ရခိုင့်အရေးတွင် နံရံကိုလုံအောင်ကာကွယ်သင့်ဟု မင်းကိုနိုင်အကြံပြု

Thursday, July 12, 20120 မှတ်ချက်များ


ပြီးခဲ့သည့် လအတွင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးအဓိကရုဏ်းများကြောင်း နှစ်ဘက် ဒုက္ခရောက်ခဲ့ သဖြင့်ပြဿနာများထပ်မံမဖြစ်ပွားစေရန် မိမိတို့ပိုင်နက်အား ကာကွယ်သင့်ကြောင်း(၈၈)မျိုး ဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်ကိုမင်းကိုနိုင်က ပြောကြားသည်။

ဇူလိုင်လ(၁၁)ရက်နေ့က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ဝံလက်ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ခဲ့သည့် (၈၈)မျိုးဆက်ကျောင်း သား အဖွဲ့နှင့် ရခိုင်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် အခုတစ်ထိုင်တည်းနဲလည်း မရပါဘူး ၊အများစုကနေပြီးတော့ သမိုင်းကြောင်း အမှန်နဲ့အထောက်အထားခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ရမယ်။ လတ်တလော ဖြေရှင်းရမှာတွေကကျွန်တော်တို့ပြည်ထောင်စုရဲ့ အစိတ်အပိုင်းကို ကာကွယ်ရမယ့်ဟာကိုကျွန်တော်တို့ အားလုံး သဘောတူ ရပါမယ်။ ကျွန်တော်တို့ရဲ့ ပိုင်နက်ကို ကျွန်တော်တို့ကာကွယ်ရမယ်”ဟု (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် ယမန်နေ့က စစ်တွေမြို့ဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့ပြီး စစ်တွေမှ ရဟန်းသံဃာတော်များ၊နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့အပြင်ရခိုင်တွင်ဖြစ်ပွားခဲ့သော အဓိရုဏ်းပြဿနာများကို ရခိုင်တိုင်းရင်းသားများ ကိုယ်တိုင်လည်း ဖြေရှင်း သင့်ကြောင်းကိုလည်း  ပြောကြားခဲ့သေးသည်။

“အဲဒီပြဿနာကို ရခိုင်သားတွေကိုယ်တိုင်ရခိုင်ပြည်နယ်အစိုးရနဲ့သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနဲ့သော်လည်းကောင်း ကိုယ်တိုင်ပြောပါ၊ တဖက်ကလည်းကျွန်တော်တို့ကြိုးစားပြောပ့ါမယ်။ နံပါတ်တစ် နံရံကို လုံအောင်ကာမယ်ဆိုရင် ကျန်တဲ့ပြဿနာကို ကျွန်တော်တို့ရှင်းရမယ်။ သမိုင်းနဲ့ရှင်းရှင်းတကယ့်သမိုင်း ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုး သမိုင်းခိုင်မာတဲ့လူမျိုး ဘာမှမရှင်းရဲစရာမရှိပါဘူး”ဟု ကိုမင်းကိုနိုင်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်ကရခိုင်လိုပြောကြားခဲ့ခြင်းကိုလည်း ထူးခြားမှုအနေဖြင့် တွေ့ရှိရသည်။ဆက်လက်၍  ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းဒေသတစ်ဝန်းအကြမ်းဖက်မှု ပြဿနာ များအား   ဒေသခံများက   ဆွေးနွေးခဲ့ကြသည်။

“၈၈ မျိုးဆက် အဖွဲ့လာတာ အရမ်းဝမ်းသာပါတယ်။အားလဲကိုးပါတယ်။အခုဖြစ်နေတဲ့ကိစ္စမှာ ပြောချင်တာကအမျိုးသားရေးကိစ္စပါ။ ဒီအမျိုးသားရေးမှာကျွန်တော်တို့ပြည်မက လူတွေ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ ၊ဒီမိုကရေစီလူ့အခွင့်အရေးရတာတော့ ဟုတ်ပါတယ် ၊အမျိုးသားရေးမရှိဘဲနဲ့ဒီမိုကရေစီသွားမယ်ဆိုရင် ကျွန်တော် တို့ကမ္ဘာ့နိုင်ငံတွေမှာကြုံခဲ့တဲ့အတိုင်း အမျိုးပျောက် တာတွေ အမျိုးပျောက်တဲ့ဒီမိုကရေစီနိုင်ငံတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ပြည်မက လူတွေအမျိုးသားရေး စိတ်ဓာတ် ရှိအောင် ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုလဲအရမ်းအားကိုးပါတယ်။ကျွန်တော်တို့ကိုအဲဒီအချက်လေး တစ်ချက် ကူညီပေးပါလိုပြောချင်ပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက(၈၈)မျိုးဆက်ကျောင်းသားများထံတွင် အကူအညီတောင်းခံခဲ့သည်။

စစ်တွေမြို့ခံများအနေဖြင့် ဘင်္ဂလီများနှင့်ရခိုင်တိုင်းရင်းသားများကြားရန်တိုက်ပေးမှုကိုလည်း မလိုလား ကြောင်း  ဒေသခံ များ၏ပြောဆိုမှုအရ သိရှိရသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger