အမဲလိုက်ရင်း အမှတ်မထင်မှားပစ်ခံရသူ ကျောင်းဆရာတစ်ဦး အချိန်မီသေကံလွဲခဲ့ရ

Saturday, January 19, 20130 မှတ်ချက်များ

ပလက်ဝ၊ ဇန္န၀ါရီ ၁၈ — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခုံရွာတွင် အစိုးရ ပညာရေးဝန်ထမ်း တာဝန်ထမ်းဆောင်နေသော ဦးအောင်လင်းဝှေ့ ၊ အသက် (၄၀) ခန့်သည် ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ရွာသားတစ်ချို့နှင့်အတူ အမဲလိုက်ထွက်သွားရင်း မိမိတို့လူစုများ၍
အမှတ်မထင် အချင်းချင်းပစ်ခက်မိသောအခင်းတစ်ရပ်ဖြစ်ပွားခဲ့ပြီး ဆရာအောင်လင်ဝှေ့အား အချိန်မီအသက်အန္တာရာယ်မှ ကယ်ဆယ်နိုင်ရေး အရေးပေါ်ပလက်ဝဆေးရုံသို့သုတ်ခြေတင် ပြေးပို့ခဲ့ရကြောင်းသတင်းရရှိသည်။
“မှားပစ်မိတဲ့သူလည်း ရွာသားအချင်းချင်းပါ” ဟုအနီးကပ်စောင့်ရှောက်သူ တစ်ဦးမှ ခူမီးမီဒီယာသို့ပြောပြသည်။
သေနတ်သံကြားရသောကြောင့် ရွာတွင်ရှိနေသော စစ်သားတို့ သွားရောက်ကြည့်ရှုခဲ့ရာ ကျောင်းအုပ်ဆရာကြီးဖြစ်နေမှန်း သိခဲ့ရလေတော့သောကြောင့် ရွာအထိ ထမ်း၍ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ ကျောကုန်း၊ ခေါင်းနောက်ဆစ်၊ လည်ပင်းနှင့် နားတို့တွင် သေနက်ကျည်ဆံထိမှန်သွားခဲ့၍ ရှင်းလက်ဝရွာသို့ ညတွင်းချင်း ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် ဇန္န၀ါရီလ ၁၄ ရက်နေ့ နံနက် (၉း၀၀) ကျော်တွင် ပလက်ဝဆေးရုံသို့ သယ်ဆောင်လာခဲ့ပြီး ပလက်ဝဆေးရုံကို ညနေ ၄း၃၀ နာရီခန့်တွင် ရောက်ရှိခဲ့သည်။
ည ၆း၃၀ တွင် ဓါတ်မှန်  (၅) ကြိမ်ရိုက်ခဲ့ရပြီး  ဓါတ်မှန်စစ်ဆေးချက်အဖြေအရ ဆရာအောင်လင်းဝှေ့၏ ကိုယ်ထဲတွင် ကျည်ဆန်၂ လုံးတွေ့ရှိရကြောင်း ဆရာဝန်က မှတ်ချက်ချပါသည်။
ကိုယ်ထဲရှိသေနက်ကျည်ဆံတစ်လုံးကို ည (၁၁း) နာရီတွင် ခွဲစိပ်ထုတ်ယူ နိုင်ခဲ့သော်လည်း ကျန်နေသေးသော နောက်ထပ် ကျည်ဆံတစ်လုံးမှာ နှလုံးနားတွင် ကျန်ရှိနေကြောင်း ဆရာဝန်က မှတ်ချက်ချခဲ့လေသည်။
“အခုတော့ လူနာ သတိရနေပါပြီ်၊ စကားလည်းပြောနေပြီ” ဟု လူနာစောင့်မှ ပြောသည်။
အမှတ်မထင်ပစ်မိသော တရားခံ(………) အား ရှင်းလက်ဝရဲစခန်းမှ ပလက်ဝသို့ ည (၈း၀၀) နာရီ အရောက်
ပို့ပေးခဲ့ကြောင်း သိရှိရသည်။  မပြည့်စုံသေးသော အချက်အလက်များကို ခူမီးမီဒီယာမှ မေးမြန်းစုံစမ်းဆဲပင် ဖြစ်သည်။
ခူတေဇ
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger