ငလျင်အထူးသတင်း
ငလျင်ဗဟိုချက်က စူမတ်တြာကျွန်းမြောက်ဘက် ၈.၉ လစ်ချတ်စကေး...ဆူနာမိလှိုင်းဖြစ်မယ်လို့ သတိပေးထားတယ်...နီးစပ်ရာ ဆက်လက်သတိပေးကြပါ..။ ထိုင်းရေတပ်ရဲ့ တိုင်းတာချက်အရ ဆူနာမီလှိုင်းလာဖို့ သေချာသွားပြီတဲ့....ကြီးမလား သေးမလား လာမှပဲ့သိမယ်တဲ့..ထိုင်းတောင်ပိုင်း...ရနောင်း....ဖူကက် ဖန်ငါ ကရဘီး တရံ စတူ ခရိုင်တွေမှာတော့ ရုန်းရင်းဆန်ခတ် ပြေးနေကြ သယ်နေကြပြီ.။ ဆူမားတြား ငလျှင် လှုပ်ခတ် မှု ၏ အရှိန် ကြောင့် ရန်ကုန် ၊ ဘိုကလေး ၊ မအူပင် နှင့် ဖျာပုံ မြို့  များ တွင်၃ မိနစ် ကျော်ခန့် ကြာသည့် အထိ ငလျှင် လှုပ်ခတ် မှု ရှိ ခဲ့ ပြီး ရန်ကုန် မြို့ လည်ရှိ ကန်ထရိုက်တိုက်များတွင် နေသူများ မှာ မြေညီ ထပ် တွင် ဆင်း နေကြသည်။ ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။ဒီနေ့ညနေ ၃ နာရီ ၈ မိနစ်အချိန်မှာ ဆူမတြားကျွန်း အနောက်တောင်ဖက် ၂၆၈ မိုင်အတွင်းရှိ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပြီး ဆူနာမီသတိပေးချက်များလည်း ထုတ်ပြန်နေပြီဖြစ်ကြောင်း သိရပါတယ်။မြန်မာနိုင်ငံမှာလဲ မြန်မာစံတော်ချိန် ညနေ ၃နာရီကစပြီး နောက် ၂နာရီအတွင်း ဆူနာမီရေလှိုင်းတွေတက်လာနိုင်တယ်လို့ မိုးလေ၀သဌာနက ကြေငြာချက်ထုတ်ပြန်ထားကြောင်း အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွေ စိုးရိမ်၇ကြောင်း
ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကျါန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရျိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခ်န့ကြာအောင်နေထိုင်ကြရန် ပကြံပြုပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။