၁၉၉၇ ခုနှစ်တွင် သေနတ်ဒဏ်ရာ ကြောင့် မျက်နှာတစ်ခုလုံးပျက်စီးခဲ့ရသော အသက် ၃၇ နှစ်အရွယ်ရှိ လူတစ်ဦးအား ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး မျက်နှာ အစားထိုးကုသမှုအဖြစ် မျက်နှာ၊ လျှာ၊ သွားများနှင့် မေးရိုးတို့အား အစားထိုး ကုသမှုကို အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက ပထမဆုံးအဖြစ် အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။ အမေရိကန်ပြည်ထောင်စု မေရီ လန်း တက္ကသိုလ်ဆေးရုံမှ ဆရာဝန်များက ရစ်ချတ်လီးနောရစ်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ၃၆နာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်နာလန်ထ ကောင်းမွန်လာပြီဖြစ်ကြောင်း မတ်လ၂၇ရက်နေ့တွင် ကြေညာခဲ့သည်။ ယခုအခါ သူသည် သူ၏မျက်နှာ၌ ထိတွေ့မှုများ စတင်ရရှိပြီဖြစ်ပြီး သွားတိုက်ကာ အမွေးများလည်း ရိတ်နိုင်ပြီဟုဆိုသည်။ သူသည် ၁၉၉၇ခုနှစ်က သူ၏မျက်နှာအား သူကိုယ်တိုင် သေနတ်ဖြင့် ပစ်မိပြီးနောက် နှာခေါင်း၊ နှုတ်ခမ်းများနှင့် မျက်နှာအစိတ်အပိုင်းအများစု ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ယခု အစားထိုးကုသမှုအောင်မြင်ခဲ့သောကြောင့် သူသည် သူ၏ပုံမှန်ဘ၀သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ခွဲစိတ်ကုသမှု အဖွဲ့ခေါင်းဆောင် အက်ဒ၀ပ် ဒိုရိုဒရီဂွတ်ဇ် ကပြောကြားခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး မျက်နှာအစားထိုးကုသမှုအဖြစ် မျက်နှာ၊ လျှာ၊ သွားများနှင့် မေးရိုးတို့အား အစားထိုးကုသမှုကို ပထမဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
Monday, April 9, 20120 မှတ်ချက်များ
၁၉၉၇ ခုနှစ်တွင် သေနတ်ဒဏ်ရာ ကြောင့် မျက်နှာတစ်ခုလုံးပျက်စီးခဲ့ရသော အသက် ၃၇ နှစ်အရွယ်ရှိ လူတစ်ဦးအား ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး မျက်နှာ အစားထိုးကုသမှုအဖြစ် မျက်နှာ၊ လျှာ၊ သွားများနှင့် မေးရိုးတို့အား အစားထိုး ကုသမှုကို အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက ပထမဆုံးအဖြစ် အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။ အမေရိကန်ပြည်ထောင်စု မေရီ လန်း တက္ကသိုလ်ဆေးရုံမှ ဆရာဝန်များက ရစ်ချတ်လီးနောရစ်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ၃၆နာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်နာလန်ထ ကောင်းမွန်လာပြီဖြစ်ကြောင်း မတ်လ၂၇ရက်နေ့တွင် ကြေညာခဲ့သည်။ ယခုအခါ သူသည် သူ၏မျက်နှာ၌ ထိတွေ့မှုများ စတင်ရရှိပြီဖြစ်ပြီး သွားတိုက်ကာ အမွေးများလည်း ရိတ်နိုင်ပြီဟုဆိုသည်။ သူသည် ၁၉၉၇ခုနှစ်က သူ၏မျက်နှာအား သူကိုယ်တိုင် သေနတ်ဖြင့် ပစ်မိပြီးနောက် နှာခေါင်း၊ နှုတ်ခမ်းများနှင့် မျက်နှာအစိတ်အပိုင်းအများစု ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ယခု အစားထိုးကုသမှုအောင်မြင်ခဲ့သောကြောင့် သူသည် သူ၏ပုံမှန်ဘ၀သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ခွဲစိတ်ကုသမှု အဖွဲ့ခေါင်းဆောင် အက်ဒ၀ပ် ဒိုရိုဒရီဂွတ်ဇ် ကပြောကြားခဲ့သည်။
Labels:
ထူးဆန်းထွေလာ,
ပြည်ပသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။