ချထားပေးမည့် မိုဘိုင်းဖုန်း များတွင် အင်တာနက် ထပ်မံ လျှောက်ထားရမည်

Tuesday, April 10, 20120 မှတ်ချက်များ

ချထားပေးမည့် မိုဘိုင်းဖုန်း များတွင် အင်တာနက် ထပ်မံ လျှောက်ထားရမည်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးမည့် ကျပ် နှစ်သိန်းတန် မိုဘိုင်းဖုန်း များတွင် အင်တာနက် သုံးစွဲ လိုပါက ထပ်မံ လျှောက်ထား ရမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း ဖုန်းများကို ချထား ပေးရာတွင် ဂျီအက်စ်အမ်ဖုန်း များကို ကျပ်နှစ်သိန်း၊WCDMA ဖုန်းများကို ကျပ်နှစ်သိန်းခွဲဖြင့် ချထားပေးမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် ဂျီအက်စ်အမ်ဖုန်း များကို ဧပြီ ၉ ရက်နေ့တွင်လည်း ကောင်း၊WCDMA ဖုန်းများကို ဧပြီလ ၂၃ ရက်နေ့တွင်လည်း ကောင်း ချပေးမည်ဖြစ်သည်။

အဆိုပါ ဖုန်းများကို အင်တာနက် သုံးစွဲခွင့်ပေးရာတွင် ဂျီအက်စ်အမ် ဖုန်းများတွင် EDGE စနစ်ဖြင့်လည်းကောင်း၊ WCDMA ဖုန်းများတွင် 3G စနစ်ဖြင့် အင် တာနက် အသုံးပြုနိုင်မည်ဖြစ်ရာ အင်တာနက်စနစ်ကို ထပ်မံအသုံး ပြုလိုသူများအနေဖြင့် ကျပ် တစ် သောင်းဖြင့် ထပ်မံလျှောက်ထား ရမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက "အင်တာ နက် သုံးမယ်ဆိုရင်တော့ ထပ် လျှောက်ရပါမယ်။ တစ်သောင်းနဲ့ ထပ်လျှောက်ရမယ်။WCDMA ဖုန်းတွေမှာလည်း တစ်သောင်းနဲ့ပဲ ထပ်လျှောက်ရမှာပါ" ဟုပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများဖြင့် အင် တာနက်အသုံးပြုခွင့်ပေးခြင်းကို စီဒီ အမ်အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများ တွင် အသုံးပြုခွင့် စတင်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဂျီအက်စ်အမ်ဖုန်း များတွင်လည်း အသုံးပြုခွင့်ပေးခဲ့ သည်။

စီဒီအမ်အေ ဖုန်းများတွင် အင်တာနက် ပေးရာတွင် 3G စနစ် ဖြင့် အင်တာနက် ပေးခြင်း ဖြစ်ပြီး ဂျီအက်စ်အမ် ဖုန်းများတွင် အင်တာ နက်ပေးရာတွင် 2.5 G EDGE စနစ် ဖြင့် အင်တာနက် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ဂျီအက်စ်အမ် ဖုန်းများ အင် တာနက် အသုံးပြုခွင့်ပေးရာတွင် အလုံးရေ သောင်းဂဏန်းဝန်းကျင် ချထားပေးပြီးဖြစ်သည်။အင်တာနက်လျှောက်ထား ပေးခြင်းကို လက်ရှိအချိန်တွင် ရပ် ဆိုင်းထားပြီး နောက်ပိုင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ပါဝင်မည်ဖြစ်သည်ဟု သိရသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုလိုသူ တစ်ဦးက"ကျွန် တော်က ဖုန်းနဲ့ အင်တာနက်သုံးရ တာကြိုက်တယ်။ ကိုယ်သုံးချင်တာ ကို ဖုန်းနဲ့ လွယ်လွယ်ကူကူ သုံး လို့ရတယ်။ ဒါကြောင့် ဟန်းဆက် ဝယ်တာတောင် screen ကြီးတာ ပဲ ရွေးဝယ်တာ။ screen ကြီး တယ်ဆိုရင် အင်တာနက် သုံးရတာ ပိုကောင်းတယ်လေ။ ဖုန်းနဲ့အင်တာ နက်သုံးမယ် ဆိုရင် ကိုယ်ကြည့် ချင်တဲ့ သတင်းအချက်အလက် တွေကို မြန်မြန်လေးကြည့်လို့ရ တယ်" ဟု ပြောသည်။

ယခင် ချထား ပေးသည့် စီဒီ အမ်အေ ၈၀ဝ မဂ္ဂါဟဇ် စနစ်ဖြင့် အင်တာနက် အသုံးပြုသူတစ်ဦးက "ကျွန်တော်က ၈၀ဝ မဂ္ဂါဟဇ် စနစ်နဲ့ အင်တာနက် သုံးတယ်။ စချ ပေးကတည်းက 3G စနစ်နဲ့ အင်တာနက် သုံးချင်လို့ သုံး သောင်းနဲ့ လျှောက်ထားတာပါ။ စချပေးတဲ့ အချိန်တုန်းကတော့ သုံးရတာ တော်တော်လေးကောင်း ပါတယ်။ ကျန်တဲ့လိုင်းတွေ သုံးရ တာ မကောင်းတဲ့အချိန်မှာတောင် အဲဒီအချိန်တုန်းက ၈၀ဝ ဖုန်း တွေက သုံးရတာ တော်တော် ကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့သုံးရတာ သိပ် မကောင်းတော့ပါဘူး။ သုံးရတာလိုင်းနှေးတယ်။ အဲဒီလိုမျိုးဖြစ် တယ်။ ကျွန်တော်သုံးဖြစ်တာက ဖုန်းနဲ့လည်း သုံးဖြစ်တယ်။ ကွန်ပျူ တာနဲ့ချိတ်ပြီးလည်း သုံးဖြစ်တယ်" ဟုသူ၏အတွေ့အကြုံကိုပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပြည်တွင်းတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခွင့် ချထား ပေးရာတွင် စီဒီအမ်အေ ၈၀ဝမဂ္ဂါဟဇ် ဖုန်းများတွင် စတင်ချ ထားပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း က ချထား ပေးခြင်းဖြစ်သည်။ ဂျီအက်စ်အမ် ဖုန်းများ အင်တာနက် ချထားပေးရာတွင် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ချ ထားပေးခြင်းဖြစ်သည်။

တင်ဇာအောင်

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger