ပရိတ်သတ်အတွက်အတ္တကြီးကြီးနဲ့အကောင်းဆုံးပေးဆပ်နေတဲ့...အဆိုတော် လွှမ်းပိုင်နှင့် အင်တာဗျူး

Tuesday, April 10, 20120 မှတ်ချက်များ




သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ခုဆုဂျေတင်ဆက်မယ့်အကြောင့်

အရာလေးကတော့....သူငယ်ချင်းလေးတို့ရဲ့တောင်းဆိုချက်ကလေးကို..ဖြည့်ဆည်းပေးထားတာလေးပါရှင်..။

သူငယ်ချင်းလေးတို့အတွက်လည်းထူးထူးခြားခြားလေးနဲ့မှတ်မှတ်ရရလေးဖြစ်စေနိုင်သလို...ဆုဂျေအတွက်လည်း..

တကယ့်ကို..အမှတ်တရလေးဖြစ်ခဲ့ပါတယ်...ဘာလို့လဲဆိုတော့...ဒီအင်တာဗျူးလေးကို..ဆုဂျေတော်တော်ကြီးကို

နေမကောင်းဖြစ်နေတဲ့ကြားက ဗျူးခဲ့တာဖြစ်သလို...အဆိုတော်လေးကလည်း..အအေးမိပြီးချောင်းဆိုးနေတဲ့ကြားက

ချစ်တဲ့ပရိတ်သတ်ကြီးအတွက်...တာဝန်ကျေကျေဖြေဆိုထားတာမို့ပါ...ကဲရှုစားကြည့်ရအောင်နော်..။

♥ဂီတလောကထဲအကိုစ၀င်လာပုံလေးသိပါရစေနော်...။

♥♥ဟုတ်..2006 မှာစ၀င်လာတာပါ...UNderground မှာ 89 ဆိုတဲ့ Group ဖွဲ့ပြီးဆိုတယ်..။2008မှာကိုရဲလေးရဲ့

တတိယကာရန်မှာ ၀င်ဆိုဖြစ်တာကနေရောက်လာတာပါ..။

♥Rock Star အဖွဲ့ထဲပါဝင်ဖြစ်ပုံလေးလည်းသိပါရစေနော်..။

♥♥အော်..ဒါက..Underground မှာ Sample ဝေတော့ သူတို့တွေကကြိုက်တယ်ဆိုပြီးခေါ်ခဲ့ရာကနေ၀င်ဖြစ်တာပါ။

♥ဒုံးပျံခွေအခြေအနေကရော..

♥♥လွန်ခဲ့တဲ့တစ်ပတ်လောက်ထိကို..ခွေ 9000ကျော်ရောင်းရတယ်လို့ ပြောတယ်ညီမ။

♥ခုလိုပရိတ်သတ်တွေတခဲနက်အားပေးတဲ့အပေါ်သဘောထားကရော..။

♥♥ အတိုင်းမသိပျော်ပါတယ်ဗျာ..အဲဒီလောက်ထိရောင်းရလိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူးလေ...ပရိုဂျူဆာက

ပြောတယ်...မင်းအခွေ 5000ရောင်းရရင်ကို ဒုတိယခွေကို ကြိုက်တဲ့ဈေးပြော ထုတ်ပေးမယ်လို့ပြောတယ်..ဟားဟား။

♥VCD ရောဘယ်တော့ထွက်မလဲအကို

♥♥အင်း 7 လပိုင်းလောက်တော့မှန်းထားတယ်ဗျ။

♥ဘယ်လောက်ရိုက်ပြီးပြီလဲအကို..

♥♥ ခုလောလောဆယ်တော့ 2 ပုဒ် 3ပုဒ်လောက်ပေါ့..။

♥ကိုယ်တိုင်ရောဝင်သရုပ်ဆောင်ထားသေးတယ်ပေါ့။

♥♥ဟုတ်..ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်..။

♥အဆိုတော်တစ်ယောက်ဖြစ်နေတော့..သရုပ်ဆောင်ရတာရော..အခက်အခဲရှိလားအကို..

♥♥အင်း...အဲလိုတော့မရှိဘူးညီမ...ဘာလို့လဲဆိုတော့..သီချင်းကကိုယ်တိုင်ရေးထားတာဆိုတော့လေ အိုင်ဒီယာက

အလိုလိုပါနေပြီးသာပေါ့..ဘယ်စာသားလေးဆို..ဘယ်လိုလုပ်မလဲဆိုတာကအစပေါ့...။

♥ဒုံးပျံခွေထွက်ဖို့ရောအချိန်ဘယ်လောက်ယူခဲ့ရလဲအကို..

♥♥တကယ်တော့..ဒီခွေထဲကသီချင်းတွေက...ဒီအတွက်ရည်ရွယ်ရေးထားတာမဟုတ်ဘူးလေ...ဟိုးစစကတည်းကပေါ့

တော်တော့်ကိုကြာခဲ့ပြီလို့ပြောရမှာပေါ့နော်..။

♥ပရိတ်သတ်ကပြောတယ်အကို Rap တွေကို အမြန်ဆိုနိုင်တာအကိုတယောက်တည်းရှိတယ်တဲ့..အကိုကရောအဲဒီလို

ပြောတဲ့အပေါ် ခံစားချက်လေး..။

♥♥ဒါကတော့..ပရိတ်သတ်ကသတ်မှတ်တာဆိုတော့...ကျွန်တော်ပျော်ပါတယ်ဗျာ..တကယ်တော့..ကျွန်တော့်ထက်အမြန်

ဆိုနိုင်တဲ့သူတွေလည်းရှိပါတယ်..ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ဗျာ..။

♥ခုလိုအမြန်ဆိုတတ်အောင်ရောအကိုဘယ်လိုလေ့ကျင့်ခဲ့လဲ..

♥♥း) ငယ်ငယ်လေးကတည်းကပေါ့...ကျောင်းသားဘ၀ကတည်းကစာတွေပြန်ရင် မြန်မြန်ပဲဆိုတတ်တယ်လေ..။

♥ဒါဆို..စာမရရင်ရောချလို့ရတာပေါ့နော်...း)

♥♥ ဟားဟား ဟုတ်တယ်ဟုတ်တယ်..။

♥ဒုံးပျံခွေထဲမှာအကိုအခိုက်ဆုံးသီချင်းက..

♥♥ဒုံးပျံရယ်...မဝေးဘူးရယ် ကိုကြိုက်တယ်ညီမ..ကိုယ်ဖန်တီးထားတာဆိုတော့လည်းအကုန်လုံးကြိုက်ပါတယ်ဗျာ...း)။

♥ပရိတ်သတ်တွေကရောဘယ်သီချင်းကိုပိုကြိုက်တယ်ပြောလဲ..

♥♥ဘိုကေလို့တော့ပြောကြတယ်လေ..။

♥ဘိုကေသီချင်းလေးကိုရေးဖြစ်ပုံလေးသိပါရစေနော်..

♥♥း) ဒါကတော့..ခုခေတ်မှာလူငယ်တွေက..ဆံပင်ကေတွေ အရမ်းထွင်ပြီးညှပ်လာကြတယ်လေ..အဲဒါကိုကြည့်ုပြီး

စိတ်ကူးလေးရသွားတာပေါ့..အကိုဆိုလိုတာက...စစ်သားတွေရဲ့ကေ ကိုဆိုလိုပြီးရေးလိုက်တာပါ..။

♥သင်္ကြန်ခွေထဲက သင်္ကြန်အိပ်မက်သီချင်းလေးလည်းလူငယ်တွေကြားတော်တော်ပေါက်နေတယ်နော်အကို..။

♥♥မှန်တာပြောရရင်...အဲသီချင်းဆိုတဲ့နေ့ထိကို..စိတ်ထဲမှာ..စိုးရိမ်နေမိတာလေ...သင်္ကြန်နဲ့အဆွေးသီချင်းနဲ့လိုက်ပါ့

မလားပေါ့..ပရိတ်သတ်တွေကြိုက်ပါ့မလားဆိုပြီးပေါ့..ခုကြိုက်တယ်ကြားရတော့...ပျော်တာပေါ့ညီမရာ..။

♥ဒီသီချင်းကိုနားထောင်ပြီးပရိတ်သတ်တွေကပြောတယ်..အကိုက Melody လည်းပိုင်တယ်ပဲတဲ့လေ..အကို့ခံစားချက်

လေးကရော...

♥♥မယ်လိုဒီကတော့...ဟိုး..89 ခွေမှာကတည်းက ဆိုတယ်လေ...ကိုယ်ရေးထားတွေကို သူများဆိုခိုင်းရင်လိုချင်တဲ့

mood ကမရတော့...ကိုယ်တိုင်ပဲဝင်ဆိုလိုက်တာများတယ်ညီမ..။

♥ရှေ့မှာခုန်လိုက်သီချင်းကအရမ်းပေါက်ခဲ့တော့..နောက်သီချင်းတွေဖန်တီးရတာရောအခက်အခဲရှိလားအကို...

♥♥ဟုတ်တယ်..ခုန်လိုက်သီချင်းက..လူငယ်တွေကြားမှာတော်တော်လေးရေပန်းစားသွားတယ်လေ..စိုးရိမ်စိတ်တော့

ဝင်တာပေါ့..နောက်ပိုင်း..လုပ်ရင်းလုပ်ရင်းနဲ့တော့..ယုံကြည်မှုလေးပိုလာပါတယ်..။

♥သီချင်းရေးရင်ဘယ်ချိန်တွေရေးတတ်လဲအကို..

♥♥ညဘက်တွေပဲရေးဖြစ်တယ်ဗျ။

♥သီချင်းတစ်ပုဒ်ရေးရင်အချိန်ဘယ်လောက်ယူရလဲ..

♥♥2ရက်ပေါ့...တစ်ခါတစ်လေလည်း လနဲ့ချီတယ်လေ..း) ။

♥သီချင်းဆိုတာအပြင်ဘာဝါသနာပါသေးလဲအကို..

♥♥MTV ဒါရိုက်တာလုပ်ချင်တယ်..ခုလည်း..ဒုံးပျံခွေမှာ..ဒါရိုက်တာနဲ့..အကိုတိုင်ပင်ပြီးရိုက်ဖြစ်တယ်လေ...။

♥အနှစ်သက်ဆုံးဂီတအမျိုးအစားကရော..

♥♥ဒီ Hip-Hop ပေါ့..နောက် R&B၊ POP တွေလည်းကြိုက်ပါတယ်..သီချင်းလေးကောင်းတယ်ဆိုရင်..ဂီတအမျိုးအစား

မရွေးပါဘူး..အကုန်ကြိုက်တယ်လေ..။

♥အားကျတဲ့အဆိုတော်တွေကရောအကို..

♥♥ဒီလောကထဲမ၀င်ခင်ကတည်းကကျွန်တော်ကြိုက်တဲ့အဆိုတော်တွေရှိတယ်ဗျ...ကိုဂျေမီ...နောက်ကိုရဲလေး..နောက်

ကိုစိုင်းတို့ပေါ့ဗျာ...အောင်မြင်မှုတစ်ခုကိုအချိန်အကြာကြီးထိန်းထားနိုင်တဲ့အရည်အချင်းကိုလေးစားတယ်..။

♥စန္ဒယားသံကိုကြိုက်တယ်လို့သိရတယ်အကို..ဘာလို့လဲ..

♥♥ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့တကယ့်ကို..ဘိုဆန်ဆန်လေးမို့ပေါ့..။

♥ရုပ်ရှင်ကြည့်ရတာဝါသနာပါတဲ့အကိုက..ဘယ်လိုဇာတ်လမ်းမျိုးကိုအဓိကထားကြည့်ဖြစ်လဲ..

♥♥ဇာတ်လမ်းဆန်းတာလေးတွေပေါ့..နေက်ကလေးတွေကြိုက်တဲ့ဇာတ်လမ်းမျိုးလေးတွေ...ဒရမ်မာဆိုလည်းတကယ့်

စစ်စစ်ပေါ့...။

♥စာဖတ်ပျင်းတယ်ဆိုတော့သီချင်းရေးရင်ရောစာသားခိုင်မာအောင်ဘယ်လိုလုပ်လဲအကို..

♥♥သီချင်းရေးရင်က..ပါးစပ်ကအမြဲတမ်းတရစပ်ရွတ်နေတာလေ..ရုတ်တရက်ထွက်လာတဲ့စကားလုံးတွေကိုချရေးတယ်.

သူငယ်ချင်းတွေနဲ့စကားပြောရင်းကနေရလာတဲ့စကားလုံးတွေကိုပွားရေးတာပေါ့..။

♥လူငယ်ပရိတ်သတ်တွေရင်ထဲလွှမ်းပိုင်ဆိုပြီးအခိုင်အမာဖြစ်လာတာကရောအကို..

♥♥း) ဒါကတော့..ပရိတ်သတ်အပေါ်..သီချင်းတွေအပေါ် ရိုးသားပြီး..ကြိုးစားခဲ့လို့နေပါလိမ့်မယ်...း) ။

♥ကိုယ့်ကိုလေးစားအားကျတဲ့လူငယ်တွေအတူယူမမှားအောင်ဘယ်လိုထိန်းလဲအကို..

♥♥အဓိကကတော့...ကျွန်တော်အရက်မသောက်ဘူး...ဆေးလိပ်မသောက်ဘူး...နောက်ရှိုးဆိုရင်ပဲဖြစ်ဖြစ်ပေါ့...စကား

ပြောရင်အတတ်နိုင်ဆုံးထိန်းပြောတယ်လေ...အောက်မှာလာကြည့်တာကယောင်္ကျားလေးချည်းမဟုတ်ဘူးလေ..မိန်းက

လေးတွေလည်းပါတယ်ဆိုတော့..စကားပြောတာကအစထိန်းပြီးပဲပြောပါတယ်..ဒီလောက်ပါပဲ..အတုယူမမှားအောင်တော့

ဒီလိုပဲနေပါတယ်..။

♥အ၀တ်အစားစတိုင်လ်လေးတွေရောဘယ်လိုဒီဇိုင်းလေးတွေခိုက်လဲ..

♥♥ရှပ်လေးတွေကိုလက်ခေါက်ဝတ်တာလေးသဘောကျတယ်..ဘောင်းဘီဆိုလည်းတကယ့်ကို..စမတ်ကျကျလေးပေါ့..။

♥ဆံပင်ပုံစံကရော..

♥♥တကယ်ကြိုက်တဲ့ပုံက...အရှည်ကြီးလေ...ဒါပေမယ့်လည်း..ဟိုမရောက်ဒီမရောက်နဲ့တင်ညှပ်ပစ်တော့မထားဖြစ်ပါဘူး

ခုတော့လည်း..ဒီကေပဲပေါ့..ဟားဟား..။

♥ဒုံးပျံကာဗာဒီဇိုင်းကလည်းလန်းတယ်နော်..အကို့စိတ်ကူးပဲလား..

♥♥ဟုတ်တယ်...ကိုယ်လုပ်ချင်တာလေးတွေကို..ဒီဇိုင်နာအမနဲ့တိုင်ပင်ပြီးလုပ်လိုက်တာပါ...

♥မျက်လုံးလည်းအမဲခြယ်ထားတယ်နော်..း)

♥♥း) အဲဒါက ဓာတ်ပုံရိုက်မယ့်နေ့မှ..စိတ်ကူးရပြီးခြယ်လိုက်တာလေ...း)။

♥Show ဆိုခါနီးပြင်ဆင်ပုံလေးရောသိလို့ရမလား..

♥♥အဓီကကတော့..3/4ရက်အလိုမှာ..အအိပ်မှန်အစားမှန်နေလိုက်တယ်..မဆိုခင်စင်အောက်မှာ.ရတနာ(3) ပါးရှိခိုးလိုက်

တယ်လေ..။

♥ရှိုးဆိုရင်းမမေ့နိုင်တဲ့အမှတ်တရလေးရောရှိလားအကို..

♥♥ဟားဟား FEB (14) ရှိုးမှာထင်တယ်..ကျွန်တော်ဘောင်းဘီကအရမ်းကျပ်နေတာလေ..ဆိုရင်းနဲ့..ဘောင်းဘီဇစ်ပြုတ်

နေတာမသိဘူး...အောက်ကပရိတ်သတ်ကအော်မှသိတယ်ဗျာ..တော်တော်ရှက်သွားတယ်..ဟားဟား။

♥လတ်တလောအနုပညာလှုပ်ရှားမှုကရောအကို..

♥♥လာမယ့်တစ်ပတ်မှာ...Cheer ဆိုတဲ့ခွေလေးထွက်မယ်..အဲခွေလေးမှာ..ကိုဂျေမီနဲ့..တွဲဆိုထားပါတယ်..နောက်

ဒုံးပျံခွေဆက်ရိုက်မယ်..6ရက်နေ့မှာ..မန္တလေးရှိုးရှိမယ်...7ရက်နေ့မှာရန်ကုန်မှာဆိုရမယ်...နောက်8ရက်နေ့မှာတစ်ခါ

မန်းလေးမှာ ပြန်ဆိုရမယ်ဗျ။

♥အလုပ်တွေဆက်တိုက်ဆိုတော့စိတ်ဖိစီးမှုကိုရောဘယ်လိုဖြေပျောက်လဲ..

♥♥မဆိုခင်တော့ဖိစီးတာပေါ့..ဒါပေမယ့်..စင်ပေါ်ရောက်လို့ပရိတ်သတ်ကကိုယ့်နာမည်ခေါ်တာနဲ့ကို...ပျောက်သွားတယ်..။

♥အချစ်ရေးကရောအကို..

♥♥အေးအေးဆေးဆေးပါပဲဗျား)။

♥တက်သစ်စအဆိုတော်သစ်လေးတွေအတွက်လည်း..အားပေးစကားလေးပြောပေးပါဦး..

♥♥ပရိတ်သတ်အတွက်ဂီတနဲ့ပတ်သက်လာရင်..အတ္တကြီးကြီးဖန်တီးပါလို့...အကောင်းဖြစ်ရမယ်..ဆိုတဲ့စိတ်နဲ့တာဝန်

ကျေကျေဖန်တီးမယ်ဆိုရင်..အောင်မြင်မှာပါ...တကယ်တော့အခက်အခဲဆိုတာလည်းနေရာတိုင်းမှာရှိတာပဲလေ..

အကိုတို့လည်းကြုံခဲ့တာပါပဲ...စိတ်ဓာတ်မကျဘဲဆက်လျောက်ပါလို့ပြောချင်ပါတယ်ဗျာ..။

♥ကောင်းပါတယ်အကို..သူတို့တွေအားတက်မိမှာပါနော်..ခုမေးချင်တာလေးကလေ..လူငယ်တွေကလွပ်လပ်မှုကို

မြတ်နိုးတာတွေ့ရတယ်နော်..အကိုအမြင်ကရော..

♥♥မှန်ပါတယ်ညီမ...အကိုလည်းတန်ဘိုးထားပါတယ်..လွပ်လွပ်လပ်လပ်ဖန်တီးခွင့်ရတဲ့လူငယ်တစ်ယောက်ရဲ့

ဘ၀ဟာ..ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းရှိလာပြီ...ရင့်ကျက်လာနိုင်တယ်လေ..အမြဲတမ်းအိမ်တွင်းအောင်းနေမယ်ဆို

ရင်တော့.တစ်စတစ်တစနဲ့..သိမ်ငယ်စိတ်က၀င်လာနိုင်တယ်...ဒါပေမယ့်လည်း..လွပ်လပ်လွန်းရင်လည်းမကောင်း

ပြန်ဘူးလေ...ဘာပဲလုပ်လုပ်..ကောင်းတယ်ဆိုးတယ်ဆိုတာလေးကို..မိမိတို့ဆင်ခြင်တုံတရားလေးနဲ့ထိန်းပြီးနေထိုင်

မယ်ဆိုရင်တော့..အားလုံးအိုကေမှာပါ..။

♥ဟုတ်အကို..တကယ့်ကိုတန်ဘိုးရှိပါတယ်...အကို့ Biography လေးလည်းသိပါရစေနော်..။

♥♥နာမည်ရင်းကိုက...လွှမ်းပိုင်ပါ..။မိဘတွေက..ဦးသိန်းအောင်နဲ့.ဒေါ်အေးအေးခိုင်ပါ..အကိုတယောက်အမတယောက်

ှိရှိပါတယ်..ကျောင်းကတော့..B.Tech(Mechanical) နဲ့ပြီးပါပြီ..။နေရပ်လိပ်စာကတော့...တိုက်-၄၊အရှေ့မျဉ်းပြိုင်ကွင်းလမ်း

ကျိုက္ကဆံအိမ်ယာ ၊တာမွေပါ မွေးသက္ကရာဇ်ကတော့...1.3.1989 ပါညီမ..။

♥On Line ကနေဆက်သွယ်ချင်တဲ့ပရိတ်သတ်တွေအတွက်ကရော..

♥♥EMC Hlwan Paing ပါ..။Face Book Acc ပေါ့..ဒီကနေဆက်သွယ်လို့ရပါတယ်ဗျာ.။

♥ခုလိုလွှမ်းပိုင်ကိုဗျူးပေးပါဆိုပြီးတောင်းဆိုလာကြတဲ့ဖူးစာရှင်လေးကပရိတ်သတ်တွေအတွက်စကားလက်ဆောင်လေး

ပြောပါဦးအကို..

♥♥အများကြီးကျေးဇူးတင်ပါတယ်လို့..ခုလိုတကူးတကနဲ့အချိန်ပေးပြီးဖော်ပြခိုင်းတာကိုလည်းဝမ်းသာမိပါတယ်..

အတ္တကြီးကြီးနဲ့..အကောင်းဆုံးပေးဆပ်ပါ့မယ်လို့ပြောချင်ပါတယ်ဗျာ..။

♥ဟုတ်..ခုလို ချောင်းဆိုးနေတဲ့ကြားကနေ...လိုလိုလားလားဖြေပေးတဲ့အကို့ကိုမန်ဘာတွေကိုယ်စားကျေးဇူးတင်ပါတယ်

နော်....။

♥♥ဟုတ်ကဲ့...အကိုကလည်း..ညီမဆုဂျေကိုကျေးဇူးတင်ပါတယ်ခင်ဗျား)။

♥♥ဒါကတော့....လွှမ်းပိုင်ရဲ့...ဒုံးပျံခွေထဲကသီချင်းတွေပါရှင်..။♥♥


01. ဆိုရင်းကမယ်
02. ယုံကြည်လိုက် (feat. နီနီခင်ဇော်)
03. ဘိုကေ
04. အာရုံ (feat. အိမ့်ချစ်)
05. မဝေးဘူး
06. စွာတေးလန်
07. စနေနေ့
08. မြန်မြန်ချစ်ရင် ချစ်တယ်ပြော (feat. စိုးဖြိုး)
09. စိတ်ပျက်နေတဲ့သူ
10. ဒုံးပျံ
11. (စုံထောက်) 007
12. တုန်
13. တိတ်တခိုး (feat. ရဲလေး)
14. LCD
15. အရိပ်ကလေးလို
16. ကောင်မလေး
17. ဒီလိုမျိုးချစ်သူတွေ

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger