်ချန်ထားလို့မရပါဘူး(ကျနော် ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ပါ)။
ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာစစ်ဘက်ရဲ့ ပါဝင်ဆောင်ရွက်မှုကို ကျွန်တော်တို့လိုအပ်လို့ဖြစ်ပါတယ်(ဒါကျနော်တို့ သဘောထားပါပြည်သူ့သဘောထားမဟုတ်ပါဘူး)။

အမေရိကန်ရဲ့ အမြင်ကတော့ တောင့်တင်းတဲ့ စစ်ဘက်ရှိရပါ မယ်။ ဒါပေမဲ့ အရပ်သားတွေက အာဏာရှိရမယ်လို့ဖြစ်ပါ လိမ့်မယ်။ ကျွန်မတို့ရဲ့ သမ္မတဟာ ကျွန်မတို့နိုင်ငံစစ်ဦးစီးချုပ် ထက်ပိုပြီးသြဇာအာဏာကြီးပါတယ်။ ကျွန်မတို့အတွက်တော့ အဲဒါဟာဒီမိုကရေစီဖြစ်ပါတယ်။ ဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သမ္မတကြီးဘယ်လောက်ထိ လုပ်သွားမလဲ။
ကျွန်တော်တို့ရဲ့ အခြေခံဥပဒေကို လေ့လာနိုင်မယ်လို့ထင်ပါတယ်(၀မ်းကြားပေါင်
ရေးပေးထားတာလေ)။ (အဲဒီ့အခြေခံဥပဒေအရ) ကျွန်တော်တို့ရဲ့ နိုင်ငံမှာလည်း သမ္မတကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြီးအကဲကိုခန့်အပ်ပါတယ်(ကျနော်လည်းမကြာခင်
ဂျပုမင်းအောင်လှိုင်ကို ဖြုတ်ပြပါ့မယ်)။

အမေရိကန်ဟာ သမ္မတကြီးတို့ နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆက်ဆံရေးကို ပူပန်နေပါတယ်။ အထက်လွှတ်တော်အ မတ်ရစ်ချက်လူဂါကလည်း မကြာသေးမီကပဲသမ္မတကြီးတို့ နိုင်ငံဟာ ကိုရီးယားပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယားအစီအစဉ် တစ်ရပ် လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နေမယ်လို့ပြောကြားခဲ့ပါတယ်။ သမ္မတကြီး ဒီအပေါ်မှာ မှတ်ချက်ပေးနိုင်မလား၊ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ဘက်အဆက်အသွယ်တွေကို ဖြတ်တောက်ဖို့ စိတ်အားထက်သန်ပါသလား။

ကျွန်တော်တို့မှာ ကိုရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နဲ့ သံတမန်ရေးဆက်ဆံမှုရှိပါတယ်(တိုင်းရင်းသားတွေနဲ့တော့ မရှိပါဘူး)။(ဒါပေမဲ့)ကျွန်တော်တို့မှာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ဒါမှမဟုတ်နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ ဘယ်လို ဆက်ဆံရေးမျိုးမှမရှိပါဘူး(ထင်ယောင်ထင်မှာဖြစ်အောင် ဘယ်ပြ ညာရိုက်တာပါ)။
ဒါတွေဟာ စွပ်စွဲချက်တွေပဲဖြစ်ပါတယ်(၀မ်ကြားပေါင်က ဒီလိုဖြေ လို့
မှာထားလို့ပါ)။ နိုင်ငံတကာရေးရာ နယ်ပယ်မှာ ကျွန်တော်တို့နိုင်ငံဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးအတွက် ရပ်တည်နဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်(ဘယ်မှ မရောက်စေရဘူး
လှိုင်ခေါင်းထဲမှာ ပဲ သိမ်းထားတာပါ)။ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အမြဲတမ်းလိုက်နာခဲ့ပါတယ်
(နုရင်ဘတ်ရုံးကိုတော့သွားရဲဘူးနော်)။(နျူကိစ္စနဲ့ပတ်သက်တာ)တွေဟာ စွပ်စွဲချက်သက်သက်ပဲဖြစ်ပါတယ်(ကျနော်လုပ်တာဟုတ်ဖူး ကျနော့် အဘတွေလုပ်တာ)။
ကျွန်တော်တို့မှာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဘယ်လို နျူကလီးယား ဒါမှမဟုတ် လက်နက်ပူးပေါင်းဆောင်ရွက်မှုမျိုးမှမရှိပါဘူး (ကျနော်က ကိုယ်ဖာသာကိုယ်စက်ရုံတည်ပြီး
လက်နက်တွေ ရောင်းစားနေတာပါ)။ မြောက်ကိုရီးယားနိုင်ငံကလည်း ကျွန်တော်တို့ နိုင်ငံအတွက် အကူအညီပေးနိုင်တဲ့အခြေအနေမရှိပါဘူး(ဂျုံကြီးက သေသွားပြီလေ)။
နောက်ပြီး ကျွန်တော်တို့ မှာနျူကလီးယားအစီအစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ငွေကြေးအင်အားမရှိပါဘူး(ဆရာဝမ်က ဒီလိုဖြေဖို့သင်ထားတယ်)။
သမ္မတကြီးတို့နိုင်ငံကို နိုင်ငံတ ကာအဏုမြူစွမ်းအင်အေဂျင်စီက စစ်ဆေးရေးမှူးတွေကိုခွင့်ပြုဖို့ ဆန္ဒရှိပါသလား။

ကျွန်တော်တို့ဟာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ထပ်တိုးထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လက်မှတ်ထိုးဖို့ လုပ်ဆောင်နေပါတယ်(လောလောဆယ်တော့ဖုံးတာ ဖိတာ ဖွက်တာတွေလုပ်နေလို့ မလာပါနဲ့အုံး)။ ဒါကို လေ့လာဖို့လိုအပ်ပါတယ် (အချိန်နဲနဲပေးပါ ပြန်သွားရင်
ပတ္တမြားတစ်လုံးထည့်ပေးလိုက်မယ်နော် သိပ်ကျပ်တာတွေမမေးဖို့ ပြောထားတယ်လေ)။
အတည်ပြုပေးဖို့ ကျွန်တော်တို့ လွှတ်တော်ကိုလည်း တင်ပြရပါဦးမယ်(ဒီအရှုပ်ထုတ်ကို ကျနော့်ခေါင်းပေါ် အကျမခံနိုင်ပါဘူး)။

အမေရိကန်စာဖတ်သူတွေကို သမ္မတကြီး ပြောချင်တာများရှိပါသေးသလား။

ကျွန်တော့်ရဲ့ သတင်းစကားကတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ(ကျနော် အားလုံးကို အယောက်စေ့
သေနတ်နဲ့ချိန်ထားပြီးပါပြီ)။ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့အတွက် ကျွန်တော်တို့ရှေ့ဆက်သွားဖို့ပဲရှိပါတယ်(ကျောက်ဖြူကရေနံပိုက်လိုင်းအမြန်ဆွဲနေရတယ်) ။ နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက်လုံးဝမရှိပါဘူး(ဗမာပြေကို ၀မ်ကြားပေါင်ဆီရောင်းစားထားတာနောက်ပြန်မလှည့်နိုင်ပါဘူး)။ ကျွန်တော်တို့ အစိုးရတက်လာတာ ကိုးလပဲရှိပါသေးတယ်(ကမန်းကတန်းရုပ်မပျက်အောင်မနဲဖုံးဖိနေရတယ်)။
ဒီမိုကရေစီအတွေ့အကြုံနဲ့အလေ့အ ကျင့်တွေအတွက်တော့ကျွန်တော်တို့မှာ အတွေ့အကြုံနဲ့ အလေ့အကျင့် အနည်းအကျဉ်းပဲရှိပါသေး တယ်(အာဏာရူးဘ၀နဲ့
နေသားကျနေတာ ကြာသွားလို့ပါ)။ နှစ်ပေါင်းတစ်ရာကျော် ဒီမိုကရေစီကျင့်သုံးခဲ့တဲ့အမေရိကန်လို နိုင်ငံနဲ့တော့ ကျွန်တော်တို့ နှိုင်းယှဉ်နိုင်မယ်လို့ မထင်ပါဘူး(ကျနော် အဆင်မပြေရင်
အမေရိကန်ကိုပဲပြေးလာမှာနော်) ။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ အဓိကလိုအပ်ချက် နှစ်ချက်ရှိပါတယ်(တစ် ဦးသန်းရွှေမသေသေးပါနှစ် ကျနော်တို့ ဘုန်းထားတဲ့ ပိုက်ဆံတွေ ဘယ်မှာထားမှာလဲမသေချာသေးလို့ပါ)။ ပထမ တစ်ချက်ကပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပါ(ဖောရှော)။ ဒုတိယကတော့ ကျွန်တော်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလိုအပ်ပါတယ်(ဆောရီး ကျနော်တို့ စားတာများသွားလို့ပါ)။(ဒါကြောင့်လည်း) ကျွန်တော်တို့ ပြည်သူတွေရဲ့လူမှုဘ၀တိုးတက်လာဖို့အ တွက် ကျွန်တော်တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် လိုအပ်တာတွေကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်(ကားပါမစ်ကို သိန်းရာကျော်ယူပါတယ်ဖုန်းတစ်လုံးကိုသုံးသိန်းနဲ့ရောင်းပါ့မယ် မီတာခတော့တက်ပြီးပါပြီ)။ နောက် ကျွန်တော်တို့နိုင်ငံသားသုံးသန်းလောက် တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေပါတယ်(ဒီကောင်တွေကို ခေါ်ထားတဲ့နိုင်ငံတွေကို ကျေးဇူးပါလမ်းပေါ်ထွက်မယ့် အရွယ်တွေ လျော့သွားတာပေါ့)။
ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းရှိပါတယ်(ကျနော့် အဘ နဲ့ ကျနော်တို့ တသိုက်ရဲ့ဆွေမျိုးသားချင်းတွေ မပါပါဘူး)။ ဒါဟာဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံအပေါ် အနှစ် ၂၀ ကျော်လောက် ပိတ်ဆို့ တားဆီးမှုတွေ ချမှတ်ထားလို့ဖြစ် ပါတယ်
(ကျေးဇူးပါ ဒါကိုအကြောင်းပြလိုရလို့ပါ)။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်ကြီးထွားလာတာကိုခင်ဗျားတို့ မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထားရှိတဲ့ ပိတ်ဆို့တားဆီးမှုတွေကို ဖြေလျှော့ပေးခြင်းဖြင့် အားပေးကူညီဖို့ လိုအပ်တာတွေ ကိုလုပ်ကိုင်သင့်ပါတယ် (ကျနော်ကတော့ နှမျောတတ်ပါတယ် အမြင်မတော်တဲ့သူတွေ လာလှုပေးပါ)။
နိုင်ငံရဲ့ စီးပွားရေးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် တချို့လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပေးဝင်ဖို့ဆန္ဒရှိပါသလား။

ကျွန်တော်တို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေကို ကြိုဆိုပါတယ်(ကျနော့်မယားပါသားတွေ နေရာယူလို့ပြီးပါပြီ)။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ဥပဒေကိုလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားပါတယ်(ငွေလဲနှုန်းလေးပဲမပြင်ရသေးလို့ပါ)။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအပေါ်ပိတ်ဆို့တားဆီးမှုတွေကို ဖြေလျှော့လိုက်မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဝင်လာ မှာဖြစ်ပါတယ်(ခင်ဗျားတို့ အာမ
မခံရင် ဘယ်သူကမှ ကျနော်တို့ကို မယုံတော့ဘူးဗျ)။
ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဥပဒေစိုးမိုးရေးနဲ့ တရားရုံးတွေကိုလည်း တောင်းဆိုကြပါလိမ့်မယ်။

နိုင်ငံခြားသားတွေ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘယ်လိုအခက်အခဲမျိုးမှရှိတယ်လို့ ကျွန်တော်မထင်ပါဘူး(ဒီရောက်ရင်ပေါင်းစားကြတာပေါ့)။ သူတို့အတွက် တစ်ခုတည်းသော အခက်အခဲကပိတ်ဆို့တားဆီးမှုတွေပဲဖြစ်ပါတယ် (ကျနော်တို့ကို အာမခံပေးပါနော်နော် နော်)။
ဒီနိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာ ကိုခွင့်ပြုဖို့ သမ္မတကြီးစိတ်အားထက်သန်ပါသလား။ ၁၉၆၂ ခု နှစ် မီဒီယာဥပဒေကို ဖျက်သိမ်း၊ နေ့စဉ် သတင်းစာတွေ ပုံနှိပ်ခွင့်ပြုပြီးမီဒီယာကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပြုဖို့ရောရှိပါသလား။
မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ရင် အရင်ကနဲ့ မတူတော့ဘူးဆိုတာ ခင်ဗျားတွေ့နိုင်ပါတယ်(ခုတစ်မျိုး တော်ကြာတစ်မျိုးပါ ဒီနေ့ နဲ့ နက်ဖန်လဲ
တူမှာမဟုတ်ပါဘူး)။ ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ဂျာနယ်တစ်စောင်ထုတ်ဝေနေပါတယ်(လူဦးရေက သန်း၇၀ဆယ် ရှိပါတယ်ဂျာနယ်က စောင်ရေ ၇၀၀ ပါ)။(မီဒီယာကလည်း) စာစောင်ထဲမှာ လွတ်လွတ်လပ်လပ်ရေးသားဖော်ပြနိုင်ပါတယ်(သူတို့အချင်းချင်းချတာတွေကို
လွတ်လွတ်လပ်လပ်ရေးခွင့်ပေးထားပါတယ်)။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ ဒီမိုကရေစီအလေ့အကျင့်တွေ လိုအပ်ပါသေးတယ်(ကျနော်ကိုယ်တိုင် ခုချိန်ထိ အာဏာရူးတစ်ယောက်ပါ)။မီဒီယာက
တာဝန်ယူပြီး လုပ်သင့်တာတွေ လုပ်ဖို့လိုအပ်ပါတယ်(ကျနော်ဆီကို
ပိုက်ဆံများများနဲ့ အဖားတော်တဲ့လူတွေ လာတွေ့လှည့်ပါ) ။ မီဒီယာလွတ်လပ်မှုဟာ သူတို့ တာဝန်ခံနိုင်တဲ့အပေါ်မှာ အခြေတည်ပါလိမ့်မယ်(ကျနော်ဘယ်တော့မှ တာဝန်မခံတတ်ပါဘူး ကျနော်ကလူလည်ပါ)။

မီဒီယာလွတ်လပ်ခွင့်ကနေပြီး ဆင်ဆာကို ဖယ်ရှားပေးမှာလား

လောလောဆယ်တော့လွတ်လပ်မှုတွေပေးထားပါတယ် (ခင်ဗျားလာမယ်ဆိုလို့
ခဏလွှတ်ပေးထားတာ)။ ဥပဒေထုတ်ပြန်ဖို့ရှိပါတယ်
(ဆရာဝမ်ကြားပေါင်ကိုတွေ့ပြီးရင်ဆက်လုပ်မှာပါ)

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger