မောင်တောအရေးနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

Saturday, June 9, 20120 မှတ်ချက်များ





























နေ့လည် ၂ နာရီ ၂၂ မိနစ်၊

ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI)

မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျင်းပကာ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အိုးအိမ်ပစည်းများ ဖျက်ဆီးခံရခြင်း၊ အသက်ပေါင်းများ စွာ သေကြေပျက်စီးခြင်း၊ ဒဏ်ရာရရှိခြင်းတို့အတွက် ၄င်းတို့အနေနှင့် ထပ်တူထပ်မျှ ခံစားရပါကြောင်း NLD နှင့် မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

သက်ဆိုင်ရာအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့် ထိရောက်လျင်မြန်သည့် အရေးယူမှုများ ပြုလုပ်ပေးရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များကို တရားဥပဒေနှင့် အညီ ကာကွယ်ပေးရန်ကိုလည်း တိုက်တွန်းထားသည်။

အကြမ်းဖက်မှုများကို လှုံ့ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေ သူများကိုလည်း ချက်ချင်းရပ်ပေးပါရန် မေတ္တာရပ်ခံထားသည်ကိုလည်း အဆိုပါကြေညာချက်တွင် တွေ့ရသည်။

သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရှေ့ဆောင်ရှေ့ရွက်ပြုနေသူများအနေဖြင့်လည်း တည်ငြိမ်ရေးအတွက်အတွက် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။ ။









Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger