Monday, 11 June 2012 13:09 |
“Terrorist is terrorist,” wrote one reader who signed in as Maungpho. “Just kill them.” ဟု ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါရေးသားချက်သည် အများပြည်သူများအား ရခိုင်ပြည်နယ် အခြေအနေမှန်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ ရေးသားဖော်ပြ အသိပေးနေသည့် Eleven Media Group အား နိုင်ငံတကာ စာဖတ်ပရိသတ်နှင့် အများပြည်သူက အထင်အမြင် လွဲမှားစေနိုင်သောကြောင့် ယင်းရေးသားချက်ကို ရေးသားခဲ့သူ သည်နယူးယောက်တိုင်း(မ်)စ် သတင်းထောက် သောမတ်စ်ဖူလာအား Eleven Media Group မှ ပြင်းထန်စွာ ကန့်ကွက် လိုက်ပါသည်။ “သောမတ်စ်ဖူလာရဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအပေါ် ရေးသားချက်တွေမှာ negative တွေ များနေတယ်။ သည်နယူးယောက် တိုင်း(မ်)စ် သတင်းစာအနေနဲ့ သူ့ရဲ့ ရေးသားမှုတွေကို သေသေချာချာ စိစစ်ဖော်ပြသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူမျိုးရေး၊ ဘာသာရေးတွေကို ဦးတည်ထားတာ မရှိပါဘူး။ ရိုဟင်ဂျာကိစ္စမှာ ပြည်ပမီဒီယာတချို့ရဲ့ လွဲမှားတဲ့ ဖော်ပြချက်တွေကြောင့် မလိုလားအပ်တာတွေ မဖြစ်အောင် အချိန်နဲ့အမျှ သတင်းမှန်တွေကို အခင်းဖြစ်ပွားရာဒေသတွေမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ သတင်းထောက် တွေနဲ့ ချိတ်ဆက်ဖော်ပြနေပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ Eleven Media Group ကို ဝေဖန်ရေးသားတာက လက်ခံနိုင်စရာမရှိဘူး။ နိုင်ငံတကာ စာဖတ်ပရိသတ်တွေက အထင်အမြင် လွဲနိုင်ပါတယ်။ ဒီကိစ္စအ တွက် သောမတ်စ်ဖူလာနဲ့ သည်နယူးယောက်တိုင်း(မ်)စ် သတင်းစာအယ်ဒီတာအဖွဲ့ကို ကန့်ကွက်ပါတယ်”ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။ Eleven Media Group အနေဖြင့် ရခိုင်ပြည်နယ် အခြေအနေများ နှင့် စပ်လျဉ်း၍ အများပြည်သူ၏ ထင်မြင်ယူဆချက်ကို သိရှိနိုင်ရန်အတွက် မိမိတို့၏၀က်ဘ်ဆိုက်တွင် သတင်းများနှင့် စပ်လျဉ်း၍ comments များကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပါသည်။ ထို့ပြင်Eleven Media Group သည် ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင် ပြည်နယ်အတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီရိုဟင်ဂျာများကြား ဖြစ်ပွားနေသည့် ဖြစ်ရပ်များကို ရေးသားဖော်ပြနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း နေထိုင်သည့် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် ဒေသခံ ရခိုင်လူမျိုးများကြား ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ရေးသားဖော်ပြနေခြင်း မဟုတ်ပါ။ သို့ရာတွင် ပြည်ပသတင်း မီဒီယာအချို့က ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လွဲမှားစွာ ရေးသားဖော်ပြနေသည်ကို တွေ့ရှိနေရပြီး Eleven Media Group အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ် များအပေါ် သဘောထားကြေညာချက်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။ အဆိုပါ သဘောထားကြေညာချက်တွင် “Eleven Media Group သည် နိုင်ငံနှင့်လူမျိုး၊ ပြည်သူများ အတွက် သတင်းအမှန်များကို နိုင်ငံ့ အကျိုးစီးပွား၊ လူထုအကျိုးစီးပွား အတွက် ရှေ့ရှု၍ ဆက်လက်ဖော်ပြ သွားပါမည်။ BBC, AFP အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာများ အနေဖြင့်လည်း ဘင်္ဂါလီရိုဟင်ဂျာ များသည် မြန်မာတိုင်းရင်းသားများတွင် ပါဝင်ခြင်းမရှိသည်ကို တိကျစွာ ဖော်ပြရန်လိုမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသားအရေးကိစ္စများကို ဖော်ပြရာတွင် မလိုလားအပ်သော လူမျိုးရေး အဓိကရုဏ်းများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန်များကို တိတိကျကျဖော်ပြရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်”ဆိုသည့် အချက်လည်း ပါဝင်ပါသည်။ သောမတ်စ် ဖူလာသည် ''Myanmar Leader May Be at Odds With Aung San Suu Kyi'', ''Hints of a Rift Between Myan- mar’s Political Reformers'' စသည့် ဆောင်းပါးများကိုလည်း ရေးသားခဲ့ပြီး အဆိုပါဆောင်းပါးများတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးလမ်းစဉ်တွင် အဓိကခေါင်းဆောင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့အကြား ယုံကြည်မှု၊ ဆက်ဆံရေးများ ပျက်ပြားတင်းမာလာခဲ့ပြီ ဆိုသည့် ရေးသားချက်များကြောင့် ထိုင်းအစိုးရနှင့်မြန်မာအစိုးရ တို့မှ ဖြေရှင်းချက်များ ထုတ်ပြန် ပြောကြားခဲ့ရသည်။ သူသည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ရေးသားသော ဆောင်းပါးများတွင် အနုတ်လက္ခဏာဆောင်သော သဘောထားအမြင်များကို ရေးသားလေ့ရှိသည်ကို သူ၏ဆောင်းပါးများ အရ သိရသည်။ http://www.weeklyeleven.com/ |
သည်နယူးယောက်တိုင်း(မ်)စ် သတင်းထောက် သောမတ်စ်ဖူလာ ၏ ရေးသားချက်များနှင့် စပ်လျဉ်း၍ Eleven Media Group ကန့်ကွက်
Monday, June 11, 20120 မှတ်ချက်များ
Labels:
ပြည်တွင်းသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။