သက်ကြီးသူများ ထပ်ဆင့်ကြွေလွင့်ခြင်းကြောင့် ထပ်တူဝမ်းနည်းရပါကြောင်း

Saturday, January 19, 20130 မှတ်ချက်များ

ပလက်ဝ၊ ဇန္န၀ါရီ ၁၇ — ချင်းပြည်နယ်၊ ပလက်ဝတွင် ယခုတလော အသက်ကြီးပိုင်းများ ဆက်တိုက်ဆိုသလို နာရေးမကြာခဏဖြစ်နေကြောင်း သတင်းရရှိသည်။
ပလက်ဝမြို့နယ်၊ တွီကင်းဝ(ပလက်ဝချောင်း)ရွာနေ၊ ဦးကံယိန်း၏ ဇနီး ကိုယ်ဝန်(၇)လ လွယ်ထားသူ ဒေါ်အောင်ယိန်းသည် ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ(၁၁) ရက်နေ့ ညနေ ၅း၃၀ နာရီဝန်းကျင်တွင် ပလက်ဝ၊
ပြည်သူ့ဆေးရုံတွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူ ဦးကံယိန်းသည် ချစ်လှစွာသောဇနီး၏ ရုပ်ကလပ်ကို မိမိမတို့ရွာတွင် သဂြိုလ်စေလိုသောကြောင့် ပလက်ဝမြို့ပေါ်ရှိ (KYA) လူငယ်များအဖွဲ့မှ ကိုသိန်းလင်း ဦးဆောင်ကာ တွီကင်းဝသို့ ကုန်းကြောင်းလမ်းဖြင့် ၎င်းညနေချင်းတွင် လိုက်လံ ပို့ဆောင်ခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။
ဒေါ်အောင်ယိန်းသည် (၈)ရက်နေ့တွင် ပလက်ဝဆေးရုံသို့ တက်ရောက်ဆေးကုသခံယူသူဖြစ်ပြီး အပြင်းဖျားခြင်းနှင့်အတူ အားအင်ကျဆင်းသောကြောင့် မနေ့ကတည်းက အောက်ဆီဂျင်ပိုက်ဖြင့် အသက်ရှူရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူနေ့ရက်တွင်ပင် ပလက်ဝမြို့၊ ရိက္ခါတိုးချဲ့၊ မြို့သစ်ရပ်ကွက်နေ၊ ဦးထားဘော (ယခင်ဇာတ်သဘင်ထောင်သူ)၏ မယားငယ်သည် ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ(၁၁) ရက်ညတွင် ခရစ်တော်ထံ အိပ်ပျော်သွားပါသည်။ ၁၃-၁-၂၀၁၃ နေ့တွင် သဂြိုလ်လိုက်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့အပြင် ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ကျေးရွာနေ၊ ဦးပြည်ချုပ်၊ အသက်(၆၉)နှစ် (ဦးပီတာလှမောင်၏ ကျေးဇူးရှင်အဖေ) သည် ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီတွင် ခရစ်တော်ထံအိပ်ပျော်သွားကြောင်း သတင်းရရှိပါသည်။ (၁၉)ရက် နေ့တွင် သဂြိုလ်မည်ဖြစ်သောကြောင့် ရပ်နီးရပ်ဝေးရှိ မိဘဆွေမျိုးများ သတိရဆုတောင်းမေတ္တာပို့ပေးကြပါရန် သတင်းပေးပို့ပါသည်။
ထိုသို့ နာရေးသတင်းများကို ထပ်ဆင့်ထပ်ဆင့်ကြားရသောကြောင်း ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ ကျန်ရစ်သူမိသားအပေါ် စိတ်၏ငြိမ်သက်ခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ နှလုံး၏ပျော်ရွှင်ခြင်းတို့ကို ခံစားရရှိစေကြောင်းနှင့် တမလွန်ဘ၀သို့ရောက်ရှိသွားကြကုန်သောအထက်ဖော်ပြပါ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ကောင်းရာသုဂတိလားစေကြောင်း ခူမီးမီဒီယာအဖွဲ့မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger