ရွှေဝါရောင် နှစ်ပတ်လည် ကျင်းပမည်

Saturday, September 15, 20120 မှတ်ချက်များ


ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်
ပတ်လည်အခမ်း အနားကို စက်တင်ဘာ
 ၁၈ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ
 တော်လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသော
 ဆရာတော် ဦးကောဝိဒက ဦးဆောင်ကျင်း

ပမည်ဖြစ်ကြောင်း ယင်းအခမ်းအနားဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင်
 တစ်ဦးကပြောသည်။

“အခမ်းအနားမှာ သံဃာအပါး ၂၀၀ လောက်ကို ဆွမ်းကပ်မယ်။ ဆုတောင်းမေတ္တာပို့သမယ်။ ရွှေဝါရောင်တော်လှန်ရေး ကာလက ပါဝင်ခဲ့တဲ့ အဖွဲ့
အစည်းတွေ၊ နိုင်ငံရေးအကျဉ်း သားတွေ၊ ဗကသက လူငယ်တွေလည်း
ပါဝင်ကြမယ်” ဟုအဆိုပါ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ် ဦးကပြောသည်။

မူလက ယင်းအခမ်းအနားကို ငွေကြာယံကျောင်းတိုက်တွင် ပြုလုပ်ရန်စီစဉ်
ထားသော်လည်း ဧည့်ပရိသတ်မဆံ့မည်စိုးရိမ်ခြင်းနှင့် ငွေကြာယံကျောင်းတိုက်
ဆရာတော် ကြီးမှာနိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ဝင်ဆရာတော်တစ်ပါးဖြစ်
 ခြင်းကြောင့်

 ရွှေဝါရောင်တော် လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည့် ဆရာတော်
 ဦးကောဝိဒ၏ အရှေ့ဒဂုံမြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျ သိဒ္ဓီတက္ကသီလာမဟာသတိပဌာန်ကျောင်းတိုက်၌်ပြုလုပ်မည်
 ဖြစ်ကြောင်းသတင်းရရှိသည်။

ဆရာတော်ဦးကောဝိဒမှာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ခြင်းကြောင့်
 ထောင်ဒဏ် ၁၁ နှစ် အကျဉ်းကျခံခဲ့ရပြီး ၃ နှစ်ခန့်အကြာ ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

“၈ လေးလုံးနှစ်ပတ်လည်တုန်းက လည်း အစိုးရအဖွဲ့တွေကို ပွဲလုပ်ခွင့်မတောင်းခဲ့ဘဲ
တစ်ပြည် လုံးလုပ်ခဲ့ကြတာဆိုတော့ အခုဒီပွဲကိုလည်း ဘယ်ကိုမှ တင်ပြထား
တာတော့မရှိပါဘူး။

 ရိုးရိုးဆွမ်းကပ်၊ ဆုတောင်းမေတ္တာ ပို့ရုံပါပဲ” ဟုအခမ်းအနားဖြစ်မြောက်ရေးမှ
 နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

7 Day News
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger