မောင်တော အဓိကရုဏ်းအပေါ် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ ကန့်ကွက်ချက်

Monday, June 11, 20120 မှတ်ချက်များ


ဇွန်လ ၈ ရက်နေ့  ညနေ ၇ နာရီခွဲ အချိန်အထိ ရရှိသည့် သတင်းများအပေါ်မူတည်ပြီး မြန်မာ မွတ်စလင်မ်ကျောင်း သားလူငယ်များက အောက်ပါကန့် ကွက်ချက်ကို ထုတ်ပြန် သည်။


(၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့ ရိုဟင်ဂျာများက ဒေသခံများ၏ အိမ်များနှင့် တည်း ခိုခန်းကို မီးရှို့ ဖျက်ဆီးကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူ နေအိမ်များကို ခဲများဖြင့် ထုပေါက်တိုက်ခိုက်ခဲ့ကြောင်းကြားသိရသည်။

(၂) ဤလုပ်ရပ်သည် တရားဥပဒေကင်းမဲ့သည့်လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူနေထိုင်နေရေးကို အဟန့် အ တားဖြစ်စေသည့်လုပ်ရပ်ဖြစ် သည်။


(၃) ဤဖြစ်စဉ်တွင် မြန်မာပြည် နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော မိမိတို့  မြန်မာမွတ် စလင်မ်များမပါဝင် သ ကဲ့သို့  သဘောတူ ထောက်ခံခြင်းလည်းမရှိ ပါ။

(၄)
မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအနေနှင့်သော်လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ်အဖွဲ့အစည်းကြီးများမှသော် လည်း ကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများမလုပ်ရန် အတိအလျဉ်း တားဆီးထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန် မာပြည် နှင့် ကမ္ဘာအ ဝှမ်းတွင်ရောက်ရှိသော အများစု မြန်မာမွတ်စလင်မ်များ၏ ဆန္ဒနှင့် ဖီဆန်လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့  အစည်းကြီးများ၏ တ ရားဥပဒေစိုး မိုးရေးမူအတိုင်း ကြိုးပမ်းချက်ကို သွေဖယ်ရာရောက်သည်။


(၅) သို့ ရှိရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတောအကြမ်းဖက်မှုကိုဆန့် ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင် များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အမြန်ဆုံး အရှိန်အဟုန်မြင့်အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆို သည်။

(၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များလက်မခံနိုင်သည့်အတွက် မိမိတို့ မြန်မာ မွတ်စလင်မ်များအနေဖြင့် ထိုအကြမ်းဖက်မှုအပါအ၀င် လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်မှုမှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်းတောနှင့် ဥပဒေမဲ့ အုပ်စုဖွဲ့  အကြမ်းဖက်မှုမှန်သမျှကို တရားဥပဒေအရ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် အာဏာပိုင်များသို့ တောင်း ဆိုသည်။

http://news.mmsy.info/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger