အသက်၁၆နှစ်အရွယ်အမျိုးသမီး တစ်ဦး အဆိပ်သောက်သေဆုံး

Thursday, July 12, 20120 မှတ်ချက်များ



ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ဘုရားကုန်းကျေးရွာ အုပ်စု ကွမ်းခြံကုန်း ကျေးရွာတွင် အသက်၁၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပိုးသတ်ဆေး သောက်ကာ သေဆုံးသွားကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

အဆိုပါ သေဆုံးသူ၏ အမည်မှာ မအိသဉ္ဇာဖြိုးဖြစ်ပြီး ၄င်းကို ရည်းစားထား၍ မိခင်က ဆူသည့်အတွက် စိတ်ညစ်ကာပိုလိုပိုးသတ်ဆေးကို သောက်ရာရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကောင်မလေးကလက်ဖက်စားပြီး အောင့်တယ် အောင့်တယ်ဆိုပြီး ဆေးရုံသွားတာ။ ဆေးရုံကတော့ အဆိပ်သင့် လက္ခဏာလို့ ကြားတာပဲ" ဟု ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းသေဆုံးသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံးကြီးက ပီအာရ်၁၄၂ ဖြင့် လက်ခံထားပြီး၊ သန်လျင်မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၃၆/၁၂ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

The Voice Weekly

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger