လှည်းတန်း ခုံးကျော်တံတား တည်ဆောက်ရန် ပြည်လမ်းကို ရှစ်လမ်းသွားအဖြစ် ထပ်ချဲ့

Monday, April 9, 20120 မှတ်ချက်များ






ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရာတွင် ယဉ်ကြောမကျပ်စေရန် လက်ရှိခြောက်လမ်းသွား ပြည်လမ်းမကြီးတွင် ရှစ်လမ်းသွားအဖြစ် နှစ်လမ်းထပ်မံချဲ့ကြောင်း အဆိုပါ တံတားတည်ဆောက်ရေးကို တာဝန်ယူနေသော ရွှေတောင်ဆောက်လုပ်ရေးမှ တာဝန်ရှိသူက ၂၈-၃-၂၀၁၂ရက်တွင် ပြောသည်။ယခုအခါ ထပ်မံချဲ့သောလမ်းအတွက် ရေစီးရေလာ ရေမြောင်းများကို ကွန်ကရစ် ဘလောက်တုံးများနှင့် ဆောင်ရွက်နေကြောင်း၊ ယင်းမှာအတော်အသင့် ပြီးစီးနေကြောင်း သိရသည်။ လှည်းတန်းခုံးကျော်တံတားကို အင်္ဂလန်နည်းပညာနှင့် အမေရိကန်နည်းပညာ အခြေခံသည့် ကုမ္ပဏီများ၏ ဒီဇိုင်းတို့ကို အသုံးပြုသော စင်ကာပူနိုင်ငံ TY Zin International Pte.,Ltdက တံတားပုံစံထုတ်ပေးကြောင်း၊ ခန့်မှန်းခြေတံတားပြီးစီးချိန် လေးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ တံတားအလျားမှာ ၂၄၆၆ ပေ၊ အကျယ် ပေ ၅၀၊ ၈ လက်မ၊ လူသွားလမ်း တစ်ဖက်သုံးပေစီရှိကာ လေးလမ်းသွားဖြစ်ပြီး သံမဏိသံပေါင် သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ ခွင့်ပြုတန်ချိန် ၆၀ဖြစ်ပြီး ကင်းလွတ်အမြင့် ၁၈ ပေဖြစ်ကြောင်း၊ အုတ်မြစ်မှာ သံကူကွန်ကရစ်ခင်းနှင့် နိုင်လွန်ကတ္တရာလမ်း ဖြစ်ကြောင်းသိရသည်။
တံတားကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး မတ် လ၃ ရက်နေ့တွင် ပန္နက်တင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မီးပွိုင့်များတွင် ခုံးကျော်တံတားလေးစင်းကိုနိုင်ငံတော်ဘတ်ဂျက်မသုံးဘဲ ချေးငွေများဖြင့် တည်ဆောက်မည်ဟု ၂၉-၁၁-၂၀၁၂ရက်က  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့သည်။ ယင်းခုံးကျော်တံတားများမှာ ရွှေဂုံတိုင်၊ လှညုံ်းတိုင်၊ တာမွေ၊ ဘုရင့်နောင်လမ်းဆုံတို့ဖြစ်ပြီး တည်ဆောက်ချိန် လေးလအတွင်း ပြီးရန်ရည်ရွယ်ထားကြောင်း သိရသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger