ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Monday, June 11, 20120 မှတ်ချက်များ




Monday, 11 June 2012 19:25

w736-rk
w736-rk1
ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ ညနေ ၄နာရီတွင် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများမှ သတင်းထောက်များ၊ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူ အများအပြား တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ SNLD အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ရခိုင်သားကြီးစာပေမှ ဦးလှမြင့်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျော်မြင့် အစရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၄င်းတို့ သဘောထားများကို ပြောကြားခဲ့ကြသည်။

''လူတော်တော်များများက Globalization ခေတ်လို့ ပြောတဲ့အခါမှာ နယ်နိမိတ်တွေပဲ မရှိတော့သလိုလို လူသားဝါဒဆိုတာကိုပဲ အခြေပြုရ မလိုလို အစရှိသဖြင့် သဘောထား အယူအဆတွေ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ နောက်ပိုင်း လူငယ်တွေထဲမှာ လူသားဝါဒဆိုတာကို အတော်လေး ဦးစားပေးပြီး တွင်တွင်ကျယ်ကျယ် ပြောလာကြပါတယ်။ ကျွန်တော်လည်း ကြိုက်ပါတယ်။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးကို ကျွန်တော်တို့ သတိထား ကြည့်ရင်တော့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ ကိုယ်၌က နိုင်ငံသားဖြစ်မှု ဥပဒေ၊ မဲပေးခွင့် ဥပဒေ၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ဥပဒေ ဆိုတာတွေကို တိတိကျကျ ပြဌာန်းထားတာကို အခိုင်အမာတွေ့ရမှာပါ။ လူသားတစ်ဦးချင်း အနေနဲ့ စာနာမှု ထောက်ထားမှုက အင်မတန် အရေးကြီးပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသားရေးဝါဒနဲ့ အမျိုးသားရေး နယ်နိမိတ်တွေဟာ ကမ္ဘာမှာ လက်တွေ့နိုင်ငံရေး အဖြစ်နဲ့ ဆက်ရှိနေဆဲပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ နိုင်ငံနယ်နိမိတ်နဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမှာကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်ပဲ ဖြစ်ပါတယ်'' ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ပြောပြခဲ့သည်။

''  အခုလက်ရှိမှာ ဒေသခံတွေဟာ ကြောက်ရွံ့မှု၊ မလုံခြုံစိတ်ကြောင့် ဒီဒေသမှာ နေချင်စိတ် မရှိတော့ပါဘူး။ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဒီဒေသတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုဖြစ်တာမှာ နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အမျိုးသားရေး၊ ပြည်ထောင်စုအရေး ဖြစ်တာကြောင့် အစိုးရမှာ တာဝန်ရှိသလို နိုင်ငံရေး ပါတီတွေမှာလည်း တာဝန်ရှိသင့်သလောက် ရှိပါတယ်။ အဖွဲ့အစည်းတွေမှာလဲ ရှိသင့်သလောက် ရှိပါတယ်။ ပြည်ထောင်စု နယ်မြေတစ်ခု ပဲ့ထွက်သွားမယ့် အရေးကိစ္စကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်''ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပြခဲ့သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger