ဇွန်လ ၁၅ ရက်နေ့တွင် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ် စတင် ထုတ်ဝေမည်

Saturday, June 9, 20120 မှတ်ချက်များ

နေပြည်တော် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်း ကြေညာချက် အရ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ် ကို၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ စတင် ထုတ်ဝေမှာ ဖြစ်ပါတယ် ။ အဆိုပါ ငွေစက္ကူကို စတင် ထုတ်ဝေတဲ့ နေ့မှာ ဘဏ်ဖွင့်ချိန် အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေး ဌာန၊ ဘဏ်များ နဲ့ အစိုးရ ငွေတိုက်များမှာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ တစ်သောင်း ကျပ်တန် ငွေစက္ကူ အရွယ်အစား မှာ အလျား ၁၅ စင်တီမီတာ အနံ ၇ စင်တီမီတာ ရှိပြီး ပေါ်လွင်တဲ့ အရောင် မှာ အပြာရောင် ဖြစ်ပါတယ်။

ငွေစက္ကူရဲ့ မျက်နှာစာ ဘက်ထိပ်ပိုင်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတမ်း ရိုက်နှိပ် ထားပါတယ်။ အလယ်ပိုင်းမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားတဲ့ သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ မြန်မာ့ အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနဲ့ ထိပ်မှာ ကြာဖြူ တစ်ပွင့်ရိုက် နှိပ်ထားပါတယ်။ ဒါ့အပြင်ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားတဲ့ မြန်မာစာတမ်း တစ်သောင်း ကျပ်ကိုလည်း ရိုက်နှိပ် ထားပါတယ်။ လက်ယာ ဘက်ပိုင်း မှာတော့မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပြီး ထောင့်သုံးထောင့်မှာ ငွေစက္ကူ တန်ဖိုးကို ဂဏန်းများနဲ့ရိုက်နှိပ်ထား ပါတယ်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရိုက်နှိပ် ထားပြီး လက်ဝဲ ဘက်ပိုင်းမှာ ကြာဖြူပွင့်ပုံရေစာပါ ရှိပါတယ်။

ဒါ့အပြင် ငွေစက္ကူ လုံခြုံရေး ကြိုးတစ်ချောင်း ကိုလည်း ဒေါင်လိုက် ထည့်သွင်း ထားပါတယ်။ ငွေစက္ကူရဲ့ကျောဘက် ထိပ်ပိုင်း မှာတော့ CENTRAL BANK OF MYANMAR စာတန်းကို ရိုက်နှိပ် ထားပြီး အဲ့ဒီ စာတန်းရဲ့ အောက်မှာ TEN THOUSAND KYATS ဟူသော စာတမ်း ပါရှိပါတယ်။ အလယ်ပိုင်း မှာတော့ ရတနာပုံ မန္တလေး နန်းတော်ရဲ့ မြို့ရိုးနဲ့ ကျူံးပုံကိုရိုက်နှိပ် ထားပါတယ်။ ဘေးဘောင်တွေ မှာတော့ မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပြီးထောင့်သုံးထောင့်မှာ ငွေစက္ကူရဲ့ တန်ဖိုးကို ဂဏန်းတွေနဲ့ ရိုက်နှိပ် ထားတယ်လို့ သတင်း ရရှိပါတယ်။ အဆိုပါ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ် ထုတ်ဝေမှာ ဖြစ်ပေမယ့်လည်း လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက်ရှိတဲ့ ငွေစက္ကူ များနဲ့ငွေအကြွေများ မှာလည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger