မန်းမြေရာဇာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မိသားစုတို့၏ ကျပ်သိန်း
၈၅ဝဝကျော် အကုန်အကျခံ လှူဒါန်းသည့်ပွဲကို ဧပြီ လ ၃ ရက် အလှူဝင်နေ့မှ စ၍ ၈
ရက်နေ့ အထိ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။
လှူဒါန်းရာ၌ သာသနာ့ သီရိကောဝိဒါရာမ နှစ်ထပ် ကျောင်းတိုက်ကြီး၊
မဟာသန္တိသုခ သိမ်တော်ကြီး၊ ဝေနေယျ သိဒ္ဓိ ဆွမ်းစားကျောင်းများ ရေစက်သွန်းချ
လှူဒါန်းခြင်း၊ ရဟန်းသံဃာ ၃ဝပါး၊ ရှင်လောင်း ၁၁၁ ပါး ရဟန်းခံ ရှင်ပြု
အလှူတော် မင်္ဂလာနှင့် ဒုတိယ အကြိမ်မြောက် သက်ကြီး ဘိုးဘွား ၃ဝဝ တို့အား
လှူဒါန်း ပူဇော် ကန်တော့ပွဲကို ဧပြီလ ၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး
ငပုတောမြို့နယ်၊ တမန်ချောင်း ကျေးရွာတွင် ကျင်းပခဲ့သည်။
သာသနာ့ သီရိကောဝိဒါရာမ ကျောင်းတော်ကြီး အတွက် ကျပ် သိန်း ၉ဝဝ အပါအဝင်
ကျေးရွာကွန်ကရစ်လမ်း ခင်းခြင်း၊ လျှပ်စစ်မီးရရှိရန် မီးစက်များ
လှူဒါန်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ စာကြည့်တိုက် ကွန်ပျူတာနှင့်
အထောက်အကူ ပစ္စည်များ လှူဒါန်းခြင်း တို့လည်း ပါဝင်ပြီး စုစုပေါင်း ကျပ်
၈၅၃၄ သိန်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ အမျိုးဘာသာ သာသနာ
ထွန်းကားရေး အတွက် ပညာရေး၊ လူမှုရေး၊ လျှပ်စစ်မီး၊ လမ်း၊ အဆောက်အဦး စသည့်
ကဏ္ဍအသီးသီးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အလှူရှင် ဦးကျော်ဝင်းသည် ဧရာဝတီတိုင်း ငပုတော မြို့နယ်၊ မန်ကျည်းပင်
ကျေးရွာ ဇာတိ ဖြစ်ပြီး အငြိမ်းစား တပ်မတော်သားတစ်ဦး ဖြစ်ကာ မန်းမြေရာဇာ
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်ကြောင်း သိရသည်။
Source : Popular

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။